နောက်ဆုံး ကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၅)ပွဲမှာ (၄)ပွဲအထိကိုတောင် ရှုံးနိမ့်ထားခဲ့ရတဲ့ စပါးအသင်းရဲ့ လက်ရှိအခြေအနေတွေက တကယ့်ကို အဆိုးရွှားဆုံး အနေအထားကို ရောက်ရှိနေခဲ့ရပါတယ်။ မန်စီးတီးလို ဇယားထိပ်ဆုံးက အသင်းမျိုးကို အဝေးကွင်းမှာ အနိုင်ယူပြခဲ့လို့ အရှေ့က ရှုံးပွဲတွေကို မေ့ထားပေးလို့ ရနိုင်ပေမယ့်လည်း အဲ့ဒီပွဲအပြီး ဇယားအောက်နားက ဘန်လေနဲ့ ဆက်လက်ရင်ဆိုင်ရမှာ သွင်းဂိုးတောင် မသွင်းယူနိုင်ပဲ ရှုံးနိမ့်သွားခဲ့ရပါတယ်။

Antonio Conte was left devastated by Tottenham's latest defeat

Photo Credit : The Sun

ကလပ်အသင်း တစ်သင်းရဲ့ လတ်တလော ရလဒ်တွေ တိမ်းစောင်းနေမှုက အသင်းတစ်သင်းလုံးမှာ တာဝန်ရှိတယ် ဆိုပေမယ့်လည်း တကယ့်တကယ် တာဝန်အပြည့်ယူရတတ်တာ အသင်းနည်းပြတွေပဲ ဖြစ်ပါတယ်။ အသင်းရလဒ်တွေ မမှန်နေတော့ဘူးဆိုရင် အသင်းအများစုက သူတို့အသင်းရဲ့ နည်းပြတွေကိုသာ အပြောင်းအလဲ လုပ်ဆောင်လိုက်တာမျိုးသာ ရှိတတ်တာဖြစ်လို့ အခု စပါးအသင်း ရလဒ်တွေ ဆက်တိုက်ကြီး ဆိုးရွှားနေချိန်မှာလည်း စပါးနည်းပြ ကွန်တီရဲ့ အနာဂတ်ကပါ လှုပ်ခတ်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် စပါးအသင်းဘက်ကနေ ကွန်တီကို ထုတ်ပယ်ချင်နေတာမျိုး မဟုတ်ပဲ နည်းပြကွန်တီကိုယ်တိုင်က စပါးအသင်းကို စွန့်ခွာသွားချင်နေတာပဲ ဖြစ်ပါတယ်။

Conte, 52, has suggested he could walk out on Spurs

Photo Credit : The Sun

လက်ရှိအချိန်မှာ ကွန်တီက သူရဲ့စပါးအသင်း ရလဒ်တွေ မထင်မှတ်ပဲလောက်အောင် ဆိုးရွှားနေခြင်းအပေါ် အတော်လေး စိတ်ပျက်လို့နေပြီး သူရဲ့စပါးနည်းပြဘဝ အနာဂတ် အခြေအနေတောင် အာမခံချက် နည်းပါးလာခဲ့ပြီလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ကွန်တီက ရည်မှန်းချက် အရမ်းကြီးမားတဲ့ နည်းပြတစ်ဦးဖြစ်ပြီး သူကိုင်တွယ်တဲ့ အသင်းမှာ အသင်းသားတွေ အပါအဝင် အသင်းတာဝန်ရှိသူတွေ အသင်းဥက္ကဌတွေပါ အားလုံးအတူတကွ ပါဝင်ပူးပေါင်းဆောင်ရွှက်တာမျိုးကို အလိုရှိသူလည်း ဖြစ်ပါတယ်။ သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာ ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ ကွန်တီဟာ စပါးကို ကိုင်တွယ်စဉ် ပရီးမီးယားလိဂ် (၉)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာသာ ရလဒ်တွေ ဆက်တိုက်ဆိုးရွှားလာခဲ့ရပြီး အသင်းရဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက်ကိုပါ ထိခိုက်လာခဲ့ရပါတယ်။ အဲ့ဒီလို အနေအထားတွေကြောင့် ကွန်တီက စပါးအသင်းမှာ မပျော်ရွှင်တော့ပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ စဉ်းစားလာခဲ့သလို ကစားသမားဘဝအတွင်း ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခြင်း မရှိသေးတဲ့ တိုက်စစ်မှူး ဟာရီကိန်းကလည်း ကွန်တီနဲ့အတူ စပါးအသင်းကို ကျောခိုင်းသွားဖွယ် ရှိလာနိုင်ပါတယ်။