MySport Myanmar

ဘရန့်ဖို့ဒ်နဲ့ စာချုပ်ကုန်တော့မယ့် အဲရစ်ဆင်ကို ခေါ်ဖို့ ကြိုးစားနေတဲ့ စပါးနဲ့ လက်စတာ

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း နှစ်သင်း ဖြစ်တဲ့ စပါးနဲ့ လက်စတာတို့ဟာ နှလုံးအမောဖောက်မှု ဖြစ်ပွားခဲ့ပြီးနောက် နှလုံးခုန်နှုန်း ထိန်းညှိစက် တပ်ဆင်ထားရပေမယ့် ဘရန့်ဖို့ဒ်နဲ့အတူ ထိပ်တန်း ခြေစွမ်းကောင်း တရပ်ကို ပြသထားနိုင်တဲ့ ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၀နှစ် အရွယ် ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘရန့်ဖို့ဒ်ထံ ကာလတို စာချုပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘရန့်ဖို့ဒ်နဲ့အတူ ထိပ်တန်း ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်နေပါတယ်။

Photo Credit: Standard

အဲရစ်ဆင်က ယခုနှစ် ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ်အတွက် ၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ကာ သူ ပါဝင် ကစားပေးနိုင်တဲ့ ပွဲစဉ်တွေမှာ ဘရန့်ဖို့ဒ်က သိသိသာသာကို ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အဲရစ်ဆင်ရဲ့ အသင်းဟောင်း စပါးနဲ့ လက်စတာ စီးတီးတို့က အဲရစ်ဆင်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘရန့်ဖို့ဒ်ကလည်း အဲရစ်ဆင်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ စာချုပ်သစ် ကမ်းလှမ်းထားပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးနဲ့ လက်စတာ စီးတီးတို့ရဲ့ တာဝန်ရှိသူတွေက အဲရစ်ဆင်ကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေကြပြီး အဲရစ်ဆင်ကလည်း သူ့ရဲ့ အနာဂတ် အတွက် စတင် စဉ်းစားနေကြောင်း သိရပါတယ်။

Exit mobile version