MySport Myanmar

သူတို့ကို ဒုက္ခပေးခဲ့တဲ့ မစ်ဒယ်ဘရော့ကြယ်ပွင့် ဂျုံးစ်ကို စိတ်ဝင်စားနေတဲ့ စပါး

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးဟာ ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဥ္စမအဆင့် ပွဲစဉ်မှာ သူတို့အသင်းကို ဒုက္ခပေးနိုင်ခဲ့တဲ့ မစ်ဒယ်ဘရော့ ညာနောက်ခံလူ ဂျုံးစ်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့နဲ့ စပါးတို့ဟာ အက်ဖ်အေဖလား ပဥ္စမအဆင့် ပွဲစဉ်အဖြစ် မစ်ဒယ်ဘရော့ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ မစ်ဒယ်ဘရော့က ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါပွဲစဉ်မှာ မစ်ဒယ်ဘရော့ရဲ့ ညာနောက်ခံလူ ဂျုံးစ်ဟာ စပါးရဲ့ ဘယ်တောင်ပံ တိုက်စစ်ကို အကောင်းဆုံး ပုံစံတရပ်နဲ့ ကာကွယ် တားဆီးနိုင်ခဲ့သလို သူ့ရဲ့ တိုက်စစ်လိုက်ပါမှုကလည်း အတော်လေးကို ကောင်းမွန်တာကြောင့် ညာနောက်ခံလူ နေရာမှာ အားနည်းချက်တွေ ရှိနေတဲ့ စပါးက ဂျုံးစ်ကို ခေါ်ယူဖို့ မျက်စိကျလာတာလည်း ဖြစ်ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ညာနောက်ခံလူ ဂျုံးစ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ မစ်ဒယ်ဘရော့နဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး မစ်ဒယ်ဘရော့ အတွက် ပြိုင်ပွဲစုံမှာ ၃၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Metro

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကလည်း ဂျုံးစ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး စပါးကတော့ ဂျုံးစ်ကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ဖို့ စတင် ကြိုးပမ်းနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနက ဆိုပါတယ်။

Exit mobile version