ဒီနေ့က ဇန်နဝါရီလ ၂၉ရက်နေ့ကို ရောက်ရှိနေပြီဖြစ်လို့ ဆောင်းရာသီ ဘောလုံးသမားစျေးကွက် ဇာတ်သိမ်းခန်းရောက်ဖို့ကကလည်း ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ ဒီအချိန်မှာ အသင်းအတွက် အလိုရှိနေမယ့် နေရာတွေအတွက်ကို နိုင်သလောက်အင်အားဖြည့်တင်းထားသင့်ပေမယ့်လည်း စပါးအသင်းကတော့ ဒဏ်ရာရရှိနေတဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဟာရီကိန်းနေရာကို အစားထိုးဖို့အတွက် အသုံးစရိတ်လုံလောက်မှုမရှိတော့တာကြောင့် အငှားခေါ်ယူမှုတစ်ခုခုကိုသာ လုပ်ဆောင်ရဖွယ် ရှိလို့နေပါတယ်။
Photo Credit : Getty Images
ကနဦးပိုင်းမှာတော့ အေစီမီလန်တိုက်စစ်ကစားသမား ပီယွန်တက်ခ် မိုနာကိုမှာ အငှားနဲ့သွားကစားနေတဲ့ လက်စတာတိုက်စစ်ကစားသမား ဆလမန်နီ ရီးရဲလ်ဆိုစီဒက် တိုက်စစ်ကစားသမား ဝီလီယံဟိုဆေးနဲ့ ပီအက်စ်ဂျီအသင်းရဲဲ့ ဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီတို့ကို အသီးသီးပစ်မှတ်ထားခဲ့ပေမယ့်လည်း တစ်ယောက်မှကို ခေါ်ယူနိုင်ခြင်းမရှိတဲ့အပြင် လိုဆယ်ဆိုကို အပြီးသတ်ခေါ်ယူခဲ့ပြီး PSV အသင်းက နယ်သာလန်လူငယ်ကစားသမားလေး ဘာ့ဂ်ဝင့်ချ်ကိုလည်း အဲရစ်ဆင်နေရာ အစားထိုးဖို့အတွက် ခေါ်ယူတော့မှာဖြစ်တာကြောင့် စပါးအသင်းမှာ တိုက်စစ်ကို အားဖြည့်ဖို့ ဘက်ဂျက်က ပေါင်၁၀သန်းဝန်းကျင်လေးသာ ကျန်ရစ်နေခဲ့ရပါတယ်။
Photo Credit : Getty Images
ဒီပမာဏနဲ့ကတော့ စပါးအသင်းဘက်ကနေ အလိုရှိနေတဲ့ တိုက်စစ်ကစားသမားတွေကို ခေါ်ယူနိုင်မှာမဟုတ်တာကြောင့် စပါးအနေနဲဲ့ အငှားနဲ့ခေါ်လို့ရနိုင်မယ့် တိုက်စစ်မှူးတစ်ယောက်ယောက် စျေးကွက်မှာ ရှာဖွေသင့်ပြီး မဟုတ်ရင်တော့ လက်ကျန်ရာသီကို အားပျော့နေမယ့် တိုက်စစ်ပိုင်းနဲ့သာ ဆက်လက်ဖြတ်သန်းရနိုင်ပါတယ်။ အခု အသင်းကို ရောက်လာတော့မယ့် ဘာ့ဂ်ဝင့်ချ်က အထောင်တိုက်စစ်မှူးမဟုတ်ပဲ ဆွန်ဟောင်မင် အဲရစ်ဆင်တို့လို ကစားတတ်သူသာဖြစ်တာကြောင့် စပါးအတွက် တိုက်စစ်မှူးတစ်ယောက်လောက်ကို ခေါ်ယူဖို့ကလည်း မဖြစ်မနေကို လိုအပ်လို့နေပါတယ်။ စပါးအသင်း အခုဆောင်းရာသီစျေးကွက်မှာ ဘင်ဖီကာအသင်းရဲ့ ကွင်းလယ်လူ ဂတ်စ်ဆန်ဖာနန်ဒက်ဇ်ကို ခေါ်ယူထားခဲ့ပြီး ဘက်တစ်ကနေ အငှားနဲ့ခေါ်ယူထားတဲဲ့ လိုဆယ်လိုကိုလည်း အပြီးသတ်ခေါ်ယူနိုင်ခဲ့သလို ဘာ့ဂ်ဝင့်ချ်ရဲ့ အပြောင်းအရွှေ့ကလည်း ရက်ပိုင်းအတွင်းမှာပဲ ပြီးစီးနိုင်ဖွယ် ရှိနေပါတယ်။
(Zawgyi)
ဟာရီကိန်းနေရာကို အစားထိုးသွားဖို့အတွက် အခက်အခဲဖြစ်လို့နေတဲ့ စပါးအသင်း
ကနဦးပိုင်းမှာတော့ အေစီမီလန်တိုက်စစ်ကစားသမား ပီယွန်တက်ခ် မိုနာကိုမှာ အငှားနဲ့သွားကစားနေတဲ့ လက်စတာတိုက်စစ်ကစားသမား ဆလမန်နီ ရီးရဲလ်ဆိုစီဒက် တိုက်စစ်ကစားသမား ဝီလီယံဟိုဆေးနဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီတို့ကို အသီးသီးပစ်မှတ်ထားခဲ့ပေမယ့်လည်း တစ်ယောက်မှကို ခေါ်ယူနိုင်ခြင်းမရှိတဲ့အပြင် လိုဆယ်ဆိုကို အပြီးသတ်ခေါ်ယူခဲ့ပြီး PSV အသင်းက နယ်သာလန်လူငယ်ကစားသမားလေး ဘာ့ဂ်ဝင့်ခ်ျကိုလည်း အဲရစ်ဆင်နေရာ အစားထိုးဖို့အတွက် ခေါ်ယူတော့မှာဖြစ်တာကြောင့် စပါးအသင်းမှာ တိုက်စစ်ကို အားဖြည့်ဖို့ ဘက်ဂျက်က ပေါင်၁၀သန်းဝန်းကျင်လေးသာ ကျန်ရစ်နေခဲ့ရပါတယ်။
ဒီပမာဏနဲ့ကတော့ စပါးအသင်းဘက်ကနေ အလိုရှိနေတဲ့ တိုက်စစ်ကစားသမားတွေကို ခေါ်ယူနိုင်မှာမဟုတ်တာကြောင့် စပါးအနေနဲ့ အငှားနဲ့ခေါ်လို့ရနိုင်မယ့် တိုက်စစ်မှူးတစ်ယောက်ယောက် ဈေးကွက်မှာ ရှာဖွေသင့်ပြီး မဟုတ်ရင်တော့ လက်ကျန်ရာသီကို အားပျော့နေမယ့် တိုက်စစ်ပိုင်းနဲ့သာ ဆက်လက်ဖြတ်သန်းရနိုင်ပါတယ်။ အခု အသင်းကို ရောက်လာတော့မယ့် ဘာ့ဂ်ဝင့်ခ်ျက အထောင်တိုက်စစ်မှူးမဟုတ်ပဲ ဆွန်ဟောင်မင် အဲရစ်ဆင်တို့လို ကစားတတ်သူသာဖြစ်တာကြောင့် စပါးအတွက် တိုက်စစ်မှူးတစ်ယောက်လောက်ကို ခေါ်ယူဖို့ကလည်း မဖြစ်မနေကို လိုအပ်လို့နေပါတယ်။ စပါးအသင်း အခုဆောင်းရာသီဈေးကွက်မှာ ဘင်ဖီကာအသင်းရဲ့ ကွင်းလယ်လူ ဂတ်စ်ဆန်ဖာနန်ဒက်ဇ်ကို ခေါ်ယူထားခဲ့ပြီး ဘက်တစ်ကနေ အငှားနဲ့ခေါ်ယူထားတဲ့ လိုဆယ်လိုကိုလည်း အပြီးသတ်ခေါ်ယူနိုင်ခဲ့သလို ဘာ့ဂ်ဝင့်ခ်ျရဲ့ အပြောင်းအရွှေ့ကလည်း ရက်ပိုင်းအတွင်းမှာပဲ ပြီးစီးနိုင်ဖွယ် ရှိနေပါတယ်။