MySport Myanmar

ဆဲလ်တစ်နည်းပြ ပိုစတီဂိုဂလူကို နည်းပြသစ် အဖြစ် ခန့်ဖို့ ဆွေးနွေးနေတဲ့ စပါး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက လာမယ့် ဘောလုံးရာသီ အတွက် ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြချုပ်ရာထူး အတွက် ဆဲလ်တစ်နဲ့အတူ စကော့တလန် ချန်ပီယံ ဖြစ်ထားတဲ့ နည်းပြ ဂိုစတီဂိုဂလူကို ခေါ်ယူ ခန့်အပ်ဖို့ ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

စပါးက ယခုနှစ် ဘောလုံးရာသီ အလယ်မှာ နည်းပြချုပ်ဟောင်း ကွန်တီနဲ့ လမ်းခွဲပြီးနောက် အသင်းရဲ့ ရှိရင်းစွဲ နည်းပြအဖွဲ့ဝင်တွေထဲက စတယ်လီနီနဲ့ မေဆန်တို့ကို ယာယီနည်းပြတွေ အဖြစ် ခန့်အပ်ခဲ့ပေမယ့် စတယ်လီနီနဲ့ မေဆန်တို့ရဲ့ လက်အောက်မှာ အသင်းရဲ့ ရလဒ်တွေက ပိုမို ဆိုးရွားခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့တဲ့ အပြင် ဥရောပဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ စပါးဥက္ကဌ လီဗိုင်းက လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းကို သွေးသစ်လောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ကစားသမားသစ်တွေ မခေါ်ယူခင် နည်းပြချုပ် တဦးကို ဦးစွာ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးရဲ့ တာဝန်ရှိသူတွေက ပူပူနွေးနွေးမှာပဲ ဆဲလ်တစ်နဲ့အတူ စကော့တလန်လိဂ်ရဲ့ ချန်ပီယံ ဖြစ်ထားတဲ့ နည်းပြချုပ် ပိုစတီဂိုဂလူကို သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေပြီး ပိုစတီဂိုဂလူကလည်း စပါးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် မကြာခင်မှာပဲ ပိုစတီဂိုဂလူဟာ စပါးရဲ့ နည်းပြသစ် ဖြစ်လာနိုင်ကြောင်း သိရပါတယ်။

Photo Credit: Football 365

အသက် ၅၇နှစ် အရွယ် ဩစတေးလျလူမျိုး နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက ၂၀၂၁ခုနှစ်မှာ ဆဲလ်တစ်နည်းပြချုပ် ရာထူးကို ရယူကာ ဥရောပမြေကို ခြေချခဲ့သူ ဖြစ်ပြီး ပိုစတီဂိုဂလူက ဆဲလ်တစ်ကို ၂နှစ်ကြာအောင် ကိုင်တွယ်ခဲ့ရာမှာ စကော့တလန်ဖလား ၂ကြိမ်နဲ့ စကော့တလန် ရှုံးထွက်ဖလား ၂ကြိမ်တို့ကို ရယူ ဆွတ်ခူးထားနိုင်ပါတယ်။

Exit mobile version