ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းဟာ ဝုဗ်အသင်းရဲ့ စပိန်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ထရာအိုရေးကို ခေါ်ယူဖို့ ဝုဗ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် စပိန်တောင်ပံတိုက်စစ် ကစားသမား ထရာအိုရေးဟာ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ မြန်နှုန်းမြင့် ကစားသမားတွေထဲက တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီက ထရာအိုရေးကို ခေါ်ယူပေးဖို့ စပါးအသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့တာ ဖြစ်ပြီး စပါးအသင်းကလည်း ထရာအိုရေးကို ခေါ်ယူဖို့ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ စတင်ချိန်ကတည်းက ကြိုးစားခဲ့ပါတယ်။

လက်ရှိမှာတော့ စပါးအသင်းဟာ ထရာအိုရေးကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသလို ဝုဗ်အသင်းနဲ့ ထရာအိုရေးရဲ့ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှုတွေကလည်း တိုးတက်နေပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ ထရာအိုရေးရဲ့ ပြောင်းရွှေ့ကြေး အတွက် ဝုဗ်အသင်းနဲ့ တွေ့ဆုံ ဆွေးနွေးနေရာ သဘောတူညီမှု ရဖို့ နီးစပ်နေပြီး စပါးအသင်းက ထရာအိုရေး အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ပေးရမယ်လို့လည်း သိရပါတယ်။