စပါးအသင်းရဲ့ နည်းပြ မော်ရင်ဟိုကတော့ ယနေ့ည ရှက်ဖီးလ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယား လိဂ် ပွဲစဉ် မတိုင်ခင်မှာ အသင်းရဲ့ ကွင်းလယ်လူ လိုဆဲလ်ဆိုကို မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ် အပါအဝင် ဘယ်ကွင်းလယ်ကစားသမားနဲ့မှ မလဲနိုင်ပါဘူးလို့ အခိုင်အမာ ပြောကြားသွားပါတယ်။ ကွင်းလယ်လူ လိုဆဲလ်ဆိုဟာ လွန်ခဲ့တဲ့ (၂၀၁၉) ခုနှစ်က သြဂုတ်လမှာ ရီးရဲလ်ဘက်တစ်အသင်းကနေ စပါးအသင်းကို အပြီးသတ် ခေါ်ယူခွင့် အပါအဝင် အငှား စာချုပ်နဲ့ ပြောင်းလာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလမှာ စပါးအသင်းက သူ့ကို အပြီးသတ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Goal

ကွင်းလယ် ကစားသမား လိုဆဲလ်ဆိုဟာ လက်ရှိရာသီမှာ စပါးအသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ပွဲ ကစားထားရာမှာ သွင်းဂိုး တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပေမယ့်လည်း စပါးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၀) ပွဲ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၂) ဂိုး သွင်းယူထားတာပဲ ဖြစ်ပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ နှစ်က နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့ပေမယ့်လည်း အဆင်မပြေခဲ့တာကြောင့် လိုဆဲလ်ဆိုကိုသာ ခေါ်ယူနိုင်ခဲ့ပြီး စပါးနည်းပြ မော်ရင်ဟိုက အခု လိုဆဲလ်ဆိုကို ဖာနန်ဒက်စ်နဲ့ မလဲနိုင်ပါဘူးလို့ ပြောကြားသွားပါတယ်။

Photo Credit: Goal

စပါး နည်းပြ မော်ရင်ဟိုဟာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စပို့တင်းအသင်းနဲ့ စပါးအသင်းတို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းကို အမေးခံရတဲ့ အချိန်မှာ သူက “ကျွန်တော် အဲဒီအကြောင်း ဘာမှ မသိဘူး။ ဒါပေမယ့် တကယ်လို့ အဲဒါကသာ မှန်မယ် ဆိုရင် လိုဆဲလ်ဆိုက စပါးအသင်းကို ပြောင်းလာမယ် ဆိုရင် ကျွန်တော် လိုဆဲလ်ဆိုကို ဘယ်ကစားသမားနဲ့မှ လဲမှာ မဟုတ်ပါဘူး။ ဖာနန်ဒက်စ်နဲ့ရော ဘယ်ကစားသမားနဲ့ရော လဲမှာ မဟုတ်ပါဘူး။ ကျွန်တော် စပါးအသင်းကို ရောက်ရှိလာခဲ့တုန်းက သူက ပွဲထွက်မကစားခဲ့ရဘူး။ သူ ကစားခဲ့တဲ့ ပွဲစဉ်ရယ်ဆိုလို ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်မှာ ရက်စတားအသင်းနဲ့ ပွဲစဉ် ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီပွဲစဉ်က လွဲပြီး အခြားဘယ်ပွဲစဉ်ကိုမှ မကစားခဲ့ပါဘူး။ ကျွန်တော် ရောက်လာတော့ ပြောင်းလဲသွားခဲ့တယ်”လို့ ပြောပါတယ်။