ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ရှက်ဖီးယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့လို့ ဥရောပဝင်ခွင့်အတွက် စိုးရိမ်စရာဖြစ်လာခဲ့တဲ့ စပါးအသင်းနဲ့ လက်စတာ လီဗာပူးလ်တို့ဆီကနေ ရမှတ်တွေ ရယူခဲ့ရင်း (၃)ပွဲဆက်တိုက် ရှံးပွဲမရှိသေးတဲ့ အဲဗာတန်အသင်းတို့က ဒီနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)အဖြစ် ရင်ဆိုင်ကစားခဲ့ပြီး အိမ်ရှင်စပါးအသင်းက တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်စပါးအသင်းဘက်မှာတော့ ဟယ်ရီကိန်း ဆွန်ဟောင်မင် မော်ရာ ဟယ်ရီဝင့်စ် ဆစ်ဆိုခို လိုဆယ်ဆို အယ်ဒါဝီရယ် ဒေးဗီစ် ဒိုင်ယာ အော်ရီယာနဲ့ လိုရစ်တို့ ပါဝင်လာခဲ့ပြီး အဲဗာတန်အသင်းကလည်း ရစ်ချာလီဆန် လီဝင် ဆီဂတ်ဆန် ဂိုးမက်စ် တွမ်ဒေးဗီစ် အီဝိုဘီ ဒစ်ဂ်နေး ဟိုးဂတ် မိုက်ကယ်ကိန်း ကိုးမန်းနဲ့ ပစ်ဖိုဒ့်တို့ကို သုံးစွဲလာခဲ့ပါတယ်။ ကမ္ဘာကျော်နည်းပြနှစ်ယောက်ရဲ့အားပြိုင်ပွဲက ပထမပိုင်းမှာ နှစ်သင်းလုံးဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်လေးတောင် မရှိခဲ့တဲ့အထိ ပျင်းရိစရာကောင်းခဲ့ပြီး စပါးဘက်ကနေ ရရှိခဲ့တဲ့ အဖွင့်ဂိုးတောင် လိုဆယ်ဆိုရဲ့ကန်ချက်က မိုက်ကယ်ကိန်းနဲ့ထိရင်း လမ်းကြောင်းပြောင်းဝင်သွားခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပြီးပြီးချင်း ဆွန်ဟောင်မင်နဲ့လိုရစ်တို့ အချင်းချင်းခိုက်ရန်ဖြစ်နေတဲ့ မြင်ကွင်းကပဲ ပထမိုင်းတစ်ပိုင်းလုံးရဲ့ စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ပထမပိုင်းတစ်ပိုင်း လူပိုကြီးလိုဖြစ်နေတဲ့ အီဝိုဘီနေရာ လူငယ်ကစားသမားလေး ဂေါ်ဒွန်ကို ထည့်သွင်းလာခဲ့တဲ့ အဲဗာတန်ကစားပုံ နည်းနည်းမြိုင်ဆိုင်လာခဲ့ပေမယ့် တိုက်စစ်သွားတဲ့လမ်းကြောင်းတွေကို ဘာမှထိရောက်ခြင်းမရှိသလို စပါးအသင်းကလည်း ခြေစွမ်းပိုင်းသာမာန်လောက်ကနေ တတ်မလာခဲ့ပါဘူး။ ကစားသမားတွေကြားမှာသာ ရန်လိုနေတဲ့ အပြုအမှုတွေနဲ့ Foul အရေအတွက်သာ များနေခဲ့ပြီး တစ်ပတ်အတွင်း ပွဲအရေအတွက် များများကစားထားရတဲ့ ကစားသမားတွေရဲ့ ပွဲပန်းမှုဒဏ်တွေကြောင့်လည်း ပွဲကမျှော်လင့်ထားသလောက် မမြိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ အဲဗာတန်က ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း ချေပဂိုးတော့ မသွင်းနိုင်တော့ပဲ တစ်ဂိုးတည်းနဲ့ပဲ အရေးနိမ့်လိုက်ရပါတယ်။