ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဆောက်သမ်တန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အင်္ဂလန် ဂိုးသမား ဖရေဆာ ဖော်စတာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်တွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၃၄နှစ် အရွယ် အင်္ဂလန် ဂိုးသမား ဖရေဆာ ဖော်စတာဟာ နယူးကာဆယ် ၊ နောဝှစ်ချ်နဲ့ ဆောက်သမ်တန်တို့မှာ ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ဂိုးသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း ဆောက်သမ်တန် အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ ပေးဂိုး ၄၄ဂိုး အထိ ခွင့်ပြုပေးထားရကာ ပေးဂိုးမဲ့ပွဲ ၄ပွဲ ရှိခဲ့ပါတယ်။

Photo Credit: Teamtalk

စပါးဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား လိုရစ်ရဲ့ အရန်ဂိုးသမား တဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတသင်း ဖြစ်ပြီး ယခုအချိန်မှာတော့ စပါးက ဖရေဆာ ဖော်စတာကို ကာလတို စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း စပါးက ဖရေဆာ ဖော်စတာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း အတည်ပြုပေးထားပြီး မကြာခင်မှာ ဖရေဆာက စပါးနဲ့ တရားဝင် စာချုပ် ချုပ်ဆိုမယ်လို့လည်း ထုတ်ဖော် ပြောကြားထားပါတယ်။

Photo Credit: Teamtalk

စပါးက ဖရေဆာ ဖော်စတာကို ခေါ်ယူနိုင်ခဲ့ပြီးနောက် မြို့ခံပြိုင်ဘက် အာဆင်နယ်နဲ့ အပြိုင် မန်ချက်စတာ စီးတီးကနေ ထွက်ခွာမယ့် ဘရာဇီးလ် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူရန် ကြိုးစားဖို့ စီစဉ်နေပါသေးတယ်။