ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ စပါးအသင်းဟာ ပေါ်တူဂီ ကလပ် ဘင်ဖီကာ အသင်းရဲ့ တိုက်စစ်မှူး ကားလို့စ် ဗီနီစီးယပ်ကို တစ်ရာသီ အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ သဘော တူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ စပါးအသင်းဟာ တိုက်စစ်မှူးစစ်စစ် အဖြစ် ဟယ်ရီကိန်း တစ်ဦးထဲကိုသာ ပိုင်ဆိုင် ထားတာကြောင့် ဟယ်ရီကိန်းရဲ့ အရန်အဖြစ် ကစားနိုင်မယ့် တိုက်စစ်မှူး တစ်ဦးကို လက်ရှိ နွေစျေးကွက်မှာ ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်ပြီး လက်ရှိမှာတော့ ဘရာဇီးလ် တိုက်စစ်မှူး ဗီနီစီးယပ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Metro

အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် တိုက်စစ်မှူး ဗီနီစီးယပ်ဟာ အထောင် တိုက်စစ်မှူး စစ်စစ် ဖြစ်တာကြောင့် စပါးအသင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီ နေသလို ကစားသမား ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်အား ထက်သန်နေတာကြောင့် စပါးအသင်းဟာ သူ့ကို အလွယ်တကူ ခေါ်ယူနိုင်ခဲ့တာ လို့ သိရပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ Fabrizio Romano ရဲ့ အဆိုအရ စပါးအသင်းဟာ ယနေ့မနက် အစောပိုင်းမှာပဲ ဗီနီစီးယပ်ကို ခေါ်ယူဖို့ ဘင်ဖီကာ အသင်းနဲ့ရော ကစားသမားနဲ့ပါ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီး တစ်ရာသီ အငှား + ရာသီကုန်မှာ ယူရို ၄၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ့် အချက်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Metro

ထွက်ပေါ် လာတဲ့ သတင်းတွေ အပေါ် လန်ဒန်မြို့ အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ Football London ကလည်း အတည်ပြု သွားခဲ့ပြီး ဗီနီစီးယပ်ဟာ မကြာခင်မှာပဲ အင်္ဂလန်နိုင်ငံ ကို လာရောက်ကာ ဆေးစစ်မှု ခံယူတော့မှာ ဖြစ်ကြောင်း ဆိုသွားပါတယ်။ ဆက်စပ် သတင်းတွေ အရတော့ စပါးအသင်းဟာ တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူအပြီးမှာ အသင်းရဲ့ ခံစစ်ပိုင်း အတွက် ဗဟို ခံစစ်မှူး တစ်ဦးကို ဆက်လက် ခေါ်ယူချင် နေသေးပြီး လက်ရှိမှာတော့ အင်တာမီလန် အသင်းရဲ့ ဗဟိုနောက်ခံလူ ရှကီရီနာ ကို ချိတ်ဆက် ထားပေမယ့် အင်တာမီလန် အသင်းက ရှကီရီနာ အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၆၀ သန်းဆိုတဲ့ ပမာဏ ကို ပေးချေနိုင်ခြင်း မရှိတာကြောင့် ချယ်လ်ဆီးအသင်း ကနေ ထွက်ခွာမယ့် ရူဒီဂါကို ပြောင်းလဲ ပစ်မှတ် ထားနေကြောင်း သိရပါတယ်။