ဥရောပ ထိပ်တန်းကလပ်အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ရရှိနေတဲ့ ဟာဂျစ် စပလစ်အသင်းရဲ့ ခရိုအေးရှား ဆယ်ကျော်သက် ကြယ်ပွင့် ကစားသမားလေး လူကာ ဗူစကိုဗစ်ဟာ တော့တင်ဟမ် ဟော့စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ကိုပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

အသက် (၁၆)နှစ်သာ ရှိနေသေးပြီး ဘာစီလိုနာ နဲ့ စပိန် ကစားသမားဟောင်းကြီး ဂျရတ် ပီကေးရဲ့ ကစားဟန်နဲ့ ဆင်တူတယ်လို့ ခိုင်းနှိုင်းခံနေရတဲ့ ဗူစကိုဗစ်ဟာ မန်စီးတီး ချယ်လ်ဆီး စပါးတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် ရီးယဲလ် ပီအက်စ်ဂျီတို့လို အသင်းတွေကပါ စိတ်ဝင်စားနေရတဲ့ ကစားသမားလေးတစ်ဦးလည်း ဖြစ်ပါတယ်

Photo Credit : Youtube

ဒီကစားသမားလေးကို ကလပ်အသင်းများစွာက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြရင်း ကမ်းလှမ်းမှုတွေလည်း ပြုလုပ်လာချိန်မှာ ဗူစကိုဗစ်ကိုယ်တိုင်ကတော့ နည်းပြ ပိုစတီကိုဂလူးရဲ့ စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ ရွေးချယ်လိုက်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာက နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သွားခဲ့ပြီ ဖြစ်တာကြောင့် စပါးအသင်းအနေနဲ့ ဗူစကိုဗစ်ကို ချက်ချင်း ခေါ်ယူနိုင်ဦးမှာ မဟုတ်ပဲ လာမယ့် ဆောင်းဈေးကွက် ဒါမှမဟုတ် နောက်နှစ် နွေမှသာ အပြီးသတ် ခေါ်ယူနိုင်ဖွယ် ရှိနေပြီး ကစားသမားရဲ့ အသက်အရွယ်ကြောင့်လည်း လူငယ်အသင်းမှာသာ စတင် အသုံးပြုသွားရနိုင်ပါတယ်။

Photo Credit : Reuters

စပါးအသင်းက ဒီနှစ်နွေမှာ အသင်းအတွင်း အပြောင်းအလဲတွေများစွာ ဖြစ်ပေါ်ထားခဲ့ရပြီး ဟယ်ရီကိန်းလို အသင်းရဲ့ အဓိက ထောက်တိုင် ကစားသမားတစ်ဦးကို လက်လွတ်ထားခဲ့ရပေမယ့် နည်းပြ ပိုစတီကိုဂလူးက အသင်းကို အကောင်းဆုံး ပြန်လည် တည်ဆောက်ထားနိုင်ခဲ့ပါတယ်။

ကစားသမားသစ်တွေဖြစ်တဲ့ မက်ဒီဆင် ဗန်ဒီဗန်နဲ့ မနှစ်ကတည်းက ခေါ်ယူထားတဲ့ အူဒီုဂီ ဘစ်ဆူးမားတို့က အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနေသလို ပရီးမီးယားလိဂ် (၄)ပွဲ ကစားထားပြီးချိန်မှာလည်း (၁၀)မှတ်အထိ ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။