လက္ရွိ ပရီးမီးယားလိဂ္ေဘာလုံးရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာစာကို ရရွိဖို႔ ႐ုန္းကန္ေနရတဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္ေရာက္ စပါးအသင္းဟာ လက္ရွိမွာေတာ့ အသင္းရဲ့ အဓိက တိုက္စစ္မွူးျဖစ္တဲ့ ဟယ္ရီကိန္းကို ဘယ္ေၿခ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ရာသီကုန္အထိ လက္လႊတ္ရမယ့္ အေနအထားမွာ ရွိေနပါတယ္။

Photo Credit: Standard.com

တိုက္စစ္ပိုင္းမွာ ဟယ္ရီကိန္းကို ဖယ္လိုက္ ရင္ ဆြန္ေဟာင္မင္ ၊ လူးကပ္ေမာ္ရာ ၊ အလီ စတဲ့ ေတာင္ပံတိုက္စစ္ကစားသမားေတြ ၊ ကြင္းလယ္တိုက္စစ္ကစားသမားေတြသာ ရွိတဲ့ အေနအထားေၾကာင့္ စပါးအသင္းဟာ ယခု ဇန္နဝါရီ အေျပာင္းအေရႊ႕ကာလမွာ တိုက္စစ္ ကစားသမားတစ္ဦးကို မျဖစ္မေနေခၚယူဖို႔ လိုအပ္ေနၿပီး လက္ရွိမွာေတာ့ စပါးအသင္းဟာ ပီအက္စ္ဂ်ီ အသင္းရဲ့ တိုက္စစ္မွူး ကာဗာနီကို ေခၚယူဖို႔ ပစ္မွတ္ထားလာတယ္လို႔ သိရပါတယ္။

Photo Credit: Standard.com

 

ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ကာဗာနီကို လက္ရွိမွာ အက္သလက္တီကို မက္ဒရစ္အသင္းက ေခၚယူဖို႔အတြက္ ပစ္မွတ္ထားေနတာပါ။ ယေန႔မနက္ မွာ ထြက္ေပၚလာတဲ့သတင္းေတြအရ စပါးဟာ ကာဗာနီကို ေခၚယူဖို႔အတြက္ ပီအက္စ္ဂ်ီအသင္းထံကို ခ်ိတ္ဆက္ခဲ့တယ္လို႔ သိထားရပါတယ္။

Photo Credit: Standard.com

အဂၤလန္သတင္းစာေတြရဲ့ ေဖာ္ျပခ်က္အရ စပါးအသင္းဟာ ကာဗာနီကို ယခု ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ေခၚယူနိုင္ဖို႔အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္၂၀သန္းခန႔္ သုံးစြဲမယ္လို႔ ပီအက္စ္ဂ်ီထံ အသိေပးထားေၾကာင္းနဲ႔ ပီအက္စ္ဂ်ီ အသင္းဘက္ကလည္း အိုင္ကာဒီေျခစြမ္းျပလာတာေၾကာင့္ စပါးအသင္းနဲ႔ ကာဗာနီသာ သေဘာတူညီမွုရခဲ့ပါက ကာဗာနီကို ေရာင္းခ်ဖို႔ စဥ္းစားေနေၾကာင္း သိရပါတယ္။

လက်ရှိ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာကို ရရှိဖို့ ရုန်းကန်နေရတဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ရောက် စပါးအသင်းဟာ လက်ရှိမှာတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ ဟယ်ရီကိန်းကို ဘယ်ခြေ တံကောက်ကြောဒဏ်ရာကြောင့် ရာသီကုန်အထိ လက်လွှတ်ရမယ့် အနေအထားမှာ ရှိနေပါတယ်။

Photo Credit: Standard.com

တိုက်စစ်ပိုင်းမှာ ဟယ်ရီကိန်းကို ဖယ်လိုက် ရင် ဆွန်ဟောင်မင် ၊ လူးကပ်မော်ရာ ၊ အလီ စတဲ့ တောင်ပံတိုက်စစ်ကစားသမားတွေ ၊ ကွင်းလယ်တိုက်စစ်ကစားသမားတွေသာ ရှိတဲ့ အနေအထားကြောင့် စပါးအသင်းဟာ ယခု ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ တိုက်စစ် ကစားသမားတစ်ဦးကို မဖြစ်မနေခေါ်ယူဖို့ လိုအပ်နေပြီး လက်ရှိမှာတော့ စပါးအသင်းဟာ ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။

Photo Credit: Standard.com

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကာဗာနီကို လက်ရှိမှာ အက်သလက်တီကို မက်ဒရစ်အသင်းက ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေတာပါ။ ယနေ့မနက် မှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ စပါးဟာ ကာဗာနီကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းထံကို ချိတ်ဆက်ခဲ့တယ်လို့ သိထားရပါတယ်။

Photo Credit: Standard.com

အင်္ဂလန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ ကာဗာနီကို ယခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်၂၀သန်းခန့် သုံးစွဲမယ်လို့ ပီအက်စ်ဂျီထံ အသိပေးထားကြောင်းနဲ့ ပီအက်စ်ဂျီ အသင်းဘက်ကလည်း အိုင်ကာဒီခြေစွမ်းပြလာတာကြောင့် စပါးအသင်းနဲ့ ကာဗာနီသာ သဘောတူညီမှုရခဲ့ပါက ကာဗာနီကို ရောင်းချဖို့ စဉ်းစားနေကြောင်း သိရပါတယ်။