အခုအပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရပ်နားထားပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲကို လာမယ့် ဧပြီလ (၄) ရက်နေ့အထိ ရပ်နားထားတာကြောင့် အင်္ဂလန်နိုင်ငံက ဘောလုံး ပရိသတ်တွေဟာ ကိုရိုနာ ဗိုင်းရပ် ရှိနေတဲ့ ကြားက မြင်းပြိုင်ပွဲ နဲ့ နေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို ကြည့်ခဲ့ကြပါတယ်။ အင်္ဂလန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ အပတ်က အလွန် မြန်ဆန်စွာ နဲ့ သိသားစွာ မြင့်တတ်လာခဲ့တဲ့ အတွက်ကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ အပါအဝင် အင်္ဂလန်နိုင်ငံက အဓိက ဘောလုံး ပြိုင်ပွဲတွေ ဖြစ်တဲ့ ချန်ပီယံရှစ် နဲ့ ကာရာဘောင်တို့ကိုလည်း ရပ်နားခဲ့ရပါတယ်။

Photo Credit: Dailymail

အင်္ဂလန်နိုင်ငံက အဓိက ဘောလုံး ပြိုင်ပွဲတွေကို ဧပြီလ (၄) ရက်နေ့အထိ ရပ်နားသွားခဲ့ကြပြီ ဖြစ်ပေမဲ့လည်း အင်္ဂလန်နိုင်ငံက “နေရှင်နယ်လိဂ် – National League” ပြိုင်ပွဲကို ဆက်လက် ကစားနေဆဲ ဖြစ်တာကြောင့် ယခုအပတ်မှာ နေရှင်နယ်လိဂ် ပွဲကြည့် ပရိသတ်တွေ များပြားခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံက ဘောလုံး ပရိသတ်တွေဟာ အဓိက ပြိုင်ပွဲတွေကို ရပ်နားသွားခဲ့တာကြောင့် ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်မှု ဖြစ်နေပေမဲ့လည်း “နေရှင်နယ်လိဂ်” ပြိုင်ပွဲ နဲ့ မြင်းပြိုင်ပွဲကို သွားရောက် အားပေးခဲ့ကြပြီး ပွဲကြည့် ပရိသတ် အလွန် စည်ကားနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

နေရှင်နယ်လိဂ် ပြိုင်ပွဲကတော့ အင်္ဂလန်နိုင်ငံ တစ်ဝှမ်းမှာ ဆက်လက် ကစားနေကြဆဲ ဖြစ်ပြီး ယခုအပတ်မှာ နေရှင်နယ်လိဂ် ပွဲစဉ် (၆) ပွဲကို နိုင်ငံတစ်ဝှမ်းမှာ ကစားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ယခုအပတ်မှာ ကစားခဲ့ကြတဲ့ နေရှင်နယ်လိဂ် ပွဲစဉ် (၆) ပွဲထဲက အက်ဖ်စီယူနိုက်တက်အသင်း နဲ့ ဆောက်ရှီလ်အသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်ဟာ ပွဲကြည့် ပရိသတ် စည်ကားခဲ့ကြပါတယ်။ နေရှင်နယ်လိဂ် ပြိုင်ပွဲကို ဆက်လက် ကစားနေသလိုပဲ “Uttoxeter – မြင်းပြိုင်ပွဲ” ကိုလည်းပဲ ဆက်လက် ကျင်းပနေဆဲ ဖြစ်ပြီး ပွဲကြည့် ပရိသတ်တွေ အတော်လေး စည်ကားနေခဲ့ပါတယ်။ မြင်းပြိုင်ပွဲ အမှုဆောင် ဒါရိုက်တာ ဒေးဗစ် မက်ဒိုနယ်လ်ကတော့ အခုအပတ်မှာ မြင်းပြိုင်ပွဲကို လာရောက် ကြည့်ရှုတဲ့ သူတွေဟာ (၁) သောင်းကျော်ပါတယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။