မန္ခ်က္စတာယူနိုက္တက္အသင္းဟာ စပို႔တင္းလစၥဘြန္းအသင္းရဲ့ အသင္းေခါင္းေဆာင္ ကြင္းလယ္လူ ဘ႐ူနိုဖာနန္ဒက္စ္ကို ေခၚယူမွုအတြက္​ ေဆြးေႏြးေနတာဟာ အေတာ္ေလးကို ခရီးေပါက္ေနခဲ့ၿပီး ကစားသမားနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမွု ယူထားနိုင္ခဲ့ၿပီျဖစ္ကာ စပို႔တင္းအသင္းနဲ႔ ေျပာင္းေရႊ႕ေၾကးအရ သေဘာတူညီမွုရယူနိုင္ဖို႔သာ က်န္ရွိပါေတာ့တယ္။

Photo Credit: Express.com

လက္ရွိမွာေတာ့ ယူနိုက္တက္အသင္းဟာ ဘ႐ူနို ဖာနန္ဒက္စ္အတြက္ ေျပာင္းေရႊ႕ေၾကး ယူရို ၅၀သန္းနဲ႔ ေနာက္ခံလူ ရိုဂ်ိဳကို အလိုက္ေပး ကမ္းလွမ္းထားခဲ့ေပမယ့္ စပို႔တင္းအသင္းဘက္ ကေတာ့ အဆိုပါကမ္းလွမ္းမွုကို သေဘာမက် ျဖစ္ေနတယ္လို႔ ေပၚတူဂီသတင္းစာေတြက ေဖာ္ျပထားၾကပါတယ္။

Photo Credit: Express.com

စပို႔တင္းအသင္းဟာ ဖာနန္ဒက္စ္အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္၆၀သန္းနဲ႔အတူ ကြင္းလယ္လူတစ္ဦးကို အလိုက္လိုခ်င္ေနၿပီး ပါရဲယကို လိုခ်င္ေနတာလို႔လည္း သတင္းတခ်ိဳ႕က ေဖာ္ျပထားၾကပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးရ သတင္းေတြအရေတာ့ ယူနိုက္တက္အသင္းဟာ ဘ႐ူနိုဖာနန္ဒက္စ္ကို ေခၚယူဖို႔အတြက္ သေဘာတူညီမွုရခဲ့ရင္ေတာင္မွ လာမယ့္အပတ္မွသာ အၿပီးသတ္ေခၚယူမွုျပဳလုပ္နိုင္မွာလို႔ သိထားရပါတယ္။

Photo Credit: Express.com

အေၾကာင္းကေတာ့ စပို႔တင္းအသင္းဟာ ယခု ေသာၾကာေန႔မွာ စပို႔တင္းအသင္းဟာ အစဥ္အလာၿပိဳင္ဘက္ ဘင္ဖီကာအသင္းနဲ႔ ရင္ဆိုင္ကစားရမယ့္ ပြဲစဥ္တစ္ပြဲရွိေနၿပီး အဆိုပါ ပြဲစဥ္မွာ အသင္းရဲ့အေနအထား မပ်က္သြားေစရန္အတြက္ ဖာနန္ဒက္စ္ကို အဆိုပါပြဲစဥ္ၿပီးမွသာ လက္လႊတ္သြားမွာလို႔ သိထားရပါတယ္။ ဒါ့ေၾကာင့္ ယူနိုက္တက္နဲ႔ ဖာနန္ဒက္စ္ရဲ့ အေျပာင္းအေရႊ႕ဟာ လာမယ့္အပတ္မွသာ အၿပီးသတ္နိုင္ေခ်ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူမှုအတွက်​ ဆွေးနွေးနေတာဟာ အတော်လေးကို ခရီးပေါက်နေခဲ့ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ယူထားနိုင်ခဲ့ပြီဖြစ်ကာ စပို့တင်းအသင်းနဲ့ ပြောင်းရွှေ့ကြေးအရ သဘောတူညီမှုရယူနိုင်ဖို့သာ ကျန်ရှိပါတော့တယ်။

Photo Credit: Express.com

လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ဘရူနို ဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ နောက်ခံလူ ရိုဂျိုကို အလိုက်ပေး ကမ်းလှမ်းထားခဲ့ပေမယ့် စပို့တင်းအသင်းဘက် ကတော့ အဆိုပါကမ်းလှမ်းမှုကို သဘောမကျ ဖြစ်နေတယ်လို့ ပေါ်တူဂီသတင်းစာတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Express.com

စပို့တင်းအသင်းဟာ ဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင်၆၀သန်းနဲ့အတူ ကွင်းလယ်လူတစ်ဦးကို အလိုက်လိုချင်နေပြီး ပါရဲယကို လိုချင်နေတာလို့လည်း သတင်းတချို့က ဖော်ပြထားကြပါတယ်။ ဒါပေမယ့် နောက်ဆုံးရ သတင်းတွေအရတော့ ယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့ရင်တောင်မှ လာမယ့်အပတ်မှသာ အပြီးသတ်ခေါ်ယူမှုပြုလုပ်နိုင်မှာလို့ သိထားရပါတယ်။

Photo Credit: Express.com

အကြောင်းကတော့ စပို့တင်းအသင်းဟာ ယခု သောကြာနေ့မှာ စပို့တင်းအသင်းဟာ အစဉ်အလာပြိုင်ဘက် ဘင်ဖီကာအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ပွဲစဉ်တစ်ပွဲရှိနေပြီး အဆိုပါ ပွဲစဉ်မှာ အသင်းရဲ့အနေအထား မပျက်သွားစေရန်အတွက် ဖာနန်ဒက်စ်ကို အဆိုပါပွဲစဉ်ပြီးမှသာ လက်လွှတ်သွားမှာလို့ သိထားရပါတယ်။ ဒါ့ကြောင့် ယူနိုက်တက်နဲ့ ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ဟာ လာမယ့်အပတ်မှသာ အပြီးသတ်နိုင်ချေရှိတယ်လို့ ခန့်မှန်းရပါတယ်။