လီဗာပူးလ်အသင်းရဲ့ ကွင်းလယ် ကစားသမား ဂျိမ်း မီနာလ်ကတော့ ယခုအပတ်၊ ဗုဒ္စဟူးနေ့ည၊ ချဲလ်ဆီးအသင်းနဲ့ ကစားမယ့် အိမ်ကွင်း ပွဲစဉ်မှာ ပရီးမီးယားလိဂ် ဖလားကို ကိုင်မြောက်ရမှာ ဖြစ်ပြီး လီဗာပူးလ် အသင်းနဲ့ စာချုပ် ချုုပ်ဆိုခဲ့တာက ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့ ဖြစ်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် (၇) ပွဲအထိ ကစားရဖို့ လိုအပ်နေသေးတဲ့ အချိန်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ဆုဖလားကို အစောဆုံး ရရှိသွားခဲ့ပြီး ယခုအပတ်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ကိုင်မြောက်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ မိနာလ်ဟာ လွန်ခဲ့တဲ့ (၂၀၁၅) ခုနှစ်မှာတော့ မန်စီးတီးအသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာတော့ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) ပွဲ ကစားထားရာမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး (၂) ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဂျိမ်း မီနာလ်ဟာ လီဗာပူးလ်အသင်းကို ရောက်ရှိလာပြီးနောက် မန်စီးတီးအသင်းမှာ မရနိုင်ခဲ့တဲ့ ချန်ပီယံ လိဂ် ဖလားကို ရရှိခဲ့ပြီး ယခုအပတ် ဗုဒ္စဟူးနေ့ည၊ ချဲလ်ဆီးအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ကိုင်မြှောက်ရမှာကြောင့် ဆုဖလား ရဖို့ လီဗာပူးလ်အသင်းကို ပြောင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဂျိမ်း မီနာလ်က “ဒါက အထူး၊ အထူးတလည် ဖြစ်လာပါလိမ့်မယ်။ ဒါကို ရယူနိုင်ဖို့ ဒီအသင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့တာပါပဲ။ အခြားသူတွေလည်း ဒီလို ဖြစ်ကြမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကို ရဖို့ အချိန်တွေ အကြာကြီး စောင့်ခဲ့ရတယ် ဆိုတာက ဒါကို ရဖို့က ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်တယ်လို့ ဆိုလိုက်တာပဲလေ။ ဒါကို အဆုံးသတ်ပြီး ကိုယ်ပိုင် သမိုင်းကို ဖန်တီးနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ဒီဖလားက အသင်းရဲ့ လူတိုင်း အတွက် ဘယ်လို အဓိပ္ပါယ်ရှိလဲ ဆိုတာ မြင်နိုင်ပါတယ်။ ကျွန်တော်တို့ ချန်ပီယံ ဖြစ်ပြီလို့ အတည်ပြုခဲ့တဲ့ ညမှာ လူတိုင်းရဲ့ စိတ်ခံစားမှုကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ နဲ့ နည်းပြတွေပဲ မဟုတ်ဘဲ အသင်းရဲ့ ပရိသတ်တွေ နဲ့ ကစားသမားဟောင်းတွေလည်း ဒါကို ခံစားခဲ့ကြပါတယ်။ သူတို့တွေက ဂုဏ်ယူပါတယ်လို့ စာပို့တဲ့ အချိန်မှာ သူတို့ တကယ် ပြောတယ် ဆိုတာကို သိနိုင်ပါတယ်”လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။