MySport Myanmar

မာနေးအတွက် သဘာဝမကျတဲ့ အပိုဆုကြေးနဲ့ ကမ်းလှမ်းခဲ့တဲ့ ဘိုင်ယန် လှောင်ပြောင်ခံခဲ့ရ

ဆီနီဂေါ တိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို အရခေါ်ယူသွားချင်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ မာနေးအတွက် ကမ်းလှမ်းမှုတွေကို နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပေမယ့်လည်း ဒုတိယအကြိမ် ကမ်းလှမ်းမှုမှာတော့ ဘိုင်ယန်ဘက်က ကမ်းလှမ်းလာတဲ့ ပြောင်းရွှေ့ကြေးအပြင် အပိုဆုကြေးအတွက် သဘာမဝကျတဲ့ အချက်အလက်တွေနဲ့ ထည့်သွင်းကမ်းလှမ်းလာခဲ့တာကြောင့် လီဗာပူးလ်ဘက်က ပယ်ချခဲ့သလို ရုရှားကလပ် စပါးတပ်မော်စကိုအသင်းကပါ ဘိုင်ယန်ကို လှောင်ပြောင်သရော်မှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဘိုင်ယန်ဟာ မာနေးအတွက် ဒုတိယအကြိမ် ကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့ကြေး ပေါင်(၂၃.၅)သန်း အပါအဝင် အပိုဆုကြေး ပေါင်(၆.၅)သန်း စုစုပေါင်း ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းလာခဲ့တာဖြစ်ပေမယ့် အပိုဆုကြေးအတွက် ဘိုင်ယန်က မာနေးကို စာချုပ်ချုပ်ဆိုသွားမယ့် (၃)နှစ်အတွင်း ဘိုင်ယန်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၃)နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်နိုင်ရမယ်ဆိုတဲ့ အချက်တစ်ခုအပြင် မာနေးကိုယ်တိုင်ပါ အဲ့ဒီ(၃)နှစ်အတွင်း နှစ်တိုင်းနှစ်တိုင်း Ballon d’Or ဆုကို ရယူနိုင်မယ်ဆိုတဲ့ အချက်ပါ ပါဝင်နေခဲ့ပါတယ်။ ဒီလို သဘာဝမကျတဲ့ အချက်အလက်တွေ ပါဝင်နေတဲ့ အပိုဆုကြေးကို ထည့်သွင်းထားတဲ့ ကမ်းလှမ်းမှုကို လီဗာပူးလ်ဘက်က ပယ်ချခဲ့သလို စပါးတပ်မော်စကိုအသင်းကပါ အဲ့ဒီကမ်းလှမ်းမှုကို လှောင်ပြောင်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ပြောစမှတ်ဖြစ်သွားခဲ့ရတဲ့ ဘိုင်ယန်ရဲ့ အပိုဆုကြေး သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး စပါးတပ်မော်စကိုအသင်းကလည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမား အလက်ဆန်းဒါးဆိုဘယ်လစ်ဗ်ကို ဘိုင်ယန်ဘက်က ကမ်းလှမ်းလာတဲ့ ပုံစံမျိုးနဲ့ လှောင်ပြောင်သွားခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်ဟာ ဆိုဘယ်လစ်ဗ်အတွက် ပြောင်းရွှေ့ကြေး ယူရို(၁၀၀၀)နဲ့ ကမ်းလှမ်းပြီး အပိုဆုကြေးအနေနဲ့ အချက်(၃)ချက်ကို ထည့်သွင်းထားခဲ့ကာ ပထမတစ်ချက်အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းက Eurovision ဆိုတဲ့ နာမည်ကျော် သီချင်းဆိုပြိုင်ပွဲကြီးမှာ အနိုင်ရခဲ့မယ်ဆိုရင် အပိုဆုကြေးအဖြစ် ယူရို(၁၀)သန်း ဒုတိယအချက်အနေနဲ့ နှစ်အနည်းငယ်အတွင်းမှာ ဆုဖလားလက်မဲ့ ဖြစ်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဆုဖလားတစ်လုံး ရရှိခဲ့မယ်ဆိုရင် နောက်ထပ် အပိုုဆုကြေး ယူရို(၁၅)သန်းအပြင် နောက်ဆုံးအချက်အနေနဲ့ ဘာစီလိုနာရဲ့ legend ကစားသမားဟောင်း မက်ဆီ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့မယ်ဆိုရင် အပိုုဆုကြေး ယူရိုသန်း(၂၀)ကို ပေးချေမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ဘိုင်ယန်ကို ပယ်ပယ်နယ်နယ် troll သွားခဲ့ပါတယ်။

Exit mobile version