အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်မှူး ဒီယာဂို ကော်စတာကတော့ သူ့ရဲ့ အသင်းအနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို တက်လှမ်းခဲ့ပေမယ့် ချန်ပီယံလိဂ် မရနိုင်ခဲ့တာကြောင့် လက်ရှိရာသီမှာတော့ ချန်ပီယံလိဂ် ဆုဖလားကို ရရှိချင်ပါတယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ အက်သလက်တီကို တိုက်စစ်မှူး ကော်စတာဟာ လာလီဂါ ပြိုင်ပွဲ ပြန်စခဲ့စဉ်ကတည်းက သူ့ရဲ့ ပုံစံကောင်းတွေကို ပြန်လည် ရရှိခဲ့တာ ဖြစ်ပြီး လာလီဂါ ပြိုင်ပွဲ ပြန်စခဲ့စဉ်ကတည်းက လာလီဂါ သွင်းဂိုး (၃) ဂိုး နဲ့ လာလီဂါ ဂိုးဖန်တီးမှု (၂) ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

လာလီဂါ ပြိုင်ပွဲက အက်သလက်တီကိုမက်ဒရစ်အသင်းဟာ လာမယ့် သြဂုတ်လ (၁၄) ရက်မှာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက လိုက်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ် ကစားသွားမှာ ဖြစ်ပြီး ကွာတား ဖိုင်နယ် ပွဲစဉ်က နှစ်ကျော့မရှိတော့ဘဲ တစ်ကျော့သာ ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ စည်းမျဉ်းသစ်ကြောင့် ကွာတား ဖိုင်နယ် ပွဲစဉ်ကနေ တစ်ကျော့တည်းပဲ ကစားရတော့မှာ ဖြစ်ပြီး အက်သလက်တီကိုတိုက်စစ်မှူး ကော်စတာကတော့ လက်ရှိရာသီမှာ ဥရောပရဲ့ အကြီးမားဆုံး ချန်ပီယံလိဂ် ဖလားကို ရရှိချင်ပါတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Marca

တိုက်စစ်မှူး ကော်စတာက “ဘောလုံး ပြိုင်ပွဲက အခု ကျွန်တော် သိတဲ့ ပြိုင်ပွဲနဲ့ မတူတော့ပါဘူး။ ပရိသတ်တွေ မပါဘဲ ပွဲကစားရမှာက အရင်ကနဲ့ မတူတော့ပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ စိတ်ဓါတ်မြင့်မားနေပြီး ပြိုင်ပွဲပြန်စကတည်းက ကောင်းစွာ ကစားခဲ့ကြတယ်။ လိုက်ဇစ်အသင်းနဲ့ ပွဲစဉ်က ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာမှာ ဖြစ်ပြီး လိဂ်ပြိုင်ပွဲက ကံကောင်းမှုမျိုး ရရှိဖို့ မျှော်လင့်ပါတယ်။ ကျွန်တေ်ာတို့က ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ရောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ် ဖလားကို မရနိုင်ခဲ့ကြပါဘူး။ ကျွန်တော်တို့ ဒီတစ်ကြိမ်မှာတော့ ရှိသမျှအင်အားနဲ့ ကြိုးစားသွားမှာ ဖြစ်ပြီး ဒီပြိုင်ပွဲက အနိုင်ရရှိဖို့ အင်မတန် ခက်ခဲတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေအနေနဲ့ မြက်ခင်းစိမ်းထဲမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းကို ထိန်းထားရပါမယ်”လို့ ပြောသွားတာ ဖြစ်ပါတယ်။