ဒီနေ့ Super Sunday မှာတော့ ဘွန်ဒက်လီဂါပြိုင်ပွဲက စိတ်ဝင်စားစရာပွဲကောင်းတွေမရှိတာကြောင့်မို့ ဒီတစ်ခေါက်တော့ ကျွန်တော်အနေနဲ့ စပိန်လာလီဂါနဲ့ အီတလီစီးရီးအေပြိုင်ပွဲတွေရဲ့ပွဲစဉ်တွေအကြောင်းကို ရွေးချယ်တင်ဆက်ပေးသွားချင်ပါတယ်။ ဒီပွဲတွေက စနေ့ထက် တနင်္ဂနွေနေ့မှာ ပိုများပြားတာကြောင့်မို့ ဘယ်လိုပွဲစဉ်တွေရဲ့ရလဒ်တွေအကြောင်းကို သုံးသပ်သွားမလဲဆိုတာ လေ့လာကြည့်လိုက်ပါဦးခင်ဗျာ။

Photo Credit : Getty Images

(အီတလီစီးရီးအေ)
ဂျုဗင်တပ်စ် နဲ့ ဖီအိုရင်တီးနား (ည၆နာရီ)
ပထမအကျော့တုန်းကတော့ ဒီအသင်းနှစ်သင်းက ဂိုးမရှိသရေကျခဲ့ပြီး အဲ့ဒီတုန်းက ဂျုဗီတို့ ကံကောင်းလို့သရေကျခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ဂျုဗင်တပ်စ်တို့ နိုင်ပွဲရဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က နာပိုလီကို အရေးနိမ့်ခဲ့ပြီးနောက်မှာ ဂျုဗင်တပ်စ်တို့ ထပ်မံခြေချော်ခဲ့မယ်ဆိုရင် အင်တာမီလန်အပါအဝင် လာဇီယိုကပါ ထိပ်ဆုံးနေရာကို ခြိမ်းခြောက်လာနိုင်ပါတယ်။ ဖီအိုရင်တီးနားက နောက်ပိုင်းပွဲဲတွေမှာ ရှံးပွဲတွေနည်းလာတာမို့ ဒီပွဲမှာ ဧည့်သည်ဘက်ကနေပဲ ရပ်တည်ချင်ပါတယ်။

Photo Credit : Getty Images

အေစီမီလန် နဲ့ ဗီရိုနာ (ည၈နာရီခွဲ)
ဒီအသင်းနှစ်သင်းလုံးက ယူရိုပါလိဂ်မျှော်လင့်ချက်ကိုယ်စီ အထက်အောက်ရပ်တည်နေတာဖြစ်သလို နှစ်သင်းလုံးရဲ့ Form တွေကလည်း ကောင်းမွန်နေပါတယ်။ ဒါပေမယ့် အေစီက ခံစစ်ပိုင်းတွေမှာ လိုအပ်ချက်တွေရှိနေသေးတာကတော့ သတိထားစရာပါ။ နောက်ပြီး အေစီရဲ့အိမ်ကွင်းကစားအားကလည်း အားရစရာ သိပ်မရှိတာကြောင့် စဉ်းစားရခက်နိုင်ပေမယ့်လည်း ဖွင့်လှစ်မှုအရတော့ အေစီကိုပဲ သဘောကျမိပါတယ်။

Photo Credit : Getty Images

အူဒီးနီးစ် နဲ့ အင်တာမီလန် (မနက်၂နာရီ၁၅မိနစ်)
ဆောင်းရာသီစျေးကွက်မှာ ယန်း မိုဆက်စ်နဲ့ အဲရစ်ဆင်တို့ ခေါ်ယူနိုင်ခဲ့တဲ့ အင်တာက ဒီပွဲမှာတော့ အသင်းရဲ့ဂိုးသွင်းစက်ဖြစ်တဲ့ မာတီနက်ဇ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် သုံးစွဲခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါက အင်တာတိုက်စစ်အတွက် အားနည်းချက်ဖြစ်နိုင်ပါတယ်။ နောက်ပြီး အင်တာက နောက်ဆုံး၃ပွဲဆက် သရေကျထားတဲ့အပြင် တိုက်စစ်လည်း အနည်းငယ်ကျဆင်းနေလို့ ၁ဂိုးနိုင်ရင်တောင် ထက်ဝက်ကျော်လေးသာ ပျော်ရွှင်ရမယ့် အင်တာကို ငြင်းပယ်ထားချင်ပါတယ်။

Photo Credit : Getty Images

(စပိန်လာလီဂါ)
ဘာစီလိုနာ နဲ့ လီဗန်တေး (မနက်၂နာရီခွဲ)
မနေ့ညက မက်ဒရစ်ဒါဘီမှာ ရီးရဲလ်မက်ဒရစ်အနိုင်ရခဲ့လို့ ဘာစီလိုနာက ဒီပွဲမှာ လုံးဝအမှားခံလို့ မရတော့ပါဘူး။ လီဗန်တေးကလည်း ဘာစီလိုနာကို ပထမအကျော့မှာ အနိုင်ရခဲ့တယ်ဆိုပေမယ့် လက်ရှိမှာတော့ ရှံးပွဲတွေက ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ဘာစီလိုနာအတွက် ဒီပွဲက အနိုင်ရဖို့ အခြေအနေများနေပါတယ်။ ဒါပေမယ့် လီဗန်တေးက ဘာစီလိုနာနဲ့တွေ့ရင် မထင်မှတ်တာတွေ လုပ်ဆောင်တတ်သလို ၃ဂိုးပြတ်မှသာ အပြည့်ပျော်ရွှင်ရမှာမို့ ဧည့်သည်နဲ့ စွန့်စားကြည့်ချင်ပါတယ်။