ဘွန်ဒစ်လီဂါပြီးနောက် စပိန်လာလီဂါပြိုင်ပွဲကိုလည်း ပြန်လည်စတင်နိုင်ခဲ့ပြီဖြစ်ပြီး ထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ဘာစီလိုနာနဲ့ ဆီဗီလာတို့က နိုင်ပွဲတွေကိုယ်စီရခဲ့ကြပေမယ့် အသက်လက်တီကိုနဲ့ ဗလင်စီယာအသင်းတွေကတော့ သရေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အခု ဒီနေ့မှာတော့ ပွဲစဉ်(၂၉)ကို ဆက်လက်ကျင်းပဦးမှာဖြစ်လို့ ပွဲစဉ်(၂၉)ထဲကမှ စိတ်ဝင်စားစဖွယ်ပွဲများအကြောင်းကို သုံးသပ်ဆွေးနွေးသွားချင်ပါတယ်။

Photo Credit : Getty Image

ဘာစီလိုနာ နဲ့ လီဟာနက်စ် (အင်္ဂါနေ့ည ၂နာရီခွဲ)
ဘာစီလိုနာကတော့ ပွဲစဉ်(၂၈)မှာ မာယော့ကာကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး မက်ဆီလည်း ခြေစွမ်းပြသသွားနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ချိန်မှာ အခုထပ်ရင်ဆိုင်ရမယ့်အသင်းက တန်းဆင်းဇုန်ထဲက လီဟာနက်စ်အသင်းဖြစ်နေလို့ ဘာစီလိုနာအတွက် အနိုင်သေချာမယ့်ပွဲလို့တောင် ယူဆနိုင်ပါတယ်။ တန်းဆင်းဇုန်ရုန်းအားတွေ ရှိလာနိုင်ပေမယ့် လီဟာနက်စ်ရဲ့ အဝေးကွင်းစွမ်းရည် ညံဖျင်းမှုကြောင့် ဘာစီလိုနာတို့ ဂိုးပြတ်နိုင်ပါဦးမယ်။

Photo Credit : Getty Image

အိုဆာဆူနာ နဲ့ အသက်လက်တီကို
အသက်လက်တီကိုရဲ့ အဝေးကွင်းခြေစွမ်းပိုင်းက တိုးတတ်လာခြင်းမရှိတာ ဘီလ်ဘာအိုနဲ့ပွဲမှာ မြင်တွေ့ရနိုင်ပါတယ်။ အခုလည်း အိုဆာဆူနာကွင်းမှာ သွားရောက်ကစားရဦးမယ်ဖြစ်လို့ အမှတ်တွေ ထပ်မလျှော့ဦးမလားဆိုတာကလည်း စောင့်ကြည့်ရဦးမှာပါ။ ဒါပေမယ့် ဒီပွဲမှာလည်း အမှတ်တွေ ထပ်မံဆုံးရှံးဦးမယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခက်ခဲသွားနိုင်မှာဖြစ်လို့ မဖြစ်မနေ အနိုင်ကစားပါလိမ့်မယ်။

Photo Credit : Getty Image

ရီးရဲလ်မက်ဒရစ် နဲ့ ဗလင်စီယာ
ဒီပွဲကတော့ ပွဲစဉ်(၂၉)ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် နှစ်သင်းလုံးရဲ့ လက်ရှိခြေစွမ်းပိုင်းအရတော့ အိမ်ရှင်ရီးရဲလ်က ဗလင်စီယာထက် ပိုသာလွန်နေပါတယ်။ ဗလင်စီယာက လီဗန်တေးကို သရေကျခဲ့တဲ့ပွဲမှာ ခံစစ်ပိုင်း အားနည်းချက်တွေရှိခြဲ့့ပီးတော့ အဓိကနောက်ခံလူတွေကလည်း မပါဝင်နိုင်သေးတဲ့အတွက် လူစုံတတ်စုံဖြစ်နေတဲ့ ရီးရဲလ်တိုက်စစ်ကို ပွဲချိန်ပြည့်တောင့်ခံထားနိုင်ဖို့က ခက်ခဲနိုင်ပါတယ်။ ရီးရဲလ်လည်း ဗလင်စီယာဘက်ကို သွင်းဂိုးတွေ ပြန်လည်ခွင့်ပြုနိုင်ဖွယ်ရှိလို့ ဒီပွဲမှာ ဂိုးများနိုင်ပါတယ်။ အနိုင်ဆိုရင်တော့ အိမ်ရှင်ပဲ ရွေးချယ်ချင်ပါတယ်။