စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲရဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီ လာလီဂါချန်ပီယံဆုအတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က ပွဲစဉ်(၃၇)အထိကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ရီးရဲလ်အသင်းက ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ကို နှစ်တိုင်းလိုလို ဝင်ခွင့်ရတဲ့ ကလပ်အသင်းကြီးတွေပဲ ဝင်ရောက်ကစားခွင့်ရခဲ့တာဖြစ်ပေမယ့် အဆင့်(၇)နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ ဂရန်နာဒါကတော့ ယူရိုပါလိဂ်ဝင်ခွင့်ကို အသင်းရဲ့သမိုင်းတလျှောက် ပထမဆုံးပိုင်ဆိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး လာလီဂါပြိုင်ပွဲရဲ့အနှစ်ချုပ် စိတ်ဝင်စားစရာအကြောင်းအရာတွေကို စုံစုံလင်လင် တင်ဆက်ပေးချင်ပါတယ်။

Photo Credit : AS English

ချန်ပီယံ – ရီးရဲလ်မက်ဒရစ်

ချန်ပီယံလိဂ်ဝင်ခွင့် – ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ ၊ အသက်လက်တီကိုမက်ဒရစ် ၊ ဆီဗီလာ

ယူရိုပါလိဂ်ဝင်ခွင့် – ဗီလာရီးရဲလ် ၊ ဆိုစီဒက် ၊ ဂရန်နာဒါ(ခြေစစ်ပွဲ)

တန်းဆင်း – လီဟာနက်စ် ၊ မာယော့ကာ ၊ အက်စပန်ညို

Photo Credit : Marca

ဂိုးသွင်းဘုရင် – မက်ဆီ/ဘာစီလိုနာ (၂၅ဂိုး)

ဂိုးဖန်တီးမှုအများဆုံး – မက်ဆီ/ဘာစီလိုနာ (၂၁)ကြိမ်

နှစ်သင်းပေါင်းဂိုးအများဆုံးပွဲ – ဗီလာရီးရဲလ် ၄-၄ ဂရန်နာဒါ

Photo Credit : Sky Sports

နိုင်ပွဲဆက်မှုအများဆုံးအသင်း – ရီးရဲလ်မက်ဒရစ်(၁၀)ပွဲ

နိုင်ပွဲပျောက်မှုအများဆုံးအသင်း – ဘီလ်ဘာအို(၁၀)ပွဲ

ရှံးပွဲဆက်မှုအများဆုံးအသင်း – အက်စပန်ညို(၈)ပွဲ

အိမ်ကွင်းဂိုးအပြတ်ဆုံးပွဲ – ဆယ်တာဗီဂို ၆-၀ အလာဗက်စ်

အဝေးကွင်းဂိုးအပြတ်ဆုံးပွဲ – အိုဆာဆူနာ ၀-၅ အသက်လက်တီကို / အလာဗက်စ် ၀-၅ ဘာစီလိုနာ

Photo Credit : All Football

အဝါကတ်အများဆုံးအပြခံရသူ – ပီကေး/ဘာစီလိုနာ (၁၅ကြိမ်)

အနီကတ်အများဆုံးအပြခံရသူ – ဖက်ဒယ်/ဘက်တစ် ဖယ်ကီအာ/ဘက်တစ် လီကန်အင်း/ဗလင်စီယာ လွန်းဂလတ်/ဘာစီလိုနာ နီယွန်/ဂီတာဖေး ရွန်ကာဂလီယာ/အိုဆာဆူနာ (၂ကြိမ်စီ)

အဝါကတ်အများဆုံးအပြခံရတဲ့အသင်း- ဂီတာဖေး (၁၂၆ကတ်)

အနီကတ်အများဆုံးအပြခံရတဲ့အသင်း – အက်စပန်ညို ဘက်တစ် (၉ကတ်စီ)

အဝါကတ်အနည်းဆုံးအပြခံရတဲ့အသင်း- လီဗန်တေး (၆၉ကတ်)

အနီကတ်အနည်းဆုံးအပြခံရတဲ့အသင်း – ဗယ်လာဒိုးလစ် (လုံးဝအပြမခံခဲ့ရ)