နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင် ခြေထောက်ဒဏ်ရာကြောင့် အင်္ဂလန်အသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ထားခဲ့တဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်က လတ်တလောမှာ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ အပန်းဖြေလျက် ရှိနေခြင်းအပေါ် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဂါရတ်ဆောက်ဂိတ်က ကစားသမားဘက်ကနေ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

Manchester United star Marcus Rashford went on a surprise New York trip

 

Photo Credit : The Sun

ဒီရာသီမှာ အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသလျက် ရှိနေသူ ရပ်ရှ်ဖို့ဒ်ဟာ အင်္ဂလန်ရဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲအတွက် ရွေးချယ်ထားတဲ့ ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ပေမယ့် ခြေချောင်းဒဏ်ရာ အခြေအနေကြောင့် လူစာရင်းကနေ ပြန်လည် နုတ်ထွက်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းနဲ့ မပူးပေါင်းနိုင်တဲ့ ရပ်ရှ်ဖို့ဒ်က နယူးယော့ခ်မှာ mini-break လေး ယူနေပြီး အဲ့ဒီ ဓါတ်ပုံတွေလည်း ထွက်ပေါ်လာချိန်မှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ရပ်ရှ်ဖို့ဒ်အပေါ် ကာကွယ်တဲ့ စကားတွေသာ ပြောဆိုသွားခဲ့ပါတယ်။

England boss Gareth Southgate defended Manchester United star Marcus Rashford

Photo Credit : The Sun

ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သတ်ပြီး ဆောက်ဂိတ်က “သူ့အနေနဲ့ အသင်းကနေ နုတ်ထွက်ခဲ့ပြီးချိန်မှာ သူရဲ့အချိန်တွေကို ဘယ်လို ကုန်ဆုံးမလဲဆိုတာက သူ့အပေါ်မှာပဲ မူတည်နေပါတော့တယ်။ ကစားသမားတွေက အနားယူချိန်လည်း အများကြီး မရထားသေးပါဘူး။ သူတို့က တနင်္ဂနွေနေ့ ပွဲအပြီးမှာပဲ ဘယ်နေရာကိုမဆို ခရီးနှင်ပါလိမ့်မယ်။ သူတို့မှာ (၄၈)နာရီရမယ်ဆိုရင် ဒါကို သူတို့ အခွင့်ကောင်းယူရပါမယ်” လို့ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

Full time celebrates following England's 2-1 win over Italy.

Photo Credit : Twitter

အင်္ဂလန်နဲ့ အီတလီအသင်းတို့ရဲ့ ယူရိုခြေစစ်ပွဲ မတိုင်ခင်မှာ ရပ်ရှ်ဖို့ဒ် အပါအဝင် မေဆန်မောင့် နစ်ပုတ်တို့လည်း အသင်းရဲ့ လူစာရင်းကနေ အသီးသီး နုတ်ထွက်ထားခဲ့ပေမယ့် အင်္ဂလန်က အီတလီကို အဝေးကွင်းမှာ ဒက်ကလန်ရိုက်စ် ဟာရီကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး ဒီညမှာလည်း ဒုတိယမြောက် ခြေစစ်ပွဲအဖြစ် ယူကရိန်းအသင်းနဲ့ ထပ်မံ ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။