ဆောက်သမ်တန်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဘရိုဟာ လစ်ဗာမန်တိုတို့ကို အငှားစာချုပ် အပြီးသတ်ခေါ်ယူမှုတွေနဲ့ ခေါ်ယူအားဖြည့်ခဲ့ဖူးသလို လာမယ့်ဘောလုံးရာသီမှာလည်း နောက်ထပ် ပရိးမီးယားလိဂ် အင်အားကြီး အသင်းကြီးဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေဖြစ်တဲ့ လီယန်ဒီလပ်နဲ့ ဂါဗင်ဘဇူနူတို့ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

Southampton star Armando Broja was on the books at Tottenham but joined Chelsea and is taking the Premier League by storm aged just 20

Photo Credit : talkSPORT

ဆောက်သမ်တန်အသင်းဟာ ပြီးခဲ့တဲ့နွေတုန်းက ချယ်လ်ဆီးကနေ ညာနောက်ခံလူ လစ်ဗာမန်တိုကို အပြီးသတ် ခေါ်ယူခဲ့ပြီး အယ်လ်ဘေးနီးယား တိုက်စစ်ကစားသမား ဘရိုဟာကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ရာ ကစားသမားနှစ်ဦးလုံးက အသင်းအတွက် အကျိုးပြုနိုင်ခဲ့တာကြောင့် လာမယ့်နွေမှာပါ အလားတူ ခေါ်ယူမှုတွေကို ထပ်မံလုပ်ဆောင်သွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဆောက်သမ်တန်အသင်းက မန်စီးတီးအသင်းရဲ့ အကယ်ဒမီက ကစားသမားတွေဖြစ်တဲ့ ဂိုးသမားလေးဘဇူနုူနဲ့ တိုက်စစ်ကစားသမားလေးဒီလပ်တို့ကို ခေါ်ယူသွားဖို့ ကြိုးပမ်းဖွယ် ရှိနိုင်ပါတယ်။

His Manchester City pal Gavin Bazunu could also head to St Mary's after a loan at rivals Portsmouth

Photo Credit : The Sun

အသက်(၂၀)အရွှယ်ရှိ အိုင်ယာလန်လက်ရွေးစင် ဂိုးသမားဘဇူနူဟာ မန်စီးတီးအသင်းရဲ့ ဂိုးသမားဖြစ်ပြီး လက်ရှိမှာတော့ လိဂ်ဝမ်းကလပ် ပို့စ်မောက်အသင်းမှာ အငှားနဲ့ ပါဝင်ကစားနေတာဖြစ်ပါတယ်။ လက်ရှိ ဆောက်သမ်တန်အသင်းမှာ ရှိနေတဲ့ ဂိုးသမားတွေဖြစ်တဲ့ ဖော်စတာ မက္ကာသီနဲ့ ကာဘယ်လယ်ရိုတို့ဟာ ဒီရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်တွေ ကုန်ဆုံးကြတော့မှာဖြစ်လို့ ဘနူဇူကို အငှားစာချုပ်နဲ့ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အိုင်းရှစ်ဂိုးသမား ဘနူဇူဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ပေါ်တူဂီနဲ့ အိုင်ယာလန်ပွဲစဉ်အတွင်း ပေါ်တူဂီကြယ်ပွင့် ရော်နယ်လ်ဒိုရဲ့ ပင်နယ်တီကန်သွင်းချက်ကို ကာကွယ်ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Liam Delap is a summer transfer target for Southampton

Photo Credit : The Sun

အသက်(၁၉)နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် တိုက်စစ်မှူးလေး လီယန်ဒီလပ်က ဆောက်သမ်တန် ကစားသမားဟောင်းကြီး ရွိုင်းဒီလပ်ရဲ့ သားဖြစ်ပြီး မန်စီးတီးလူငယ်အသင်းမှာ အတောက်ပဆုံး ကစားသမားဖြစ်လို့ စီနီယာအသင်း လူစာရင်းမှာပါ ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။ ဒါပေမယ့် စီနီယာအသင်းအတွက် သိပ်ကစားခွင့်မရသေးတဲ့ ဒီလပ်ဟာ စီးတီးလူငယ်အသင်းမှာတော့ အတော်လေးကို ခြေစွာနေပြီး ဂိုးတွေလည်း များစွာသွင်းယူထားနိုင်ခဲ့ပါတယ်။ မန်စီးတီးက လာမယ့်ရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဟော်လန်းနဲ့ အဲဗာရက်ဇ်တို့ကိုပါ ခေါ်ယူထားတာဖြစ်လို့ ဒီလပ်အနေနဲ့ သူ့အနာဂတ်အတွက် စဉ်းစားလာနိုင်ပြီး အနည်းဆုံးတော့ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့သွားနိုင်ပါတယ်။