ဒီေနာက္ပုိင္း ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ေျခစြမ္းပုိင္းေတြ တျဖည္းျဖည္းက်ဆင္းလာခဲ႔ရၿပီး ေနာက္ပုိင္းကစားခဲ႔တဲ့ ေနာရစ္ခ်္အသင္းနဲ႔ ပြဲစဥ္မွာပါ သေရတစ္မွတ္ရေအာင္ မနည္းရုန္းကန္ႀကိဳးစားခဲ႔ရတဲ႔ စပါးအသင္းဟာ ဒီေန႔မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္(၂၁)အျဖစ္ ေဆာက္သမ္တန္အသင္းနဲ႔ အေဝးကြင္းမွာ သြားေရာက္ကစားခဲ႔ရၿပီး အိမ္ရွုင္ေဆာက္သမ္တန္က ဒင္နီအင့္ရဲ႕တစ္ဂုိးတည္းနဲ႔ အႏုိင္ရရွိသြားခဲ႔ပါတယ္။

ဧည့္သည္စပါးအသင္းက ဒီေန႔ပြဲစဥ္မွာ ၄-၃-၂-၁ ကစားပုံကုိ အသုံးျပဳလာခဲ႔ၿပီး ဟယ္ရီကိန္း ေမာ္ရာ အလီ အဲရစ္ဆင္ အမ္ဒြန္ဘီလီ ဆစ္ဆုိခုိ အယ္ဒါဝီရယ္ ဗာတြန္ဂန္ ေအာ္ရီယာ ဆက္ဆီႏြန္နဲ႔ ဂါဇာနီကာတုိ႔ကုိ ထုတ္သုံးလာခဲ႔ပါတယ္။ ေနာက္ပုိင္းပြဲေတြမွာ ရလဒ္ေတြေကာင္းေနခဲ႔ၿပီး ၃ပြဲဆက္ ရွုံးပြဲမရွိေသးတဲ႔ ေဆာက္သမ္တန္ကလည္း အသင္းရဲ႕ဂုိးသြင္းစက္ ဒင္နီအင့္ကုိ ဦးေဆာင္အသုံးျပဳလာၿပီး စပါးအသင္းကုိ အေကာင္းဆုံးဧည့္ခံကစားသြားခဲ႔ပါတယ္။ ပထမပုိင္းပြဲကစားခ်ိန္ေတြအတြင္းမွာ အသင္းႏွစ္သင္းလုံး ဂုိးသြင္းခြင့္ေတြ ပုိမုိရရွိခဲ႔ေပမယ့္ ကစားပုံအရေတာ့ အိမ္ရွင္ေဆာက္သမ္တန္က ပုိေကာင္းေနခဲ႔သလုိ Chances ပုိင္းမွာေတာ့ ေကာင္တာေတြ တစ္ဦးခ်င္းေကာင္းမြန္မႈေတြရွိခဲ႔တဲ႔ စပါးက ဂုိးေပါက္တည့္ကန္ခ်က္ ပုိမ်ားခဲ႔ပါတယ္။ ဒါေပမယ့္ စပါးရဲ႕တုိက္စစ္ဆင္မႈေတြက အားရစရာ အေနအထားမွာ ရွိမေနခဲ႔ပဲ ေဆာက္သမ္တန္အသင္းရဲ႕၁၇မိနစ္အတြင္း တုိက္စစ္မွဴးအင့္ရဲ႕အယ္ဒါဝီရယ္ကုိေက်ာ္ျဖတ္ၿပီး ပိတ္သိမ္းခဲ႔တဲ႔ ဂုိးကန္ခ်က္ကပဲ အိမ္ရွင္အတြက္ အဖြင့္ဂုိးျဖစ္လာခဲ႔ရၿပီး ပထမပုိင္းကုိ ဦးေဆာင္ႏုိင္ခဲ႔ရပါတယ္။

ဒုတိယပုိင္း ျပန္လည္စတင္ခ်ိန္မွာလည္း ဧည့္သည္စပါးအသင္းက လုိအပ္တဲ႔ေခ်ပဂုိးကုိ ျပန္လည္သြင္းယူႏုိင္ဖုိ႔ အသင္းရဲ႕တုိက္စစ္က အေကာင္းဆုံးအေနအထားတစ္ခုမွာ ရွိမေနႏုိင္ခဲ႔ပဲနဲ႔ တစ္ဂုိးတည္းနဲ႔ ဦးေဆာင္ေနခဲ႔တဲ႔ အိမ္ရွင္ကပဲ အေကာင္းဆုံးပုံစံနဲ႔ စပါးကုိ ထိန္းခ်ဳပ္ကစားၿပီး အခြင့္အေရးတခ်ိဳ႕လည္း ရရွိခဲ႔ပါေသးတယ္။ တုိက္စစ္ပုိင္းအတြက္ လူစားလဲဖုိ႔ လာမယ္လာတစ္ဦးတည္းသာ အရန္ခုံမွာရွိေနတဲ႔ အေနအထားေၾကာင့္လည္း ေမာ္ရင္ဟုိအတြက္ ေခါင္းခဲေစခဲ႔ရၿပီး မိနစ္၇၀ေက်ာ္မွာ သြင္းဂုိးရယူဖုိ႔ ႀကိဳးစားရင္း ဟယ္ရီကိန္း ဒဏ္ရာရသြားခဲ႔လု႔ိပါ ေရြးခ်ယ္စရာနည္းခဲ႔ရၿပီး လာမယ္လာကုိ မျဖစ္မေန ထည့္သြင္းအသုံးျပဳလာခဲ႔ရပါတယ္။ တုိက္စစ္ပုိင္း ရုန္းကန္မႈေတြရွိေနခဲ့တဲ႔အျပင္ ကိန္းကပါ ဒဏ္ရာရသြားခဲ႔လုိ႔ စပါးတုိက္စစ္က ပုိအားနည္းသြားခဲ႔ၿပီး ေဆာက္သမ္တန္ကပဲ ဒီရလဒ္အတုိင္း ေအာင္ပြဲခံသြားႏုိင္ခဲ႔ပါတယ္။

အျခားအသင္းေတြရဲ႕ရလဒ္မ်ား

နယူးကာဆဲလ္ ၀-၃ လက္စတာ

ဝက္ဖုိဒ့္ ၂-၁ ဝုလ္ဗ္

(Unicode)

စိန့်မေရီမှာ အိမ်ရှင်ဆောက်သမ်တန်ကို ၃နှစ်ဆက်တိုက် အနိုင်မယူနိုင်ခဲ့တဲ့ စပါး

ဒီနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းတွေ တဖြည်းဖြည်းကျဆင်းလာခဲ့ရပြီး နောက်ပိုင်းကစားခဲ့တဲ့ နောရစ်ချ်အသင်းနဲ့ ပွဲစဉ်မှာပါ သရေတစ်မှတ်ရအောင် မနည်းရုန်းကန်ကြိုးစားခဲ့ရတဲ့ စပါးအသင်းဟာ ဒီနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၁)အဖြစ် ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားခဲ့ရပြီး အိမ်ရှုင်ဆောက်သမ်တန်က ဒင်နီအင့်ရဲ့တစ်ဂိုးတည်းနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဧည့်သည်စပါးအသင်းက ဒီနေ့ပွဲစဉ်မှာ ၄-၃-၂-၁ ကစားပုံကို အသုံးပြုလာခဲ့ပြီး ဟယ်ရီကိန်း မော်ရာ အလီ အဲရစ်ဆင် အမ်ဒွန်ဘီလီ ဆစ်ဆိုခို အယ်ဒါဝီရယ် ဗာတွန်ဂန် အော်ရီယာ ဆက်ဆီနွန်နဲ့ ဂါဇာနီကာတို့ကို ထုတ်သုံးလာခဲ့ပါတယ်။ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေကောင်းနေခဲ့ပြီး ၃ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ ဆောက်သမ်တန်ကလည်း အသင်းရဲ့ဂိုးသွင်းစက် ဒင်နီအင့်ကို ဦးဆောင်အသုံးပြုလာပြီး စပါးအသင်းကို အကောင်းဆုံးဧည့်ခံကစားသွားခဲ့ပါတယ်။ ပထမပိုင်းပွဲကစားချိန်တွေအတွင်းမှာ အသင်းနှစ်သင်းလုံး ဂိုးသွင်းခွင့်တွေ ပိုမိုရရှိခဲ့ပေမယ့် ကစားပုံအရတော့ အိမ်ရှင်ဆောက်သမ်တန်က ပိုကောင်းနေခဲ့သလို Chances ပိုင်းမှာတော့ ကောင်တာတွေ တစ်ဦးချင်းကောင်းမွန်မှုတွေရှိခဲ့တဲ့ စပါးက ဂိုးပေါက်တည့်ကန်ချက် ပိုများခဲ့ပါတယ်။ ဒါပေမယ့် စပါးရဲ့တိုက်စစ်ဆင်မှုတွေက အားရစရာ အနေအထားမှာ ရှိမနေခဲ့ပဲ ဆောက်သမ်တန်အသင်းရဲ့၁၇မိနစ်အတွင်း တိုက်စစ်မှူးအင့်ရဲ့အယ်ဒါဝီရယ်ကိုကျော်ဖြတ်ပြီး ပိတ်သိမ်းခဲ့တဲ့ ဂိုးကန်ချက်ကပဲ အိမ်ရှင်အတွက် အဖွင့်ဂိုးဖြစ်လာခဲ့ရပြီး ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ဧည့်သည်စပါးအသင်းက လိုအပ်တဲ့ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ဖို့ အသင်းရဲ့တိုက်စစ်က အကောင်းဆုံးအနေအထားတစ်ခုမှာ ရှိမနေနိုင်ခဲ့ပဲနဲ့ တစ်ဂိုးတည်းနဲ့ ဦးဆောင်နေခဲ့တဲ့ အိမ်ရှင်ကပဲ အကောင်းဆုံးပုံစံနဲ့ စပါးကို ထိန်းချုပ်ကစားပြီး အခွင့်အရေးတချို့လည်း ရရှိခဲ့ပါသေးတယ်။ တိုက်စစ်ပိုင်းအတွက် လူစားလဲဖို့ လာမယ်လာတစ်ဦးတည်းသာ အရန်ခုံမှာရှိနေတဲ့ အနေအထားကြောင့်လည်း မော်ရင်ဟိုအတွက် ခေါင်းခဲစေခဲ့ရပြီး မိနစ်ရ၀ကျော်မှာ သွင်းဂိုးရယူဖို့ ကြိုးစားရင်း ဟယ်ရီကိန်း ဒဏ်ရာရသွားခဲ့လို့ပါ ရွေးချယ်စရာနည်းခဲ့ရပြီး လာမယ်လာကို မဖြစ်မနေ ထည့်သွင်းအသုံးပြုလာခဲ့ရပါတယ်။ တိုက်စစ်ပိုင်း ရုန်းကန်မှုတွေရှိနေခဲ့တဲ့အပြင် ကိန်းကပါ ဒဏ်ရာရသွားခဲ့လို့ စပါးတိုက်စစ်က ပိုအားနည်းသွားခဲ့ပြီး ဆောက်သမ်တန်ကပဲ ဒီရလဒ်အတိုင်း အောင်ပွဲခံသွားနိုင်ခဲ့ပါတယ်။

အခြားအသင်းတွေရဲ့ရလဒ်များ

နယူးကာဆဲလ် ၀-၃ လက်စတာ

ဝက်ဖိုဒ့် ၂-၁ ဝုလ်ဗ်