MySport Myanmar

အန်းဒရစ်ခ်ကို အငှားနဲ့ ခေါ်ချင်နေတဲ့ အသင်းတွေထဲမှာ ဆောက်သမ်တန်ပါ ပါဝင်လာ

ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် ဆယ်ကျော်သက် ကြယ်ပွင့်တိုက်စစ်ကစားသမားလေး အန်းဒရစ်ခ်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ပရီးမီးယားလိဂ် တန်းတက်ကလပ် ဆောက်သမ်တန်အသင်းလည်း ပါဝင်နေတယ်လို့ talkSPORT သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၁၈)နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် တိုက်စစ်မှူးလေး အန်းဒရစ်ခ်ဟာ ဒီနွေမှာပဲ ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်အသင်းကနေ ရီးယဲလ်အသင်းဆီ ရောက်ရှိလာခဲ့ပြီး ဒီနွေမှ သူနဲ့အတူ ရီးယဲလ်ကို ရောက်လာခဲ့တဲ့ ဘာပေအပြင် ဗင်နီစီယပ်စ် ရိုဒရီဂိုတို့နဲ့အပြိုင် အသင်းမှာ နေရာရဖို့ ခက်ခဲနေသူလည်း ဖြစ်ပါတယ်။

Photo Credit : Goal

အန်းဒရစ်ခ်က သူရဲ့ ရီးယဲလ်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲကစားထားပြီး (၂)ဂိုးသွင်း (၁)ဂိုးဖန်တီးထားခဲ့ပေမယ့် အဲ့ဒီ(၁၀)ပွဲလုံးမှာ တစ်ပွဲမှ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားရခြင်း မရှိသေးသလို (၁၀)ပွဲမှာလည်း စုစုပေါင်း (၁၂၂)မိနစ်သာ ကစားထားခဲ့ရပါတယ်။

အန်းဒရစ်ခ်ဟာ ဘရာဇီးလ် လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခံထားခဲ့ရပေမယ့် ရီးယဲလ်မှာ ပွဲကစားခွင့်တွေ ရရှ်ိဖို့ ခက်ခဲနေရချိန် လာမယ့် ဆောင်းဈေးကွက်ထဲ အန်းဒရစ်ခ်ကို အငှားနဲ့ ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေက များလာခဲ့ပါတယ်။ ဒီအသင်းတွေထဲမှာ ပရီးမီးယားလိဂ်က စပါးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ပါ ပါဝင်လာပါတယ်။

Photo Credit : Goal

ဒီရာသီမှ တန်းပြန်တက်လာခဲ့တဲ့ ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပြီး (၁၁)ပွဲကစားထားပြီးချိန် ရမှတ် (၄)မှတ်တည်းနဲ့ အမှတ်ပေးဇယား အောက်ဆုံးကို ရောက်ရှိနေပါတယ်။ ဒါ့အပြင် (၁၁)ပွဲမှာ တိုက်စစ်က (၇)ဂိုးသာ သွင်းထားနိုင်တာကြောင့် တိုက်စစ်ပြသာနာကို ဖြေရှင်းဖို့အတွက် အန်းဒရစ်ခ်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူချင်နေပါတယ်။

ဒါပေမယ့် အန်းဒရစ်ခ်ကို နည်းပြအပြောင်းအလဲ လုပ်ဆောင်ထားတဲ့ ရိုးမားအသင်းနဲ့ ရီးယဲလ် ကစားသမားဟောင်း ရော်နယ်လ်ဒို နာဇာရီယို ပိုင်ဆိုင်ထားတဲ့ ဗယ်လာဒိုးလစ်အသင်းတွေကပါ အငှားနဲ့ ခေါ်ယူဖို့လည်း ဆန္ဒရှိနေကြပါတယ်။ အန်းဒရစ်ခ်ကိုယ်တိုင်ကတော့ တခြားအသင်းတွေဆီ အငှားထွက်ဖို့ထက် ရီးယဲလ်မှာသာ ဆက်နေသွားချင်နေပါတယ်။

Exit mobile version