ချယ်လီးအသင်းဟာ အခုနွေဈေးကွက်အတွင်း ကူလီဘလီ ကင်ဘမ်ပေ နေသန်အကီတို့လို ခံစစ်ကစားသမားတွေကို ဆက်တိုက် ခေါ်ယူသွားဖွယ် ရှိနေတာကြောင့် ဒီကစားသမားတွေ ရောက်လာချိန် အသင်းမှာ နေရာပျောက်ရနိုင်တဲ့ လူငယ်ခံစစ်ကစားသမားလေး လီဗိုင်းကော့လ်ဝဲလ်က သူရဲ့အနာဂတ်အတွက် အသင်းကနေ အပြီးသတ် ထွက်ခွာဖွယ် ရှိနေပါတယ်။

Image

Photo Credit : Twitter

ရူဒီဂါ ခရစ္စတန်ဆန်တို့လို ခံစစ်ကစားသမားတွေကို အသင်းကနေ free transfer နဲ့ လက်လွတ်ခဲ့ရပြီး အလွန်ဆိုနဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာတို့ရဲ့ အနာဂတ် အခြေအနေတွေပါ မရေမရာ ဖြစ်လာခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ နွေဈေးကွက်ထဲမှာ အသင်းအတွက် ခံစစ်ပိုင်းကိုသာ ဦးစားပေး ဖြည့်တင်းသွားဖို့ လုပ်ဆောင်နေရတာ ဖြစ်တယ်လို့ အသင်းနည်းပြ သောမတ်စ်တူဟယ်လ်ကိုယ်တိုင် ဝန်ခံပြောဆိုထားခဲ့ပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးဟာ နာပိုလီခံစစ်မှူး ကူလီဘလီကို ခေါ်ယူနိုင်ဖို့က သေချာသွားခဲ့ပြီဖြစ်သလို ပီအက်စ်ဂျီခံစစ်မှူး ကင်ဘမ်ပေနဲ့ မန်စီးတီးခံစစ်မှူးအကီတို့ပါ ဆက်တိုက် ခေါ်ယူသွားဖို့ပါ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

ဒီလို အခြေအနေသာ ရှိလာခဲ့မယ်ဆိုရင် လက်ရှိ ချယ်လ်ဆီးခံစစ်မှာ ရှိနေကြတဲ့ ဝါရင့်နောက်ခံလူကြီး သီယာဂိုဆေးလ်ဗားအပြင် ချာလိုဘာ မာလန်ဆားတို့နဲ့အတူ ဟတ်ဒါဖီးလ်အသင်းကနေ အငှားပြည့်လို့ အသင်းဆီ ပြန်ရောက်လာမယ့် အကယ်ဒမီထွက် ကစားသမားလေး လီဗိုင်းကော့လ်ဝဲလ်ပါ ရှိနေတော့မှာဖြစ်လို့ center-back အရေအတွက်က လိုတာထက် ပိုများသွားနိုင်ပြီး ပုံမှန်နေရာအတွက်လည်း ခက်ခဲနိုင်ဖွယ် ရှိနေရပါတယ်။ ဒီအခြေအနေမှာ ဆယ်ကျော်သက် နောက်ခံကစားသမားလေး ကော့လ်ဝဲလ်က အသင်းကနေ အငှားနဲ့ ထွက်ခွာသွားတာမျိုးထက် အသင်းတစ်သင်းဆီကို အပြီးသတ် ပြောင်းရွှေ့ဖို့သာ ဆန္ဒရှိလာခဲ့ပါတယ်။ အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဗဟိုခံစစ် ကစားသမားလေး ကော့လ်ဝဲလ်ဟာ ဟတ်ဒါဖီးလ်အသင်းမှာ အငှားနဲ့ ပါဝင်ခဲ့စဉ်က အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး အသင်းကိုလည်း ပရီးမီးယားလိဂ်ဆီ တတ်လှမ်းနိုင်မယ့် ပလေးအော့ဖိုင်နယ်အထိပါ ပို့ဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းမှာ နေရာရဖို့ ခက်ခဲနေသူ ကော့လ်ဝဲလ်ကို ဆောက်သမ်တန်နဲ့ လက်စတာအသင်းတွေက စိတ်ဝင်စားနေကြပြီး ဆောက်သမ်တန်အသင်းက ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရသလို ကော့လ်ဝဲလ်ကိုယ်တိုင်ကလည်း သူရဲ့အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးနဲ့ ဆွေးနွေးမှုတွေကို ခပ်သွက်သွက် လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။