နာမည်ကြီးဘောလုံးဝေဖန် သုံးသပ်သူအဖြစ် လုပ်ဆောင်နေတဲ့ ဘောလုံးသမားဟောင်းကြီး ဆောင်းနက်စ်ကတော့ အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းကို အိမ်ကွင်း အမ်းမရိတ် မှာ လေးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီး အာဆင်နယ်အသင်းရဲ့ တိုက်စစ် ကစားသမားတစ်ဦးဖြစ်တဲ့ နီကိုလပ်စ် ပေပေကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

နွေရာသီအပြောင်းအရွှေ့မှာ လိုင်လီအသင်းကနေ ပေါင်၇၂သန်းနဲ့ ပြောင်းရွှေ့လာခဲ့အပြီးမှာ ထိုက်တန်တဲ့ခြေစွမ်းကောင်းတွေကို မပြသနိုင်ခဲ့တဲ့ ပေပေဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပြီး မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးကာ ခြေစွမ်းပြခဲ့တာကြောင့် ဝေဖန်မှုတွေ အနည်းငယ် လျော့ကျသွားစေခဲ့ပါတယ်။

Photo Credit: Metro.com

ဆောင်းနက်စ်ကတော့ ပေပေဟာ အရည်အချင်း ပြည့်ဝတဲ့ ကစားသမား ဖြစ်ကြောင်းနဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမား ဖြစ်တဲ့ အွန်နရီတောင်မှ သူ့ရဲ့ပထမဦးဆုံး ရာသီမှာ ရုန်းကန်ခဲ့ရပြီး နောက်ပိုင်းမှသာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာတာကြောင့် ပေပေဟာလည်း အဲ့ဒီလို ဖြစ်လာမယ့်သူလို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Getty Images.com

ဆောင်းနက်စ်က ” ကျွန်တော်က သူ့ကို သဘောကျပါတယ်။ ကျွန်တော့်ရဲ့ အမြင်မှာတော့ သူက အရမ်းကောင်းတဲ့သူတစ်ဦးပါ။ ခင်ဗျားက အွန်နရီရဲ့အကြောင်းကို ပြန်ပြီး တွေးတောကြည့်ရင်း သူ့ရဲ့ ပထမဦးဆုံးဘောလုံးရာသီကလဲ မချောမွေ့ခဲ့တာကို ပြန်မြင်ရမယ်။ အွန်နရီက အသားကျဖို့ အချိန်လိုခဲ့ပါတယ်။ ပေပေလဲ ဒီလိုပါပဲ။ သူ့မှာ အရမ်းလျင်မြန်တဲ့ ခြေထောက်တွေရှိပြီး သူက ငယ်သေးတဲ့သူပါ ” လို့ ချီးကျူးသွားခဲ့တာပါ။