MySport Myanmar

နေမာက ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်လို့ ဆွန်ဟောင်မင် မှတ်ချက်ပြု

တောင်ကိုရီးယား ကြယ်ပွင့်ကစားသမား ဆွန်ဟောင်မင်က မနက်ဖြန်မှာ နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ရင်ဆိုင်သွားရတော့မယ့် ဘရာဇီးလ်အသင်းရဲ့ တိုက်စစ်ကစားသမား နေမာက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SPORTbible

အသက်(၂၉)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူရဲ့ကလပ်အသင်း တော့တင်ဟမ်ဟော့စပါးအတွက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပထမဆုံးအကြိမ် ပိုင်ဆိုင်နိုင်ခဲ့တဲ့ အာရှဘောလုံးသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသလို အသင်းကိုပါ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိအောင် အဓိကနေရာကနေ တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ အခုတော့ ဆွန်ဟာ သူရဲ့ တောင်ကိုရီးယားနိုင်ငံဆီ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာခြေစမ်းပွဲတွေကို ဝင်ရောက်ဆင်နွဲရတော့မှာ ဖြစ်ပါတယ်။

Photo Credit : ESPN

ဆွန်ဟောင်မင်ရဲ့ တောင်ကိုရီးယားအသင်းဟာ မနက်ဖြန်မှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် နံပါတ်တစ်နေရာမှာ ရပ်တည်နေတဲ့ ဘရာဇီးလ်အသင်းနဲ့ ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဘရာဇီးလ်အသင်းကို ဦးဆောင်လာမယ့် တိုက်စစ်ကစားသမား နေမာက တကယ့်ကို world-class player တစ်ဦး ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးလို့ ဆွန်က ပြောဆိုသွားခဲ့ပါတယ်။ နေမာနဲ့ ပတ်သက်ပြီး ဆွန်က “နေမာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ပြီးတော့ ကျွန်တော်လည်း ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာဖို့အတွက် ကြိုးစားပမ်းစား လုပ်ဆောင်နေတယ်လို့ ထင်မိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ စပါးနဲ့ တောင်ကိုရီးယားအသင်းတို့အတွက် မရှိမဖြစ် ကစားသမားဖြစ်နေရသူ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက သူ့ကစားသမားဘဝရဲ့ အကောင်းဆုံးသော ရာသီတစ်ခု ဖြစ်ခဲ့ရပြီး လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာနဲ့အတူ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပူးတွဲပိုင်ဆိုင်ခဲ့ရသလို တကယ့်ကို အရည်အသွေးပြည့်ဝတဲ့ တိုက်စစ်ကစားသမားတွေကို ကျော်ဖြတ်ပြီး ဒီလိုဆုကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းက ဆွန်အတွက် အတော်လေး ဂုဏ်ယူစရာ ဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာ မွေးရပ်မြေကို ပြန်လည်ရောက်ရှိနေတဲ့ ဆွန်ဟာ ဒီဇွန်လအတွင်းမှာ အသင်းနဲ့အတူ ခြေစွမ်းပွဲစဉ်တွေအဖြစ် ဘရာဇီးလ် ချီလီ ပါရာဂွေးတို့အပြင် သူနဲ့ ရွှေဖိနပ်ဆုကို ပူးတွဲပိုင်ဆိုင်ခဲ့သူ မိုဆာလာရဲ့ အီဂျစ်အသင်းနဲ့ပါ ထိပ်တိုက်တွေ့ဆုံသွားရမှာ ဖြစ်ပါတယ်။

Exit mobile version