စပါးအသင်းရဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ သူ့ရဲ့ အမိမြေ တောင်ကိုးရီးယားနိုင်ငံအတွက် (၃) ပတ်ကြာ စစ်မှူးထမ်းဖို့ ဂျယ်ကျူကွန်း အခြေစိုက် ရေတပ်စခန်းကို ရောက်ရှိနေပြီ ဖြစ်ပြီး သူ့ကို ရေတပ်စစ်သားတွေကို နွေးထွေးစွာနဲ့ ကြိုဆိုခဲ့ကြတယ်လို့ Dailymail က ဖော်ပြပါတယ်။ တောင်ကိုးရီးယား လက်ရွေးစင် တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ အစိမ်းရောင် ခေါင်းစွပ် အကျီ၊ အနက်ရောင် ဘက်စ်ကက်ဘော ဦးထုပ် နဲ့ နှာခေါင်းစည်းကို ဝတ်ဆင်ထားပြီး ဒီအပတ် ပြီးခဲ့တဲ့ တနင်္လာနေ့က ဂျယ်ဂျုကွန်းက ရေတပ်စခန်းကို စစ်မှုထမ်းဖို့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Dailymail

အသက် (၂၇) နှစ်အရွယ် ဆွန်ဟောင်မင်ဟာ လက်ရှိမှာ ကမ္ဘာ့ ကပ်ရောဂါကြီး ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရပ်နားထားပြီး လက်ကျန် ပွဲစဉ်တွေကို မကစားနိုင်တဲ့ အချိန်မှာ အမိနိုင်ငံ တောင်ကိုးရီးယားနိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တောင်ကိုးရီးယားနိုင်ငံက အမျုးိသားတွေဟာ အသက် (၂၁) နှစ်ကျော်ပြီဆိုရင် မဖြစ်မနေ (၂) နှစ်ကြာ စစ်မှုထမ်းရမှာ ဖြစ်ပေမဲ့ ဆွန်ဟောင်မင်ကတော့ တောင်ကိုးရီးယား လက်ရွေးစင် အသင်းနဲ့ အတူ အောင်မြင်မှု ရရှိခဲ့တာကြောင့် (၂) နှစ်ကြာ မဟုတ်ဘဲ (၃) ပတ် ဖြစ်ခဲ့ပါတယ်။

Photo Credit: Dailymail

တိုက်စစ်မှူး ဆွန်ဟောင်မင်ကတော့ (၂၀၁၈) ခုနှစ်က အာရှဖလား ပြိုင်ပွဲမှာ တောင်ကိုးရီးယား လက်ရွေးစင်အသင်းကို ရွှေတံဆိပ်ဆု ရရှိအောင် ကူညီပေးနိုင်ခဲ့တာကြောင့် တောင်ကိုးရီးယား ဥပဒေအရ (၂) နှစ်ကြာ စစ်မှုထမ်းရမှာကို (၃) ပတ်ကြာသာ စစ်မှုထမ်းရတော့မှာ ဖြစ်ပါတယ်။ စပါးအသင်းမှာ တစ်ပတ်ကို ပေါင် (၁၄၀,၀၀၀) ရရှိနေတဲ့ ဆွန်ဟောင်မင်အနေနဲ့ (၃) ပတ်ကြာ စစ်မှုထမ်းရမယ့် ကာလအတွင်းမှာ မျက်ရည်ယိုဗုံး လေ့ကျင့်ခန်း၊ (၁၈) မိုင်အကွာ ချီတက်မှု လေ့ကျင့်ခန်း နဲ့ အခြား ပစ်ခတ်မှု လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်သွားရမှာပဲ ဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ဘောလုံး ပြိုင်ပွဲတွေ အားလုံး ရပ်နားရတဲ့ အချိန်မှာ စစ်မှုထမ်းရမှာ ဖြစ်လို့ စစ်ရေးလေ့ကျင့်ခန်းများကို ကောင်းစွာ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။