စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ဦး ဖြစ်တဲ့ တောင်ကိုရီးယား နိုင်ငံသားလေး ဆွန်ဟောင်မင်ကတော​့ စပါးအသင်းက အက်စ်တွန်ဗီလာအသင်းကို အဝေးကွင်းမှာ သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့အပြီးမှာတော့ ဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းတစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit:ESPN.com

ဆွန်ဟောင်မင်ဟာ အက်စ်တွန်ဗီလာအသင်း ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ စပါးအသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို ပွဲကစားချိန် ၉၄မိနစ်မှာ သွင်းယူပေးခဲ့ကာ အဆိုပါသွင်းဂိုးဟာ ဆွန်ရဲ့ ပရီးမီးယားလိဂ်ဂိုး ၅၀ ပြည့်မြောက်ခဲ့တဲ့ သွင်းဂိုးလဲ ဖြစ်ပါတယ်။

Photo Credit: ESPN.com

အဆိုပါသွင်းဂိုးကြောင့် ဆွန်ဟောင်မင်ဟာ အင်္ဂလန်ပရီးမီးယားလိဂ်မှာ ဂိုး၅၀ပြည့်မြောက် တဲ့ ပထမဦးဆုံး အာရှသားအဖြစ် မှတ်တမ်းဝင် ခဲ့ပြီလို့ သိရပါတယ်။ ဆွန်ဟောင်မင်ဟာ လက်ရှိ ဘောလုံးရာသီမှာ စပါးအသင်းအတွက် အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၂၅ပွဲပါဝင်ကစားပေးထားကာ ၉ဂိုးသွင်းယူထားပြီး ၇ဂိုးဖန်တီးပေးထားနိုင်သူပါ။

ဂုဏ်ယူပါတယ် ဆွန်ဟောင်မင်ရေ….။