အက္စတြန္ဗီလာကို ၂ -၂ နဲ႔ သေရကစားခဲ့တဲ့ မန္ယူအသင္းရဲ႕ ရလဒ္ေၾကာင့္ နည္းျပဆိုးလ္ရွားအေပၚ ဖိအားေပးေဝဖန္မႈေတြ တိုးသထက္တိုးလာပါတယ္။ ယခုရလဒ္ဟာ မန္ယူအသင္းအတြက္ ၁၉၉၈/၉၉ ရာသီေနာက္ပိုင္း အဆိုးဆုံးစံခ်ိန္ျဖစ္ပါတယ္။ယခုလို တန္းဆင္းဇုံနဲ႔ နီးသထက္နီးလာတဲ့ အေျခအေနေၾကာင့္ မန္ယူပရိသတ္‌ေတြဟာလည္း ေတာ္ေတာ္ေပါက္ကြဲေနၾကပါၿပီ။

Photo Credit: Givemesports

ဒါေၾကာင့္ မန္ယူ ပရိသတ္တစ္ဦးက ဆိုးလ္ရွားအေနနဲ႔ အသုံးမဝင္ေတာ့တဲ့ ကစားသမားေတြကို ေရာင္းထုတ္လိုက္ၿပီဆိုတဲ့ အခ်က္နဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္ေပၚ ေဝဖန္ေရးသားလိုက္ပါတယ္။ ဆိုးလ္ရွားလက္ထက္မွာ မန္ယူကစားသမား (၉) ဦးအထိ ေရာင္းခ်ခဲ့တာျဖစ္ၿပီး လူကာကူနဲ႔ ဟာရဲရားတို႔လို ကစားသမားေတြ အသင္းကေန စြန႔္ခြာရတာဟာ ႀကီးမားတဲ့ ဆုံးရႈံးမႈ ျဖစ္ပါတယ္။

Photo Credit: Givemesports

ဒါ့အျပင္ ေပါင္သန္း (၈၀) နဲ႔ ကူလီဘာလီလို ပိုေကာင္းမြန္တဲ့ ခံစစ္မႉးမ်ိဳး ဝယ္ယူခဲ့သင့္ေၾကာင္း ေထာက္ျပထားပါတယ္။ ဂ်ိမ္းနဲ႔ ဝန္ဘစ္ဆာကာတို႔ဟာ အေတာ္အသင့္ ေကာင္းမြန္တဲ့ ကစားသမားေတြျဖစ္ေပမဲ့ အကယ္ဒမီထြက္ ရပ္ရွ္ဖို နဲ႔ တိုမီေနးတို႔ေလာက္ စြမ္းေဆာင္ရည္ မေကာင္းၾကဘူးလို႔ ဆိုထားပါတယ္။ နည္းျပႀကီးရဲ႕ တိုက္စစ္ဗ်ဴဟာနဲ႔ ပက္သက္ၿပီး ထပ္မံေဝဖန္ထားပါေသးတယ္။ ယခုႏွစ္ရာသီအစမွာ မန္ယူအသင္းဟာ တိုက္စစ္ေမာင္းႏွင္အား အျပည့္နဲ႔ ခ်ဲလ္ဆီးကို (၄)ဂိုးျပတ္ အႏိုင္ရခဲ့ေပမဲ့ ေနာက္ပိုင္းရလဒ္ေတြက အားရစရာမေကာင္းလွပါဘူး။

Photo Credit: Givemesports

နည္းျပႀကီးရဲ႕ တိုက္စစ္ကစားပုံဟာ ေနာက္တန္းအားနည္းခ်က္ကို ဖုံးဖိဖို႔ အတြက္ပဲျဖစ္တယ္လို႔ ေဝဖန္ထားပါတယ္။ မန္ယူအသင္းကို ေက်ာခိုင္းခ်င္ေနၾကတဲ့ ေပါ့ဘာနဲ႔ အသင္းမွာ မေပ်ာ္ေတာ့တဲ့ မာတစ္ အျပင္ အသင္းရဲ႕ တန္းဆင္းဇုန္နားကပ္ေနတဲ့ အေျခအေနမ်ားေၾကာင့္ နည္းျပဆိုးလ္ရွားရဲ႕ နားထဲ ေဝဖန္သံေတြ ညံေနဦးမွာပဲ ျဖစ္ပါတယ္။

{unicode}

အက်စတွန်ဗီလာကို ၂ -၂ နဲ့ သရေကစားခဲ့တဲ့ မန်ယူအသင်းရဲ့ ရလဒ်ကြောင့် နည်းပြဆိုးလ်ရှားအပေါ် ဖိအားပေးဝေဖန်မှုတွေ တိုးသထက်တိုးလာပါတယ်။ ယခုရလဒ်ဟာ မန်ယူအသင်းအတွက် ၁၉၉၈/၉၉ ရာသီနောက်ပိုင်း အဆိုးဆုံးစံချိန်ဖြစ်ပါတယ်။ယခုလို တန်းဆင်းဇုံနဲ့ နီးသထက်နီးလာတဲ့ အခြေအနေကြောင့် မန်ယူပရိသတ်‌တွေဟာလည်း တော်တော်ပေါက်ကွဲနေကြပါပြီ။

Photo Credit: Givemesports

ဒါကြောင့် မန်ယူ ပရိသတ်တစ်ဦးက ဆိုးလ်ရှားအနေနဲ့ အသုံးမဝင်တော့တဲ့ ကစားသမားတွေကို ရောင်းထုတ်လိုက်ပြီဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ် ဝေဖန်ရေးသားလိုက်ပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ မန်ယူကစားသမား (၉) ဦးအထိ ရောင်းချခဲ့တာဖြစ်ပြီး လူကာကူနဲ့ ဟာရဲရားတို့လို ကစားသမားတွေ အသင်းကနေ စွန့်ခွာရတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။

Photo Credit: Givemesports

ဒါ့အပြင် ပေါင်သန်း (၈၀) နဲ့ ကူလီဘာလီလို ပိုကောင်းမွန်တဲ့ ခံစစ်မှူးမျိုး ဝယ်ယူခဲ့သင့်ကြောင်း ထောက်ပြထားပါတယ်။ ဂျိမ်းနဲ့ ဝန်ဘစ်ဆာကာတို့ဟာ အတော်အသင့် ကောင်းမွန်တဲ့ ကစားသမားတွေဖြစ်ပေမဲ့ အကယ်ဒမီထွက် ရပ်ရှ်ဖို နဲ့ တိုမီနေးတို့လောက် စွမ်းဆောင်ရည် မကောင်းကြဘူးလို့ ဆိုထားပါတယ်။ နည်းပြကြီးရဲ့ တိုက်စစ်ဗျူဟာနဲ့ ပက်သက်ပြီး ထပ်မံဝေဖန်ထားပါသေးတယ်။ ယခုနှစ်ရာသီအစမှာ မန်ယူအသင်းဟာ တိုက်စစ်မောင်းနှင်အား အပြည့်နဲ့ ချဲလ်ဆီးကို (၄)ဂိုးပြတ် အနိုင်ရခဲ့ပေမဲ့ နောက်ပိုင်းရလဒ်တွေက အားရစရာမကောင်းလှပါဘူး။

Photo Credit: Givemesports

နည်းပြကြီးရဲ့ တိုက်စစ်ကစားပုံဟာ နောက်တန်းအားနည်းချက်ကို ဖုံးဖိဖို့ အတွက်ပဲဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။ မန်ယူအသင်းကို ကျောခိုင်းချင်နေကြတဲ့ ပေါ့ဘာနဲ့ အသင်းမှာ မပျော်တော့တဲ့ မာတစ် အပြင် အသင်းရဲ့ တန်းဆင်းဇုန်နားကပ်နေတဲ့ အခြေအနေများကြောင့် နည်းပြဆိုးလ်ရှားရဲ့ နားထဲ ဝေဖန်သံတွေ ညံနေဦးမှာပဲ ဖြစ်ပါတယ်။