မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ နည္းၿပ ျဖစ္သူ အိုေလဂန္နာ ဆိုးလ္ရွားကေတာ့ ယခုႏွစ္ ေဘာလုံးရာသီမွာ ရယူဖို႔ မျဖစ္နိုင္ေတာ့တဲ့ ပရီးမီးယားလိဂ္ဖလားကို လာမယ့္ေဘာလုံးရာသီမွာေတာ့ ရယူနိုင္ဖို႔အတြက္ ႀကိဳးစားသြားမယ္လို႔ၾကဳံးဝါး ေျပာဆိုသြားခဲ့ပါတယ္။ ယူနိုက္တက္ ဟာ လက္ရွိအခ်ိန္မွာ အမွတ္ေပးဇယားရဲ့ အဆင့္ငါးေနရာမွာ ရပ္တည္ေနတာပါ။

Photo Credit: Daily Express.com

ယူနိုက္တက္အသင္းဟာ ဂႏၲဝင္နည္းျပႀကီး ဖာဂူဆန္အလြန္မွာ အမွတ္ေပးဖလားနဲ႔ ေဝးကြာ ေနခဲ့တာျဖစ္ၿပီး နည္းျပသုံးဦးအထိ အေျပာင္းအလဲ လုပ္ထားခ်ိန္မွာေတာင္ အမွတ္ေပးဖလား ေအာင္ျမင္မွုကို မရရွိေသးပါဘူး။ ဒါ့ေၾကာင့္လဲ ဆိုးလ္ရွားက သူဟာ ပရိသတ္ေတြရဲ့ အလိုဆႏၵကို သိေၾကာင္းနဲ႔ လာမယ့္ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ဖလားကို ပစ္မွတ္ထားသြားမယ္လို႔ ေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။

Photo Credit: Daily Express.com

အသင္းပရိသတ္ေတြနဲ႔ ပတ္သတ္ၿပီး ” အသင္းနဲ႔ အသင္းရဲ့ပရိသတ္ေတြက အမွတ္ေပးဖလားကို စိန္ေခၚနိုင္ျခင္းမရွိတဲ့အေပၚမွာ မေပ်ာ္မရႊင္ ျဖစ္ေနၾကပါတယ္။ အမွတ္ေပးဖလားကို စိန္ေခၚနိုင္တယ္ဆိုတဲ့ ေနရာဟာ အသင္း ရွိေနရမယ့္ ေနရာတစ္ခုပါ။ လက္ရွိ အသင္းရဲ့ ပရိသတ္ေတြဟာ အမွတ္ေပးဖလားကို ကၽြန္ေတာ္တို႔ စဥ္ဆက္မျပတ္ ရေနတဲ့ အခ်ိန္ မွာ ရွိေနၾကတဲ့ ပရိသတ္ေတြပါ။ လက္ရွိမွာေတာ့ ကၽြန္ေတာ္တို႔ဟာ အဲ့ဒီအဆင့္အတန္းမွာ ရွိမေနပါဘူး ” လို႔ ဆိုးလ္ရွားက ေျပာဆိုသြားခဲ့ပါတယ္။

Photo Credit: Daily Express.com

ဆက္လက္ၿပီး ဆိုးလ္ရွားက လာမယ့္ ေဘာလုံးရာသီမွာေတာ့ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚနိုင္ဖို႔ ေမၽွာ္လင့္ထားေၾကာင္း ” ပရီးမီးယားလိဂ္ဖလားဟာ ကၽြန္ေတာ္တို႔ရဲ့ ပစ္မွတ္ပါ။ ဒါဟာ ျဖစ္နိုင္ေခ်ရွိတဲ့အရာလို႔ေတာ့ ကၽြန္ေတာ္ မေျပာပါဘူး။ ဒါေပမယ့္ ကစားသမားေခၚယူမ်ိဳ တခ်ိဳ႕နဲ႔ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ဟာ တိုးတက္ လာမွာျဖစ္ၿပီး အမွတ္ေပးဖလားကို စိန္ေခၚနိုင္ဖို႔ ရွိပါတယ္ ” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ ယခုနှစ် ဘောလုံးရာသီမှာ ရယူဖို့ မဖြစ်နိုင်တော့တဲ့ ပရီးမီးယားလိဂ်ဖလားကို လာမယ့်ဘောလုံးရာသီမှာတော့ ရယူနိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက် ဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်ငါးနေရာမှာ ရပ်တည်နေတာပါ။

Photo Credit: Daily Express.com

ယူနိုက်တက်အသင်းဟာ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်အလွန်မှာ အမှတ်ပေးဖလားနဲ့ ဝေးကွာ နေခဲ့တာဖြစ်ပြီး နည်းပြသုံးဦးအထိ အပြောင်းအလဲ လုပ်ထားချိန်မှာတောင် အမှတ်ပေးဖလား အောင်မြင်မှုကို မရရှိသေးပါဘူး။ ဒါ့ကြောင့်လဲ ဆိုးလ်ရှားက သူဟာ ပရိသတ်တွေရဲ့ အလိုဆန္ဒကို သိကြောင်းနဲ့ လာမယ့်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ပစ်မှတ်ထားသွားမယ်လို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Daily Express.com

အသင်းပရိသတ်တွေနဲ့ ပတ်သတ်ပြီး ” အသင်းနဲ့ အသင်းရဲ့ပရိသတ်တွေက အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ခြင်းမရှိတဲ့အပေါ်မှာ မပျော်မရွှင် ဖြစ်နေကြပါတယ်။ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တယ်ဆိုတဲ့ နေရာဟာ အသင်း ရှိနေရမယ့် နေရာတစ်ခုပါ။ လက်ရှိ အသင်းရဲ့ ပရိသတ်တွေဟာ အမှတ်ပေးဖလားကို ကျွန်တော်တို့ စဉ်ဆက်မပြတ် ရနေတဲ့ အချိန် မှာ ရှိနေကြတဲ့ ပရိသတ်တွေပါ။ လက်ရှိမှာတော့ ကျွန်တော်တို့ဟာ အဲ့ဒီအဆင့်အတန်းမှာ ရှိမနေပါဘူး ” လို့ ဆိုးလ်ရှားက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Daily Express.com

ဆက်လက်ပြီး ဆိုးလ်ရှားက လာမယ့် ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ” ပရီးမီးယားလိဂ်ဖလားဟာ ကျွန်တော်တို့ရဲ့ ပစ်မှတ်ပါ။ ဒါဟာ ဖြစ်နိုင်ချေရှိတဲ့အရာလို့တော့ ကျွန်တော် မပြောပါဘူး။ ဒါပေမယ့် ကစားသမားခေါ်ယူမျို တချို့နဲ့ဆိုရင်တော့ ကျွန်တော်တို့ဟာ တိုးတက် လာမှာဖြစ်ပြီး အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ ရှိပါတယ် ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။