မန်ချက်စတာယူနိုက်တက် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကတော့ သူ့ရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေကြားမှာ အခိုင်အမာ အားတင်းထားပါတယ်လို့ ဆိုလာပါတယ်။ မန်ချက်စတာယူနိုက်တက် အနေနဲ့ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ အစ္စတန်ဘူလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အံ့ဩစရာကောင်းလောက်အောင် ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်အပြီးမှာတော့ ဆိုးလ်ရှားအနေနဲ့ ဖိအားအောက်ကို လုံးဝ ကျရောက်သွားခဲ့ရပြီ ဖြစ်ပါတယ်။ ဆိုးလ်ရှားကတော့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေ အပေါ်ကို အခုလိုပဲဖြေကြားခဲ့ပါတယ်။

Photo Credit: Express

“ ကျွန်တော် အဲ့ဒီလိုမျိုး ကိစ္စတွေနဲ့ ပတ်သက်ပြီး သိပ်မပြောချင်ပါဘူး။ ထင်မြင်ချက်တွေက တစ်ချိန်လုံး ဖြစ်ပေါ်နေတာပါပဲ။ မင်း အနေနဲ့ အားတင်းထားဖို့တော့ လိုပါမယ်။ ကျွန်တော့်ကို ကလပ်က အလုပ်လုပ်ဖို့နဲ့ အသင်းဝန်ထမ်းတွေနဲ့ အတူလက်တွဲပြီး ကျွန်တော့်မှာရှိတဲ့ အကောင်းဆုံး စွမ်းရည်တွေနဲ့ လုပ်ဖို့ ခန့်အပ်ထားတာပါ။ နောက်ဆုံး နှစ်ပွဲရဲ့ အရှုံးရလဒ်က ကျွန်တော်တို့ရဲ့ အရှိုက်တည့်တည့်ကို ထိုးလိုက်သလိုပဲ နာကျင်ရပါတယ်။ ကျွန်တော် နားလည်သလို ကစားသမားတွေ နားလည်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အားလုံး အဲဗာတန် နဲ့ ပွဲအတွက် အတူတကွ စည်းစည်းလုံးလုံးနဲ့ ပြန်ယှဉ်ပြိုင်ဖို့လိုပါတယ်။ ဘာလို့လဲဆိုရင် အဲဗာတန်နဲ့ ပွဲကျရင်လည်း ခက်ခဲအုန်းမှာ ဖြစ်လို့ပါပဲ။ ကျွန်တော်ကတော့ စနေနေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့ အတွက် ဝမ်းသာပါတယ် ”

Photo Credit: Express

အစ္စတန်ဘူလ်အသင်းရဲ့ တိုက်စစ်မှူး ဒမ်ဘဘရဲ့ ဂိုးနဲ့ ပတ်သက်ပြီးတော့ ဆိုးလ်ရှားက အခုလိုပဲ မှတ်ချက် ပြုသွားခဲ့ပါတယ်။ “ အဲ့ဒါက ပုံမှန်အားဖြင့် ခွင့်ပြုချင်စရာ သွင်းဂိုးမဟုတ်တာ အသေအချာပါပဲ။ အဲ့ဒီမှာ ကျွန်တော်တို့ တာဝန် နဲ့ နေရာယူမှု တွေမှာ တာဝန်မကျေခဲ့ပါဘူး။ အဲ့ဒီလို ရှုံးနိမ့်ရတာဟာ ကျွန်တော့်မှာ အပြည့်အဝ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဂိုးရရှိဖို့ အရေးပဲ အာရုံစိုက်နေခဲ့ပြီးတော့ တစ်ဖက်တိုက်စစ်ကို ကာကွယ်ဖို့ တာဝန်တွေကိုတော့ မေ့နေခဲ့ကြပါတယ် ” လို့ ပြောဆိုသွားပါတယ်။