ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ညာတောင်ပံ ကစားသမား တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့တာကြောင့် အသစ် ခေါ်ယူထားတဲ့ ဥရုဂွေး လူငယ် တောင်ပံ ကစားသမား ပယ်လီစ္စထရီကို ညာတောင်ပံ နေရာမှာ သုံးစွဲသွားမယ် လို့ မန်ယူအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောဆို သွားကြပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ အတွင်းမှာ ဒေါ့မွန်အသင်းက ဆန်ချိုနဲ့ ဘာစီလိုနာအသင်းက ဒမ်ဘီလီတို့ နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပဲ အတ္တလန်တာအသင်းရဲ့ လူငယ် ကြယ်ပွင့် ထရာအိုရေးနဲ့ ပယ်လီစ္စထရီတို့ကိုသာ ခေါ်ယူနိုင်ခဲ့တာပါ။

Photo Credit: Metro

ဥရုဂွေး လူငယ်ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ ပယ်လီစ္စထရီဟာ အသက်၁၈နှစ် အရွယ်သာ ရှိသေးပေမယ့် အသင်းဟောင်း ပီနာရိုးလ်အသင်းမှာ ပြိုင်ပွဲစုံ ၃၇ပွဲအထိ ပါဝင် ကစားပေးထားပြီး ၂ဂိုးသွင်း ၄ဂိုး ဖန်တီး ပေးထားနိုင်တာကြောင့် ဆိုးလ်ရှားဟာ ပယ်လီစ္စထရီကို အသင်းကြီးမှာ တစ်ခါထဲ သုံးစွဲဖို့ ရည်ရွယ် နေတာပါ။ မန်ယူအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါပွဲစဉ်ကို အသင်းရဲ့ အဓိက တိုက်စစ်မှူး မာရှယ်ဟာ အနီကတ် ပြစ်ဒဏ်ကြောင့် လွဲချော်ရမှာ ဖြစ်သလို အသစ် ခေါ်ယူထားတဲ့ ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာလည်း Quarantine ဝင်ရဖို့ ရှိနေတာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားသစ် တစ်ဦးကို ထည့်သွင်းရမယ့် အခြေအနေ ရှိနေပါတယ်။

Photo Credit: Metro

လက်ရှိအချိန်မှာတော့ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရက်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ နှစ်ဦးသာ ရှိနေပြီး အဆိုပါပွဲစဉ်မှာ ဆိုးလ်ရှားအနေနဲ့ တိုက်စစ်မှူး နှစ်ဦးသာ လိုအပ်တဲ့ ၄-၄-၂ ကစားပုံကို သုံးစွဲမလား ၊ အသင်းရဲ့ ပုံမှန် ကစားကွက် ဖြစ်တဲ့ ၄-၂-၃-၁ ကစားပုံကိုပဲ သုံးစွဲမလား ဆိုတာ မသိရသေးပေမယ့် ၄-၂-၃-၁ ကိုသာ ဆက်လက် သုံးစွဲရင်တော့ ပယ်လီစ္စထရီဟာ ညာတောင်ပံ တိုက်စစ်မှာ နေရာရဖို့ ရှိနေပြီး လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ် ကတော့ နံပါတ် ၉ နေရာမှာ ကစားရဖွယ် ရှိနေပါတယ်။ ဘောလုံး သုတေသီတွေ ကတော့ ဆိုးလ်ရှား အနေနဲ့ ပယ်လီစ္စထရီကို အသင်းကြီးမှာ ချက်ချင်း အသုံးပြုနိုင်ပြီး နယူးကာဆယ် အသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက် ကစားသမား အဖြစ် မပါဝင်ရင်တောင် အရန်ခုံ ကနေ လူစားဝင် ကစားခွင့် ရရှိနိုင်ကြောင်း သုံးသပ် ထားကြပါတယ်။