မန်ယူ နည်းပြ ဆိုလ်းရှားကတော့ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့တာဟာ မန်ယူနိုက်တက်သင်းနဲ့ သက်ဆိုင်တဲ့ ပရိတ်သတ်တွေရော အသင်းရဲ့ ဝန်ထမ်းတွေရော အားလုံးကို နာကျင်စေတယ်လို့ အခိုင်အမာ ပြောကြားသွားတာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက မန်စီးတီးအသင်းကို (၂-၁) ရလဒ်နဲ့ အနိုင် ရရှိပြီးနောက် နှစ် (၃၀) ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို အသင်းရဲ့ သမိုင်းမှာ ပထမဆုံး အကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် (၇) ပွဲ ကစားဖို့ လိုအပ်နေသေးတဲ့ အချိန်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ သမိုင်းမှာ ပရီးမီးယားလိဂ် ဆုဖလားကို အမြန်ဆုံး ရရှိတဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အခြေအနေ ပို ကောင်းသွားပြီ ဖြစ်ပြီး မန်ယူ နည်းပြ ဆိုးလ်ရှားက လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ဆုဖလား ရရှိတာဟာ မန်ယူအသင်းကို နာကျင်စေတယ်လို့ ပြောကြာသွားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားက “ပရီးမီးယားလိဂ် ဆုဖလားကို ရရှိတဲ့ ဘယ်အသင်းမဆို ပရီးမီးယားလိဂ် ဖလားနဲ့ ထိုက်တန်ပါတယ်။ လီဗာပူးလ်အသင်းက ဆုဖလားနဲ့ ထိုက်တန်ပါတယ်။ ဒီလိဂ်ပြိုင်ပွဲက ဖလား ရရှိဖို့ ခက်ခဲ့တဲ့ လိဂ်ပြိုင်ပွဲပါ။ နည်းပြ ကလော့ပ် နဲ့ သူ့ရဲ့ ကစားသမားတွေကို ဂုဏ်ပြုပါတယ်။ ဆုဖလားကို ဘယ်အသင်းပဲ ရရှိပါစေ ဒါက နာကျင်စေပါတယ်။ ဒါဟာ မန်ယူအသင်းနဲ့ ပက်သက်နေတဲ့ လူတိုင်းရဲ့ ခံစားချက်ပါပဲ။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ နဲ့ ပရိသတ်တွေရဲ့ ခံစားချက်ပါပဲ။ သေချာတာကတော့ ကျွန်တော်တို့အသင်းက နိုင်ပွဲ ပြန်ရချင်ပြီး ဒါဟာ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုပါပဲ။ နည်းပြ ဖာဂူဆန်ရဲ့ လက်အောက်မှာ ရရှိခဲ့တဲ့ ဆုဖလားကို ဘယ်အသင်းမှ မှီနိုင်မှာ မဟုတ်ဘူး။ နည်းပြ ဖာဂူဆန်ကတော့ ထိပ်ဆုံးအဆင့်မှာ ရှိနေဆဲ့ ဆရာတစ်ဆူ ဖြစ်ပါတယ်”လို့ အခိုင်အမာ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။