မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲက ထိပ်သီး အသင်းတွေ ဖြစ်နေကြတဲ့ မန်စီးတီးအသင်း နဲ့ လီဗာပူးလ်အသင်းတို့ကို မှီနိုင်ဖို့ နဲ့ လိဂ်ဖလားကို ရရှိနိုင်ဖို့ ပို ကောင်းမွန်တဲ့ ကစားသမားတွေကို ခေါ်ယူရလိမ့်မယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။  နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၃) နဲ့ ရာသီ ကုန်ဆုံးခဲ့တာ ဖြစ်ပေမယ့်လည်း အဆင့် (၁) နေရာက လီဗာပူးလ်အသင်းနဲ့ ရမှတ် (၃၃) မှတ်အကွာ၊ အဆင့် (၂) နေရာက မန်စီးတီးအသင်းနဲ့ ရမှတ် (၁၅) မှတ်အကွာမှာ ရှိနေပါတယ်။

Photo Credit: Goal

မန်ချက်စတာယူနိုက်တက်အသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၃) ခုနှစ်ကတည်းက ပရီးမီးယားလိဂ် ဆုဖလားကို တစ်ကြိမ်မှ မရနိုင်ခဲ့တော့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ဆုဖလား မဟုတ်ဘဲ အခြား ဆုဖလားကို နောက်ဆုံး ရရှိနိုင်ခဲ့တဲ့ နှစ်ကတော့ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်က ဖြစ်တာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီမှာတော့ ယူရိုပါလိဂ် ဆုဖလား ရရှိဖို့ အလားအလာ ကောင်းပြီး ယနေ့ည၊ ဆီဗီလာအသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ် မတိုင်ခင်မှာ နည်းပြ ဆိုးလ်ရှားက လက်ရှိ ကစားသမားတွေထက် ပိုကောင်းတဲ့ သူတွေကို ခေါ်ရမယ်လို့ ဆိုပါတယ်။

 

 

Photo Credit: Goal

မန်ယူ နည်းပြ ဆိုးလ်ရှားက “ဒီပြိုင်ပွဲက အပြေးပြိုင်ပွဲတစ်ခုလိုပါပဲ။ အသင်းတည်ဆောက်မှုတွေ မြင်ရလိမ့်မယ်။ ကျွန်တော် အသင်း နဲ့ အသင်းရဲ့ ကစားသမားစာရင်းကို အမြဲတမ်း ကြည့်တယ်။ အသင်းတစ်သင်းက အရည်အချင်းကိုပဲ တည်ဆောက်ပါတယ်။ ကျွန်တော်တို့မှာ လက်ရှိရှိနေတဲ့ ကစားသမားတွေထက် ပိုကောင်းတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ငွေကြေး သုံးစွဲရပါလိမ့်မယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ် ပြိုင်ပွဲက ထိပ်သီးအသင်းတွေရဲ့ အဆင့်ကို မှီနိုင်ဖို့ သွားရဦးမယ်။ သူတို့က ကျွန်တော်တို့ရဲ့ အဝေးကြီးကို ရောက်နေပါတယ်။ ကျွန်တော်တို့က တိုးတတ်လာပြီး ပိုကောင်းလာတယ်။ ဒါပေမယ့် ကျွန်တော်တို့က အပြီးသတ် ဆောင်းပါး တစ်ပုဒ် မဟုတ်သေးပါဘူး။ ဘယ်နေရာမှာမှ အပြီးသတ် မဖြစ်သေးပါဘူး”လို့ ပြောသွားတာ ဖြစ်ပါတယ်။