မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်းကို အိုးထရက်ဖို့ဒ် မှာ လက်ခံကစားခဲ့ပြီး ၁-၃ ဂိုး ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အဆိုပါပွဲမှာ မန်ယူ အသင်း ရဲ့ ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ ဖရက် ဟာ ပြိုင်ဘက် ကစားသမား အပေါ်ကို ကြမ်းတမ်းတယ်ဆိုပြီးတော့ နှစ်ဝါ တစ်နီ နဲ့ အထုတ်ခံခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ မန်ယူ အသင်း နည်းပြ အိုလီဂန်းနား ဆိုးရှားလ် က သူ့ အနေနဲ့ ဖရက်ဒ် ကို ပထမပိုင်းအပြီးမှာ လူစားလဲဖို့ အတွက် စဉ်းစားခဲ့သေးကြောင်း ဝန်ခံ ပြောဆိုလိုက်ပါတယ်။

Photo Credit: Metro

ကွင်းလယ် ကစားသမား ဖရက်ဒ် အနေနဲ့ ပထမပိုင်း ပွဲကစားချိန် ၂၄ မိနစ်လောက်မှာ ပြိုင်ဘက် အသင်း ကစားသမား လီအန်ဒရို ပရဲဒက်စ် ကို ခေါင်းနဲ့ တိုက်ချ ခဲ့ပါတယ်။ အဆိုပါ အဖြစ်အပျက်ကိုတော့ ကွင်းလယ်ဒိုင်က ကွင်းဘေးမှာ ရှိတဲ့ မော်နီတာ မှာ ကြည့်ရှု့ပြီးတော့ ဖရက်ဒ်ကို ပထမ အဝါကတ် ပြသခဲ့ပါတယ်။ ဒုတိယပိုင်း မိနစ် ၇၀ အရောက်မှာလည်း အန်ဒါ ဟာရဲရားလ် အပေါ်မှာ ကစားပုံကြမ်းတမ်းခဲ့တယ်ဆိုပြီး ဒုတိယမြောက် အဝါကတ် ပြသခံခဲ့ရပြီး ပြိုင်ပွဲကနေ အထုတ်ခံခဲ့ရပါတယ်။ နည်းပြ ဆိုးရှားလ် ကတော့ ဖရက်ဒ် ကို ပထမပိုင်းပြီးကတည်းက လူစားလဲဖို့ စဉ်းစားခဲ့ကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။ “ ဟုတ်ပါတယ်။ ကျွန်တော့်မှာ စိတ်ကူး ရှိခဲ့ပါတယ်။ ဖရက်ဒ် ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို ပထမပိုင်းအပြီးမှာ အေးအေးဆေးဆေး ကစားဖို့ ပြောခဲ့ပါတယ် ”

Photo Credit: Metro

“ ဒုတိယ အဝါကတ် ကတော့ နည်းနည်းလေးမှတောင် ပြစ်ဒဏ်ကျုးလွန်ခဲ့တာမျိုး မရှိပါဘူး။ အန်ဒါ အဲ့ဒါကို သိပါတယ်။ ဖရက်ဒ် အနေနဲ့ ပရဲဒက်စ် ကို ခေါင်းနဲ့ မတိုက်ခဲ့သင့်ပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ ပရဲဒက်စ် ကို ထိမိခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး။ သူ ဆက်ကစားခဲ့ရတာပဲ အတော်ကံကောင်းလှပါတယ်။ ဖရက်ဒ် က ဒုတိယပိုင်းမှာလည်း အကောင်းဆုံး ကစားပေးခဲ့ပါတယ်။ သူ ဒီလို ဖြတ်ထုတ်မှုမျိုး လုပ်တဲ့အခါကျရင်တော့ ခင်ဗျား အနေနဲ့ ကောင်လေး(ဖရက်ဒ်) ကို အပြစ်တင်လို့ မရဘူးလေ။ ဒါပေမယ့် ဒိုင်လူကြီးက ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်မှာတော့ ခင်ဗျား အနေနဲ့ ပြန်တွေးပြီး ငါသူ့ကို အစောကြီးကတည်းက လူစားလဲလိုက်သင့်တာ ဆိုပြီး တွေးမိပါလိမ့်မယ်။ ဒိုင်လူကြီး ဆုံးဖြတ်ချက် အမှားချ ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒါက ခွင့်ပြုပြီးသွားပြီ ဆိုတော့ မတတ်နိုင်တော့ဘူးလေ။ ဖရက်ဒ် အနေနဲ့ တစ်စုံတစ်ယောက်ကို မထိမိရင်တော့ အဲ့ဒီလို ခေါင်းနဲ့ မတိုက်သင့်ဘူး ဆိုတာကို သိပါတယ် ” လို့ ဝန်ခံ ပြောဆိုသွားပါတယ်။