မန်ချက်စတာယူနိုက်တက်နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားက ပြီးခဲ့တဲ့ ပွဲစဉ်တွေအတွင်း သူ့အသင်းအနေနဲ့ မဖြစ်မနေ ရသင့်တဲ့ ပင်နယ်တီ ကန်သွင်းခွင့်တွေ ဆုံးရှုံးနေရခြင်းအပေါ် မနှစ်က ဘောလုံးရာသီအတွင်း သူတို့အသင်း ပင်နယ်တီ အကြိမ်ရေများစွာ ရရှိခဲ့တဲ့အပေါ် ဝေဖန်စကား ဆိုခဲ့တဲ့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ရဲ့ ပြောဆိုမှုကို ပြစ်တင်ဖေဝန်သွားခဲ့ပြီး ကလော့ပ်ရဲ့ ပြောဆိုမှုတွေက သက်ရောက်မှုတွေ ရှိခဲ့တဲ့အတွက် သူတို့အသင်း ရရှိသင့်တဲ့ အခွင့်အရေးတွေကို ဆုံးရှုံးနေရတယ်လို့ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

ပြီးခဲ့တဲ့ ဘောလုံးရာသီ ဇန်နဝါရီလတုန်းက လီဗာပူးလ်အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ပင်နယ်တီကန်သွင်းခွင့် မရရှိခဲ့တာနဲ့ပတ်သက်ပြီး စိတ်ပျက်ခဲ့ရသလို လီဗာပူးလ်နည်းပြ ကလော့ပ်ကပါ “ငါအခုတလော ကြားနေရတာက မန်ချက်စတာယူနိုက်တက်အသင်းဟာ (၂)နှစ်တာကာလအတွင်းမှာပဲ သူတို့အသင်း ရရှိခဲ့တဲ့ ပင်နယ်တီ ကန်သွင်းမှုတွေက ငါတို့အသင်း (၅)နှစ်ခွဲအတွင်း ရရှိခဲ့တဲ့ ပင်နယ်တီ အရေအတွက်ထက်ကို များနေတယ်ဆိုတာပဲ။ ဒါပေမယ့် ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပါတယ်။ ဒါတွေက ပြင်လို့လည်း မရတော့တာ” ဆိုပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football365

ဒီလို ပြောဆိုမှုနဲ့ ဆက်စပ်ပြီး ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအနေနဲ့ ပင်နယ်တီတွေ အရနည်းလာခဲ့ရသလို ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှုာလည်း ပြိုင်ဘက်အသင်းသားတွေက ရော်နယ်လ်ဒိုအပေါ် ကစားပုံကြမ်းတမ်းခဲ့ရာကနေ ပင်နယ်တီ သတ်မှတ်ပေးဖို့ ပျက်ကွက်ခဲ့ရတာတွေ ဖြစ်လာခဲ့ရတယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက တု့ံပြန်ပြောဆို်လာခဲ့ပါတယ်။ ဆိုးလ်ရှားက “ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အရာတွေကို ရရှိဖို့အတွက်ကိုပဲ မျှော်လင့်ခဲ့ရုံပါ။ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်(၂)ပွဲအတွင်းမှာဆိုရင် ပင်နယ်တီ ကန်သွင်းခွင့် (၃)ကြိမ်လောက်ကို ရရှိခဲ့သင့်တာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက နည်းပြတစ်ယောက်ကနေ ကျွန်တော်တို့အသင်း ပင်နယ်တီတွေများစွာ ကန်သွင်းလာရတာကို စိုးရိမ်မှုတွေ စတင်လာခဲ့ပါသေးတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သူရဲ့ပြောဆိုမှုတွေ နောက်ပိုင်းတကတည်းက ပင်နယ်တီ သတ်မှတ်ပေးဖို့အတွက် ဆုံးဖြတ်ချက်တွေက ပိုပြီး ခက်ခဲလာခဲ့ရပါတယ်။ သေချာပေါက်ကို ခြားနားမှုတွေက ဖြစ်လာခဲ့ရတာပါ။ ဒိုင်လူကြီးတွေအနေနဲ့ မကြာခင်မှာပဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်စေဖို့ကိုပဲ ကျွန်တော်တို့တွေ မျှော်လင့်ရမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။