မန္ယူအသင္းကေတာ့ မနက္ျဖန္ည ၾကာသပေတးေန႔ နံနက္ (၂း၁၅) အခ်ိန္မွာ မန္စီးတီးအသင္းနဲ႔ ကာရာေဘာင္ ဖလား ဆီးမီး ဖိုင္နယ္ ဒုတိယအေက်ာ့ ပြဲစဥ္ ကစားရမွာ ျဖစ္ၿပီး အႏိုင္ရရွိဖို႔ အလြန္ လိုအပ္ပါတယ္။ မန္ယူအသင္းဟာ အိမ္ကြင္းမွာ မန္စီးတီးအသင္းကို (၃-၁) နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ မနက္ျဖန္ည ကစားမယ့္ ပြဲစဥ္မွာ အနည္းဆုံး သြင္းဂိုး (၂) ဂိုး သြင္းႏိုင္မွသာ အႏိုင္ရႏိုင္ေခ် ရွိေနၿပီး နည္းျပ ဆိုးလ္ရွားက (၂) ဂိုး အသြင္းခံရရင္ (၄) ဂိုး ျပန္သြင္းဖို႔ လိုအပ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

Photo Credit: Gettyimage

မန္ယူအသင္းဟာ လက္ရွိရာသီမွာေတာ့ ၿပိဳင္ပြဲ (၃) ခုမွာ ကစားေနရဆဲ ျဖစ္ၿပီး အက္ဖ္ေအ ဖလား ၿပိဳင္ပြဲမွာ ပၪၥမအဆင့္၊ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာက အဆင့္ (၅) နဲ႔ ကာရာေဘာင္ ဖလား ၿပိဳင္ပြဲမွာ ဆီးမီး ဖိုင္နယ္ ျဖစ္ပါတယ္။ မန္ယူအသင္းဟာ ေနာက္ဆုံး ကစားသြားခဲ့တဲ့ ကာရာေဘာင္ ဖလား ပြဲစဥ္မွာ ထရန္မီးယားအသင္းကို ဂိုးျပတ္သတ္ (ဝ-၆) နဲ႔ အႏိုင္ရရွိခဲ့ၿပီး နည္းျပ ဆိုးလ္ရွားကေတာ့ မနက္ျဖန္ည မန္စီးတီးအသင္းနဲ႔ ကစားမယ့္ ပြဲစဥ္မွာ (၂) ဂိုးအထက္ သြင္းရမယ္လို႔ ေျပာခဲ့ပါတယ္။

Photo Credit: Gettyimage

နည္းျပ ဆိုးလ္ရွားက “အေဝးကြင္းမွာ ေကာင္းမြန္တဲ့ အသင္းနဲ႔ ကစားရမွာ ဆိုေတာ့ (၂) ဂိုး သြင္းၿပီး အႏိုင္ရရင္ ၿပီးျပည့္စုံတဲ့ စြမ္းေဆာင္ရည္ ျဖစ္မွာပါ။ ဒီေတာ့ ကြၽန္ေတာ္တို႔ အေဝးဂိုး သြင္းဂိုး (၂) ဂိုး ေလာက္နဲ႔ မလုံေလာက္ပါဘူး။ (၂) ဂိုးအထက္ သြင္းဖို႔ လိုပါတယ္။ တကယ္လို႔ ကြၽန္ေတာ္တို႔ေတြက (၂) ဂိုး ခြင့္ျပဳရၿပီဆိုရင္ (၄) ဂိုး ျပန္သြင္းဖို႔ လိုအပ္တယ္။ အရင္ဆုံး ဂိုး မေပးရရင္ ေကာင္းပါတယ္။ ဘာလို႔လဲဆိုရင္ေတာ့ အရင္ဆုံး ဂိုးမေပးရရင္ ပြဲက္ခဲမႈ ေလွ်ာ့နည္းသြားပါတယ္”လို႔ ေျပာခဲ့ပါတယ္။

(Unicode)

မန်ယူအသင်းကတော့ မနက်ဖြန်ည ကြာသပတေးနေ့ နံနက် (၂း၁၅) အချိန်မှာ မန်စီးတီးအသင်းနဲ့ ကာရာဘောင် ဖလား ဆီးမီး ဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် ကစားရမှာ ဖြစ်ပြီး အနိုင်ရရှိဖို့ အလွန် လိုအပ်ပါတယ်။ မန်ယူအသင်းဟာ အိမ်ကွင်းမှာ မန်စီးတီးအသင်းကို (၃-၁) နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် မနက်ဖြန်ည ကစားမယ့် ပွဲစဉ်မှာ အနည်းဆုံး သွင်းဂိုး (၂) ဂိုး သွင်းနိုင်မှသာ အနိုင်ရနိုင်ချေ ရှိနေပြီး နည်းပြ ဆိုးလ်ရှားက (၂) ဂိုး အသွင်းခံရရင် (၄) ဂိုး ပြန်သွင်းဖို့ လိုအပ်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Gettyimage

မန်ယူအသင်းဟာ လက်ရှိရာသီမှာတော့ ပြိုင်ပွဲ (၃) ခုမှာ ကစားနေရဆဲ ဖြစ်ပြီး အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ ပဉ္စမအဆင့်၊ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာက အဆင့် (၅) နဲ့ ကာရာဘောင် ဖလား ပြိုင်ပွဲမှာ ဆီးမီး ဖိုင်နယ် ဖြစ်ပါတယ်။ မန်ယူအသင်းဟာ နောက်ဆုံး ကစားသွားခဲ့တဲ့ ကာရာဘောင် ဖလား ပွဲစဉ်မှာ ထရန်မီးယားအသင်းကို ဂိုးပြတ်သတ် (ဝ-၆) နဲ့ အနိုင်ရရှိခဲ့ပြီး နည်းပြ ဆိုးလ်ရှားကတော့ မနက်ဖြန်ည မန်စီးတီးအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ (၂) ဂိုးအထက် သွင်းရမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Gettyimage

နည်းပြ ဆိုးလ်ရှားက “အဝေးကွင်းမှာ ကောင်းမွန်တဲ့ အသင်းနဲ့ ကစားရမှာ ဆိုတော့ (၂) ဂိုး သွင်းပြီး အနိုင်ရရင် ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည် ဖြစ်မှာပါ။ ဒီတော့ ကျွန်တော်တို့ အဝေးဂိုး သွင်းဂိုး (၂) ဂိုး လောက်နဲ့ မလုံလောက်ပါဘူး။ (၂) ဂိုးအထက် သွင်းဖို့ လိုပါတယ်။ တကယ်လို့ ကျွန်တော်တို့တွေက (၂) ဂိုး ခွင့်ပြုရပြီဆိုရင် (၄) ဂိုး ပြန်သွင်းဖို့ လိုအပ်တယ်။ အရင်ဆုံး ဂိုး မပေးရရင် ကောင်းပါတယ်။ ဘာလို့လဲဆိုရင်တော့ အရင်ဆုံး ဂိုးမပေးရရင် ပွဲက်ခဲမှု လျှော့နည်းသွားပါတယ်”လို့ ပြောခဲ့ပါတယ်။