မန္ယူ နည္းျပ ဆိုးလ္ရွားက မေန႔ညက ထရန္မီးယားအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ကြင္းရဲ႕ အေျခအေနေၾကာင့္ အေဝးေဘာ မသုံးဘဲ အနိမ့္ေဘာ သုံးခဲ့ၿပီး လွပတဲ့ ဂိုးေတြ သြင္းယူႏိုင္ခဲ့တယ္လို႔ ေျပာသြားခဲ့ပါတယ္။ မန္ယူအသင္းဟာ မေန႔ညက ကစားခဲ့တဲ့ ပြဲစဥ္မွာ မက္ဂြိဳင္းယား၊ ဒါေလာ့စ္၊ လင္ဂတ္၊ ဖီးလ္ဂ်ဳံးစ္၊ မာရွယ္ နဲ႔ ဂရင္းဝုဒ္တို႔ရဲ႕ သြင္းဂိုး (၆) ဂိုးေၾကာင့္ ထရန္မီးယားအသင္းကို ဂိုးျပတ္သတ္ (၆-ဝ) ရလဒ္နဲ႔ အႏိုင္ရခဲ့ၿပီး အက္ဖ္ေအဖလား ေနာက္တစ္ဆင့္ တက္သြားခဲ့ပါတယ္။

Photo Credit: Goal

မန္ယူအသင္းဟာ မေန႔ညက ကစားခဲ့တဲ့ ပြဲစဥ္မွာ ပထမပိုင္းမွာတင္ သြင္းဂိုး (၅) ဂိုး သြင္းယူခဲ့ၿပီး အခ်က္အလက္အရ ဂိုးကန္သြင္းမႈ (၂၃) ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ရာမွာ (၆) ဂိုး သြင္းယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ မန္ယူနည္းျပ ဆိုးလ္ရွားကေတာ့ ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ကစားသမားေတြကို ပြဲတိုင္း ေပးဆပ္ခ်င္ၾကတယ္လို႔ ခ်ီးက်ဴးခဲ့ၿပီး ထရန္မီးယားအသင္းကို (ဝ-၆) ရလဒ္နဲ႔ အႏိုင္ရရွိတဲ့ အေၾကာင္းအရင္းမွာ အေဝးေဘာ မသုံးဘဲ အနိမ့္ေဘာ သုံးတာေၾကာင့္ပါလုိ႔ ေျပာသြားခဲ့ပါတယ္။

Photo Credit: Goal

မန္ယူ နည္းျပ ဆိုးလ္ရွားက “လူေတြ မ်ားစြာက ကြင္းအေၾကာင္းကို ေျပာလည္း ေျပာခဲ့ၾကသလို၊ ေရးလည္း ေရးခဲ့ၾကပါတယ္။ ကြၽန္ေတာ္တို႔ ေကာင္းစြာ ကစားခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔ အေဝးေဘာေတြကို မသုံးခဲ့ၾကပါဘူး။ ဘာလို႔လဲဆိုရင္ အဲဒီလို ပြဲစဥ္က ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ ပြဲစဥ္ မဟုတ္လိုပါပဲ။ ကြၽန္ေတာ္တို႔ အနိမ့္ေဘာနဲ႔ ကစားခဲ့ၾကၿပီး လွပတဲ့ ဂိုးေတြ သြင္းခဲ့တာပါပဲ။ ကြၽန္ေတာ္တို႔မွာ ကသမားေကာင္းေတြ ရွိၿပီး ပြဲတိုင္း ေပးဆပ္ၾကပါတယ္”လို႔ ေျပာသြားပါတယ္။

(Unicode)

မန်ယူ နည်းပြ ဆိုးလ်ရှားက မနေ့ညက ထရန်မီးယားအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကွင်းရဲ့ အခြေအနေကြောင့် အဝေးဘော မသုံးဘဲ အနိမ့်ဘော သုံးခဲ့ပြီး လှပတဲ့ ဂိုးတွေ သွင်းယူနိုင်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ မက်ဂွိုင်းယား၊ ဒါလော့စ်၊ လင်ဂတ်၊ ဖီးလ်ဂျုံးစ်၊ မာရှယ် နဲ့ ဂရင်းဝုဒ်တို့ရဲ့ သွင်းဂိုး (၆) ဂိုးကြောင့် ထရန်မီးယားအသင်းကို ဂိုးပြတ်သတ် (၆-ဝ) ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အက်ဖ်အေဖလား နောက်တစ်ဆင့် တက်သွားခဲ့ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ပထမပိုင်းမှာတင် သွင်းဂိုး (၅) ဂိုး သွင်းယူခဲ့ပြီး အချက်အလက်အရ ဂိုးကန်သွင်းမှု (၂၃) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ရာမှာ (၆) ဂိုး သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ကစားသမားတွေကို ပွဲတိုင်း ပေးဆပ်ချင်ကြတယ်လို့ ချီးကျူးခဲ့ပြီး ထရန်မီးယားအသင်းကို (ဝ-၆) ရလဒ်နဲ့ အနိုင်ရရှိတဲ့ အကြောင်းအရင်းမှာ အဝေးဘော မသုံးဘဲ အနိမ့်ဘော သုံးတာကြောင့်ပါလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

မန်ယူ နည်းပြ ဆိုးလ်ရှားက “လူတွေ များစွာက ကွင်းအကြောင်းကို ပြောလည်း ပြောခဲ့ကြသလို၊ ရေးလည်း ရေးခဲ့ကြပါတယ်။ ကျွန်တော်တို့ ကောင်းစွာ ကစားခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အဝေးဘောတွေကို မသုံးခဲ့ကြပါဘူး။ ဘာလို့လဲဆိုရင် အဲဒီလို ပွဲစဉ်က ကျွန်တော်တို့ လိုချင်တဲ့ ပွဲစဉ် မဟုတ်လိုပါပဲ။ ကျွန်တော်တို့ အနိမ့်ဘောနဲ့ ကစားခဲ့ကြပြီး လှပတဲ့ ဂိုးတွေ သွင်းခဲ့တာပါပဲ။ ကျွန်တော်တို့မှာ ကသမားကောင်းတွေ ရှိပြီး ပွဲတိုင်း ပေးဆပ်ကြပါတယ်”လို့ ပြောသွားပါတယ်။