မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ဒီနေ့ည (၉း၃၀) အချိန်မှာ နော်ဝှစ်ခ်ျအသင်းနဲ့ ကစားသွားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) မတိုင်ခင်မှာ နည်းပြ ဖာရ်ကီရဲ့ နော်ဝှစ်ခ်ျအသင်းက ပရီးမီးယားလိဂ်မှာ သင်ယူနေဆဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ နည်းပြ ဖာရ်ကီရဲ့ နှော်ဝှစ်ခ်ျအသင်းဟာ (၂၀၁၉-၂၀) ပရီးမီးယားလိဂ် ပြိုင်ပွဲကို ချန်ပီယံရှစ် ပြိုင်ပွဲကနေ တန်းတတ်လာခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၁၄) မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတာပါ။
မန်ယူအသင်းဟာ (၂၀၁၉) ခုနှစ် အောက်တိုဘာလက နော်ဝှစ်ခ်ျတို့နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာ (၁-၃) ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒီနေ့ည (၉း၃၀) အချိန်မှာ ကစားမယ့် အိမ်ကွင်းမှာလည်း အနိုင်ရမလား စောင့်ကြည့်ရမှာပါ။ မန်ယူ နည်းပြ ဆိုးလ်ရှားက နော်ဝှစ်ချင်အသင်းကို ပရီးမီးယားလိဂ်မှာ ရမှတ်တွေ ရရှိဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပေမဲ့ သူ့ရဲ့ မန်ယူအသင်းနဲ့ ကစား ရမယ့် ပွဲစဉ်မှာ မဖြစ်ဖို့တော့ မျှော်လင့်တယ်လို့လည်း အခိုင်အမာ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။
{Unicode}
မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ဒီနေ့ည (၉း၃၀) အချိန်မှာ နော်ဝှစ်ချ်အသင်းနဲ့ ကစားသွားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) မတိုင်ခင်မှာ နည်းပြ ဖာရ်ကီရဲ့ နော်ဝှစ်ချ်အသင်းက ပရီးမီးယားလိဂ်မှာ သင်ယူနေဆဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ နည်းပြ ဖာရ်ကီရဲ့ နှော်ဝှစ်ချ်အသင်းဟာ (၂၀၁၉-၂၀) ပရီးမီးယားလိဂ် ပြိုင်ပွဲကို ချန်ပီယံရှစ် ပြိုင်ပွဲကနေ တန်းတတ်လာခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၁၄) မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတာပါ။
Photo Credit: manchestereveningnews
မန်ယူအသင်းဟာ (၂၀၁၉) ခုနှစ် အောက်တိုဘာလက နော်ဝှစ်ချ်တို့နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာ (၁-၃) ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒီနေ့ည (၉း၃၀) အချိန်မှာ ကစားမယ့် အိမ်ကွင်းမှာလည်း အနိုင်ရမလား စောင့်ကြည့်ရမှာပါ။ မန်ယူူ နည်းပြ ဆိုးလ်ရှားက နော်ဝှစ်ချင်အသင်းကို ပရီးမီးယားလိဂ်မှာ ရမှတ်တွေ ရရှိဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပေမဲ့ သူ့ရဲ့ မန်ယူအသင်းနဲ့ ကစား ရမယ့် ပွဲစဉ်မှာ မဖြစ်ဖို့တော့ မျှော်လင့်တယ်လို့လည်း အခိုင်အမာ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit: manchestereveningnews
နည်းပြ ဆိုးလ်ရှားက “ကျွန်တော် နော်ဝှစ်ချ်အသင်းကို သူတို့ကိုယ်သူတို့ ဖြစ်ဖို့ မျှော်လင့်ပါတယ်။ သူတို့က နည်းပြ ဖာရလ်ကီနဲ့ အလွန် လိုက်ဖက်တဲ့ အသင်းပါပဲ။ နည်းပြ ဖာလ်ရီ ရောက်လာခဲ့တဲ့ အချိန်မှာ သူ အနည်းငယ် ပြောင်းလဲခဲ့ပါတယ်။ သူတို့က သူတို့ရဲ့ ကိုယ်ပိုင် ပုံစံနဲ့ ကစားရင် သူတို့ ဘယ်လိုကောင်းလဲ ကျွန်တော်တို့ သိတယ်။ သူတို့က ပရီးမီးယားလိဂ်မှာ သင်ယူဆဲ ဖြစ်ပြီး သူတို့ ရမှတ်တွေ ရဖို့ မျှော်လင့်ပေမဲ့ ကျွန်တော်တို့နဲ့ ပွဲမှာ မဖြစ်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။