မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ယခုအပတ် တနင်္ဂနွေနေ့ည အဲဗာတန်အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ မနှစ်က (၄-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကို ရှုံးကြွေးပြန်ဆပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းကတော့ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် ဧပြီလက အဲဗာတန်အသင်းကို အဝေးကွင်းမှာ တစ်ဂိုးမှ မသွင်းနိုင်ဘဲ (၄) ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး အရှက်တကွဲ အကျိူးနည်းခဲ့ရပါတယ်။ မန်ယူအသင်းဟာ အဲဗာတန်အသင်းကို ဧပြီလမှာ (၄-ဝ) နဲ့ အရေးနိမ့်ခဲ့ပြီး ဒီဇင်ဘာလမှာ (၁-၁) သရေကျခဲ့တာကြောင့် တနင်္ဂနွေနေ့ည ပွဲစဉ်မှာ အနိုင်ကစားဖို့ အားခဲလာနိုင်ပါတယ်။    Credit: SkySports

မန်ယူအသင်းဟာ မနေ့ညက ယူရိုပါလိဂ် (၃၂) သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ကလပ်ဘရုဂေးအသင်းကို (၅-ဝ) ရလဒ်နဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်သွားခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ (၂၀၂၀) ခုနှစ်အစမှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို စပို့တင်းအသင်းက ခေါ်ယူခဲ့စဉ်ကတည်းက မန်ယူအသင်းရဲ့ ရလဒ်တွေက သိသားစွာနဲ့ တိုးတတ်လာခဲ့ပါတယ်။ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ အရေးပါတဲ့ ပင်နယ်တီ ကန်သွင်းမှုကို တာဝန်ယူနေလျက်ရှိပြီး နည်းပြ ဆိုးလ်ရှားက အဲဗာတန်အသင်းကို မနှစ်ကနဲ့ မတူဘဲ ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

Photo Credit: SkySports

နည်းပြ ဆိုးလ်ရှားဟာ လွန်ခဲ့တဲ့ (၁၀) လခန့်က အဲဗာတန်အသင်းကို (၄-ဝ) နဲ့ ရှုံးနိမ့်ပြီးနောက် ဘယ်လောက် တိုးတတ်လာခဲ့သလဲလို့ အမေးခံရတဲ့ အချိန်မှာ သူက “ကောင်းပြီလေ။ ဒီအပတ် တနင်္ဂနွေနေ့ညမှာ မြင်ရကြမှာပါ။ အဲဒီပွဲစဉ်က ကျွန်တော် နည်းပြခဲ့တဲ့ ပွဲစဉ်မှာ အဆိုးဆုံးပါပဲ။ အားလုံး သိကြမယ်၊ သတိရကြမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် မမြင်ချင်ခဲ့ကြတဲ့ အရာတွေကို အဲဒီပွဲစဉ်မှာ မြင်ခဲ့ကြရပါတယ်။ အဲဗာတန်အသင်းနဲ့ သူတို့ရဲ့ အိမ်ကွင်းမှာ ကစားရပြီဆိုရင် သူတို့မှာ တိုက်စစ်မှူးကောင်း နှစ်ဦးရှိတာကြောင့် ကစားရခက်ခဲ့ပြီး သူတို့က ကျွန်တော်တို့ရဲ့ ပင်နယ်တီကွင်းထဲကို ရောက်ရှိလာကြပါတယ်။ ကျွန်တော် (၁၀၀) ရာခိုင်နှုန်း ပြောနိုင်တာက ကျွန်တော်တို့ ဒီတစ်ကြိမ်မှ ပို ကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသွားပါမယ်”လို့ ပြောခဲ့ပါတယ်။