မန်ချက်စတာယူနိုက်တက်အသင်းကတော့ မနေ့ညက ကျင်းပသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၉) မန်ချက်စတာဒါဘီပွဲစဉ်မှာ မြို့ခံပြိုင်ဘက်အသင်း မန်စီးတီးကို ၂ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီးနောက် ၂၀၀၉-၂၀၁၀ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းကို နှစ်ကျော့စလုံး အနိုင်ယူနိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်တွေ ဆက်လက်ရှိနေခဲ့ရပြီး လာမယ့်နှစ်အတွက်ကိုပါ ယုံကြည်မှုတွေ ပိုမိုအားကောင်းလာခဲ့တယ်လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားကနေ ကြံုးဝါးလာခဲ့ပါတယ်။

Photo Credit : TEAMtalk

ယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားက “ကျွန်တော်အတွက်ကတော့ ဒီရလဒ်က ကျွန်တော်တို့တွေ လမ်းကြောင်းမှန်ပေါ် တတ်လှမ်းလာတယ် တိုးတတ်မှုတွေ ရှိလာတယ်ဆိုတာကို ပြသလိုက်သလိုပါပဲ။ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်အသင်းပဲလေ။ ကျွန်တော်တို့အထက်ရောက်နေတဲ့ အသင်းတွေကို ကျော်တတ်လာနိုင်လည်း ကြိုးစားမှာပါ။ ကျွန်တော်တို့တွေ အချိန်တိုင်းလိုလိုမှာ တိုးတတ်ကောင်းမွန်နေတယ်လို့ကို ခံစားမိပါတယ်။ ကျွန်တော်တို့အသင်းအတွက် အတွေ့အကြံုလည်းရှိ ခြေစွမ်းလည်းကောင်းမွန်တဲ့ ကစားသမားသစ် အနည်းငယ်လောက်ကိုသာ ထပ်မံခေါ်ယူနိုင်မယ်ဆိုရင် ချန်ပီယံဆုအတွက် ပြိုင်ဘက်ကောင်းဖြစ်လာမယ်ဆိုတာ သိထားပါတယ်”

Photo Credit : TEAMtalk

“ရမှတ်တွေ ထပ်မံစုဆောင်းနိုင်ဖို့နဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တတ်လှမ်းနိုင်ဖို့အတွက်ကိုလည်း ကျွန်တော်တို့တွေ သေချာကို ဆွေးနွေးနေကြပါပြီ။ ကျွန်တော်အခု စိတ်ထားအရမ်းပြင်းထန်လွန်းလှတဲ့ ကစားသမားတွေကို အုပ်ချုပ်နေရတဲ့အပေါ် အရမ်းဝမ်းမြောက်မိပါတယ်။ အခု သူတို့တွေက အရာအားလုံးကို ပေးဆပ်ချင်စိတ်တွေ အပြည့်ကိုရှိလို့နေပါပြီ။ ဒီကစားသမားတွေက တဖြည်းဖြည်းနဲ့ တိုးတတ်ကောင်းမွန်လို့နေပါတယ်။ ပရိသတ်တွေကလည်း ပျော်ရွှင်နေကြမှာပါ။ သင့်အနေနဲ့ကတော့ ဒါက ရမှတ်၃မှတ်လေးပဲ ပြောဆိုနိုင်ပေမယ့် မန်စီးတီးလို အသင်းမျိုးကို အနိုင်ရလိုက်တာက အရမ်းကို အဓိပ္ပာယ်ရှိတဲ့ နိုင်ပွဲဖြစ်စေခဲ့ရပါတယ်” လို့ ပြောဆိုလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာတော့ ဆန်ချို ဒီကလန်ရိုက်စ်နဲ့ ဟယ်ရီကိန်းတို့ကို ခေါ်ယူသွားဖို့ရှိနေပြီး ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုုင်အောင် ပြင်ဆင်လာဖွယ်ရှိနေပါတယ်။