




{Unicode}

နည်းပြ ဆိုးလ်ရှားက တနင်္ဂနွေနေ့ည (၁၁း၀၀) နာရီ၊ လီဗာပူးလ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်မှာ အနိုင်ရခဲ့သလို ကစားပြီး အနိုင်ယူသွားမယ်လို့ ပြောသွားပါတယ်။ မန်ယူအသင်းဟာ (၂၀၁၉) ခုနှစ်က ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ အဝေးကွင်းမှာ (၃-၁) နဲ့ အနိုင်ရခဲ့တာကြောင့် အဝေးကွင်း သွင်းဂိုးနဲ့ နောက်တစ်ဆင့်ကို တက်သွားခဲ့ပါတယ်။

Photo Credit: SkySports

မန်ယူ နည်းပြ ဆိုးလ်ရှားဟာ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့သလို၊ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာ မန်စီးတီးအသင်းကို အနိုင်ရခဲ့သလို လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ ကစားသွားမယ်လို့ ပြောခဲ့ပါတယ်။ မန်ယူအသင်းဟာ ဒီဇင်ဘာလ (၈) ရက်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာ မန်စီးတီးအသင်းကို (၁-၂) နဲ့ အနိုင်ရခဲ့ပြီး နည်းပြ ဆိုးလ်ရှားကတော့ လီဗာပူးလ်အသင်းရဲ့ ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်ချင်နေပါတယ်။

Photo Credit: SkySports

ဆိုးလ်ရှားက “ဒီပွဲစဉ်မှာတော့ ကြီးမားတဲ့ စွမ်းဆောင်ရည်နဲ့ ကစားရပါမယ်။ စွမ်းဆောင်ရည်က အကောင်းဆုံး အဆင့်ကို ရောက်ရပါမယ်။ ဒီပွဲမှာ အရင်က ပြသခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ ပြန်ပြီး ကစားရပါမယ်။ မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ် နဲ့ ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ်ကလို ကစားရပါမယ်။ ဒီပွဲစဉ်က ကျွန်တော်တို့အတွက် ပွဲကြီးပွဲစဉ် ဖြစ်ပြီး အရင်က ပွဲစဉ်တွေကို ပြန်တွေးရပါမယ်။ ကျွန်တော်တို့ အနိုင်ရနိုင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။