မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ နည္းျပျဖစ္သူ ဆိုးလ္ရွားအတြက္ကေတာ့ လက္ရွိအခ်ိန္ဟာ ယူနိုက္တက္အသင္းထံမွာ ဆက္ရွိခြင့္ရဖို႔ဟာ အေရးႀကီးဆုံးကာလကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔ အဂလႋပ္သတင္းစာေတြက အသီးသီး ေဖာ္ျပလိုက္ၾကပါတယ္။ ဆိုးလ္ရွားရဲ့ ယူနိုက္တက္အသင္းဟာ လက္ရွိေဘာလုံးရာသီမွာ ဆိုးဝါးတဲ့ရလဒ္ပိုင္းကို ပိုင္ဆိုင္ထားခဲ့ၿပီး ယခုရာသီအတြက္ ပြဲစဥ္၈ပြဲကစားထားရာမွာ ၉မွတ္သာ စုေဆာင္းထားနိုင္တဲ့အထိ ရလဒ္ေတြ ဆိုးရြားေနခဲ့ကာ တန္းဆင္းဇုန္နဲ႔ ႏွစ္မွတ္သာ ကြာဟေတာ့တဲ့ အေျခအေနအထိ ျဖစ္ပ်က္ေနတာလည္း ျဖစ္ပါတယ္။

Photo Credit: Express.com

ယမန္ေန႔မနက္မွာ ထြက္ေပၚခဲ့တဲ့သတင္းေတြအရ ယူနိုက္တက္အသင္းရဲ့ ဒုတိယဥကၠဌလည္းျဖစ္ ၊ အသင္းရဲ့ကိစၥအဝဝကို တာဝန္ယူ ေဆာင္ရြက္ခြင့္လည္း ရရွိထားတဲ့ အက္ဝုဒ္ဝက္ဟာ ရလဒ္ပိုင္းေတြဆိုးရြားေနတဲ့ ဆိုးလ္ရွားအေပၚ စိတ္မရွည္ေတာ့ဘူးလို႔ သိရွိထားခဲ့ရပါတယ္။ လက္ရွိထြက္ေပၚလာတဲ့သတင္းေတြအရ ဆိုးလ္ရွားဟာ အသင္းမွာရွိတဲ့ စီနီယာ ကစားသမားေတြရဲ့ ယုံၾကည္မွုေတြကိုပါ မရရွိေတာ့ဘူးလို႔ သိရၿပီး ကစားသမားေတြဟာ ဆိုးလ္ရွားရဲ့ ေခါင္းေဆာင္နိုင္စြမ္း ၊ နည္းစနစ္ပိုင္းဆိုင္ရာေတြကို ေဝဖန္ခဲ့ၾကတယ္လို႔လည္း သိရွိရပါတယ္။

Photo Credit: Express.com

ဒါ့အျပင္ ယူနိုက္တက္အသင္းရဲ့ ဘုတ္အဖြဲ႕ဝင္ေတြဟာလည္း ဆိုးလ္ရွားဟာ ယူနိုက္တက္အသင္းကို ေအာင္ျမင္မွုလမ္းေၾကာင္းဆီ တစ္ဖန္တြန္းပို႔နိုင္မယ့္သူလားဆိုတာကို သံသယဝင္ေနၾကၿပီး ဆိုးလ္ရွားရဲ့အနာဂတ္နဲ႔ ပတ္သတ္ကာ အစည္းအေဝးတစ္ခု ျပဳလုပ္ခဲ့တယ္လို႔လည္း မန္ခ်က္စတာအေျခစိုက္သတင္းစာေတြက ဆိုထားၾကပါတယ္။ အဆိုပါ အစည္းအေဝးရဲ့ ဆုံးျဖတ္ခ်က္အရ ယူနိုက္တက္အသင္းဟာ ဆိုးလ္ရွားကို ေစာင့္ၾကည့္ကာလ အနည္းငယ္သာ ေပးအပ္သြားဖို႔ရွိေနၿပီး လာမယ့္ပြဲစဥ္ႏွစ္ပြဲမွာသာ ရလဒ္ေကာင္းတစ္စံုတစ္ရာ မရရွိခဲ့ပါက ဆိုးလ္ရွားအေနျဖင့္ က်ိန္းေသေပါက္ ရာထူးကေန ဖယ္ရွားျခင္းခံရပါလိမ့္မယ္။

Photo Credit: Express.com

အခြင့္အေရးေတြအျဖစ္ ဆိုးလ္ရွား ရရွိထားတဲ့ ပြဲစဥ္ႏွစ္ပြဲကေတာ့ ေအာက္တိုဘာလ ၂ဝရက္ေန႔မွာ ကစားရမယ့္ လီဗာပူးလ္အသင္းပြဲစဥ္နဲ႔ ေအာက္တိုဘာလ ၂၄ရက္ေန႔မွာ ကစားရမယ့္ ပါတီဇန္အသင္းနဲ႔ပြဲစဥ္တို႔ပဲ ျဖစ္ပါတယ္။ ယူနိုက္တက္အသင္းရဲ့ ဘုတ္အဖြဲ႕ဝင္ေတြက ေျခစြမ္းထက္ျမက္ေနတဲ့ လီဗာပူးလ္အသင္းကို အနိုင္ရလဒ္မရရွိနိုင္ရင္ေတာင္မွ အိမ္ကြင္းအိုးထရက္ဖို႔ဒ္မွာ ကစားရမွာျဖစ္တာေၾကာင့္ သေရရလဒ္ထြက္ေပၚနိုင္ဖို႔အတြက္ စဥ္းစားထားတာျဖစ္ကာ ယူရိုပါလိဂ္ပြဲစဥ္မွာေတာ့ လေပါင္းအတန္ၾကာေအာင္ နိုင္ပြဲေပ်ာက္ဆုံးေနတဲ့ အေဝးကြင္းနိုင္ပြဲကို ျပန္လည္ရယူနိုင္ဖို႔ ဆိုးလ္ရွားကို ဖိအားေပးထားတယ္လို႔ သိရွိရပါတယ္။ အကယ္၍ အဆိုပါပြဲစဥ္ေတြမွာသာ ရလဒ္မေကာင္းခဲ့ပါက ဆိုးလ္ရွားဟာ ထုတ္ပယ္ခံရဖို႔ရွိေနပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားအတွက်ကတော့ လက်ရှိအချိန်ဟာ ယူနိုက်တက်အသင်းထံမှာ ဆက်ရှိခွင့်ရဖို့ဟာ အရေးကြီးဆုံးကာလကို ရောက်ရှိနေပြီဖြစ်တယ်လို့ အဂၤလိပ္သတင်းစာတွေက အသီးသီး ဖော်ပြလိုက်ကြပါတယ်။ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ လက်ရှိဘောလုံးရာသီမှာ ဆိုးဝါးတဲ့ရလဒ်ပိုင်းကို ပိုင်ဆိုင်ထားခဲ့ပြီး ယခုရာသီအတွက် ပွဲစဥ်၈ပွဲကစားထားရာမှာ ၉မှတ်သာ စုဆောင်းထားနိုင်တဲ့အထိ ရလဒ်တွေ ဆိုးရွားနေခဲ့ကာ တန်းဆင်းဇုန်နဲ့ နှစ်မှတ်သာ ကွာဟတော့တဲ့ အခြေအနေအထိ ဖြစ်ပျက်နေတာလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

ယမန်နေ့မနက်မှာ ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ယူနိုက်တက်အသင်းရဲ့ ဒုတိယဥက္ကဌလည်းဖြစ် ၊ အသင်းရဲ့ကိစ္စအဝဝကို တာဝန်ယူ ဆောင်ရွက်ခွင့်လည်း ရရှိထားတဲ့ အက်ဝုဒ်ဝက်ဟာ ရလဒ်ပိုင်းတွေဆိုးရွားနေတဲ့ ဆိုးလ်ရှားအပေါ် စိတ်မရှည်တော့ဘူးလို့ သိရှိထားခဲ့ရပါတယ်။ လက်ရှိထွက်ေပါ်လာတဲ့သတင်းတွေအရ ဆိုးလ်ရှားဟာ အသင်းမှာရှိတဲ့ စီနီယာ ကစားသမားတွေရဲ့ ယုံကြည်မှုတွေကိုပါ မရရှိတော့ဘူးလို့ သိရပြီး ကစားသမားတွေဟာ ဆိုးလ်ရှားရဲ့ ခေါင်းဆောင်နိုင်စွမ်း ၊ နည်းစနစ်ပိုင်းဆိုင်ရာတွေကို ဝေဖန်ခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။

Photo Credit: Express.com

ဒါ့အပြင် ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာလည်း ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို အောင်မြင်မှုလမ်းကြောင်းဆီ တစ်ဖန်တွန်းပို့နိုင်မယ့်သူလားဆိုတာကို သံသယဝင်နေကြပြီး ဆိုးလ်ရှားရဲ့အနာဂတ်နဲ့ ပတ်သတ်ကာ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့တယ်လို့လည်း မန်ချက်စတာအခြေစိုက်သတင်းစာတေွက ဆိုထားကြပါတယ်။ အဆိုပါ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို စောင့်ကြည့်ကာလ အနည်းငယ်သာ ပေးအပ်သွားဖို့ရှိနေပြီး လာမယ့်ပွဲစဥ်နှစ်ပွဲမှာသာ ရလဒ်ကောင်းတစ်စံုတစ်ရာ မရရှိခဲ့ပါက ဆိုးလ်ရှားအနေဖြင့် ကျိန်းသေပေါက် ရာထူးကနေ ဖယ်ရှားခြင်းခံရပါလိမ့်မယ်။

Photo Credit: Express.com

အခွင့်အရေးတွေအဖြစ် ဆိုးလ်ရှား ရရှိထားတဲ့ ပွဲစဥ်နှစ်ပွဲကတော့ အောက်တိုဘာလ ၂ဝရက်နေ့မှာ ကစားရမယ့် လီဗာပူးလ်အသင်းပွဲစဥ်နဲ့ အောက်တိုဘာလ ၂၄ရက်နေ့မှာ ကစားရမယ့် ပါတီဇန်အသင်းနဲ့ပွဲစဥ်တို့ပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေက ခြေစွမ်းထက်မြက်နေတဲ့ လီဗာပူးလ်အသင်းကို အနိုင်ရလဒ်မရရှိနိုင်ရင်တောင်မှ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ကစားရမှာဖြစ်တာကြောင့် သရေရလဒ်ထွက်ပေါ်နိုင်ဖို့အတွက် စဥ်းစားထားတာဖြစ်ကာ ယူရိုပါလိဂ်ပွဲစဥ်မှာတော့ လပေါင်းအတန်ကြာအောင် နိုင်ပွဲပျောက်ဆုံးနေတဲ့ အဝေးကွင်းနိုင်ပွဲကို ပြန်လည်ရယူနိုင်ဖို့ ဆိုးလ်ရှားကို ဖိအားပေးထားတယ်လို့ သိရှိရပါတယ်။ အကယ်၍ အဆိုပါပွဲစဥ်တွေမှာသာ ရလဒ်မကောင်းခဲ့ပါက ဆိုးလ်ရှားဟာ ထုတ်ပယ်ခံရဖို့ရှိနေပါတယ်။