မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ မန်ယူအသင်းကို ကွင်းလယ်လူ ဖာနန်ဒက်စ် ရှောက်ရှိလာခဲ့စဉ် ကတည်းက မန်ယူ တိုက်စစ်မှူး မာရှယ် နဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်တို့ဟာ အချိတ်အဆက် မိနေခဲ့ကြတယ်လို့ ပြောခဲ့ပြီး သူတို့နှစ်ဦးရဲ့ တွဲဖက်မှုက တိုးတတ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ မန်ယူအသင်းဟာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စပို့တင်းအသင်းကနေ ပေါင် (၆၅) သန်းနဲ့ ခေါ်ယူခဲ့ပြီး ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းကို ရောက်လာပြီး တစ်လအကြာ၊ ဖေဖော်ဝါရီလမှာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

Photo Credit: Dailymail

တိုက်စစ်မှူး မာရှယ်ဟာ အသင်းဖော် တိုက်စစ်မှူး ရက်ချ်ဖို့ဒ် ဒဏ်ရာ ရရှိနေတဲ့ အချိန်မှာ မန်ယူ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နေခဲ့ပြီး လက်ရှိရာသီမှာ မန်ယူအသင်းအတွက် (၂၇) ပွဲ ကစားထားရာမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၁၀) ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ကွင်းလယ်လူ ဖာနန်ဒက်စ် ရောက်ရှိလာပြီးနောက် ရလဒ်ကောင်းတွေကို ရရှိလာခဲ့ပြီး နောက်ဆုံး ပွဲစဉ် (၁၁) ပွဲဆက် ရှုံးပွဲ မရှိခဲ့တာကြောင့် မန်ယူ နည်းပြ ဆိုးလ်ရှားက မာရှယ် နဲ့ ဖာနန်ဒက်စ်တို့ကို အချိတ်အဆက် မိနေကြပြီလို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

နည်းပြ ဆိုးလ်ရှားက “မာရှယ်က ဒဏ်ရာကြောင့် ခက်ခဲတဲ့ ရာသီ ရှိခဲ့တယ်။ ဒါပေမယ့် သူက လက်ရှိရာသီကို ကောင်းစွာ စတင်ခဲ့ပြီး ကောင်းစွာ ပြီးဆုံးခဲ့တယ်။ ရာသီကတော့ မပြီးသေးပါဘူး။ ဒါပေမယ့် သူက ပြိုင်ပွဲ မရပ်နားခင်အထိ ကောင်းစွာ ကစားခဲ့တယ်။ သူ ကြိုးစားနေပါတယ်။ ကျွန်တော့်အမြင်မှာတော့ မာရှယ်က မန်ယူအသင်းမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံ ရရှိနေပြီလို့ ကျွန်တော် ထင်တယ်။ ဒီတော့ သူ ပွဲပြန်ကစားရင် ဘယ်လို ဖြစ်မလဲကို စောင့်ကြည့်ရမှာပါ။ မာရှယ် နဲ့ ဖာနန်ဒက်စ်က အချိတ်အဆက် မိနေကြပြီ။ ဒီတော့ သူတို့ နှစ်ဦးရဲ့ အတွဲအစပ်က တိုးလာလာနိုင်တယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။