မန္ယူအသင္းဟာ မေန႔ညက ကစားသြားခဲ့တဲ့ အက္ဖ္ေအ ဖလား ျပန္ကန္ပဲြစဥ္မွာ ကြင္းလယ္လူ မာတာရဲ႕ သြင္းဂုိး (၁) ဂိုးတည္းနဲ႔ အႏုိင္ရခဲ့ၿပီး နည္းျပ ဆုိးလ္ရွားကေတာ့ အႏုိင္ဂုိး သြင္းယူခဲ့တဲ့ မာတာကုိ ခ်ီးက်ဴးခဲ့ပါတယ္။ မန္ယူအသင္းဟာ ပထမပုိင္းအတြင္းမွာ အခြင့္အေရးေကာင္းေတြ ရရွိခဲ့ေပမဲ့လည္း ဂ်ိမ္း နဲ႔ မာတာတုိ႔က အေကာင္းဆုံး အသုံးမခ်ႏုိင္ခဲ့ၾကလုိ႔ ဂုိးမသြင္းႏုိင္ခဲ့ၾကဘဲ ဒုတိယပုိင္း ပဲြခ်ိန္ (၆၇) မိနစ္မွာ မာရွယ္ရဲ႕ ဖန္တီးေပးမႈကေန မာတာက သြင္းယူသြားခဲ့ပါတယ္။

Photo Credit: Allfootball

မန္ယူအသင္းဟာ မေန႔ညက ပဲြခ်ိန္ (၁၀) မိနစ္မွာတင္ ေနတုိရဲ႕ သြင္းဂုိးကုိ ခြင့္ျပဳခဲ့ရေပမဲ့လည္း VAR က ဂ်ီမီနက္ကုိ ေဘာလုံးနဲ႔ လက္ထိခဲ့တယ္လုိ႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ေနတုိရဲ႕ သြင္းဂုိးကုိ ျပန္ပယ္ဖ်က္လုိက္ပါတယ္။ ပဲြခ်ိန္ (၄၃) မိနစ္မွာေတာ့ မန္ယူအသင္းကုိ တည္ကန္ေဘာ ေပးခဲ့ တာေၾကာင့္ ေနတုိ နဲ႔ ဝီလီယံတုိ႔ အခ်င္းမ်ားခဲ့ၾကေပမဲ့လည္း ကြင္းလယ္ဒုိင္က သူတုိ႔ကုိ သတိပဲ ေပးခဲ့ၿပီး ပဲြခ်ိန္ မိနစ္ (၉၀) အျပည့္မွာေတာ့ မန္ယူအသင္းက (၁-၀) နဲ႔ အႏုိင္ရသြားခဲ့ပါတယ္။

Photo Credit: Allfootball

နည္းျပ ဆုိးလ္ရွားက “မာတာက ဂုိးေတြ သြင္းပါတယ္၊ ဂုိးေတြ ဖန္တီးပါတယ္။ သူက ကစားပုံနဲ႔ အံ့ဝင္ခြင္က်တယ္၊ စည္းခ်က္မွန္တယ္၊ ေနရာလြတ္ရွာႏုိင္ပါတယ္၊ ေဘာလုံး လုယူႏုိင္ပါတယ္။ သူက တကယ့္ကုိ မယုံနိုင္စရာ လူသား ျဖစ္ၿပီး ဘယ္ေတာ့မွ ျပႆနာ မရွာပါဘူး။ ေသခ်ာတာတစ္ခုက ပဲြကစားရတာ နည္းလုိ႔ သူ မေပ်ာ္ပါဘူး။ ဒါေပမဲ့ သူက ကြ်န္ေတာ့္ရဲ႕ အခန္း တံခါးကုိ လာေခါက္ၿပီး ျပႆနာရွာတာ နဲ႔ စိတ္ဓါတ္က်တာေတြ မရွိပါဘူး”လုိ႔ ခ်ီးက်ဴးသြားလုိက္ပါတယ္။

{Unicode}

မန်ယူအသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ အက်ဖ်အေ ဖလား ပြန်ကန်ပွဲစဉ်မှာ ကွင်းလယ်လူ မာတာရဲ့ သွင်းဂိုး (၁) ဂိုးတည်းနဲ့ အနိုင်ရခဲ့ပြီး နည်းပြ ဆိုးလ်ရှားကတော့ အနိုင်ဂိုး သွင်းယူခဲ့တဲ့ မာတာကို ချီးကျူးခဲ့ပါတယ်။ မန်ယူအသင်းဟာ ပထမပိုင်းအတွင်းမှာ အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမဲ့လည်း ဂျိမ်း နဲ့ မာတာတို့က အကောင်းဆုံး အသုံးမချနိုင်ခဲ့ကြလို့ ဂိုးမသွင်းနိုင်ခဲ့ကြဘဲ ဒုတိယပိုင်း ပွဲချိန် (၆၇) မိနစ်မှာ မာရှယ်ရဲ့ ဖန်တီးပေးမှုကနေ မာတာက သွင်းယူသွားခဲ့ပါတယ်။

Photo Credit: Allfootball

မန်ယူအသင်းဟာ မနေ့ညက ပွဲချိန် (၁၀) မိနစ်မှာတင် နေတိုရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပေမဲ့လည်း VAR က ဂျီမီနက်ကို ဘောလုံးနဲ့ လက်ထိခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် နေတိုရဲ့ သွင်းဂိုးကို ပြန်ပယ်ဖျက်လိုက်ပါတယ်။ ပွဲချိန် (၄၃) မိနစ်မှာတော့ မန်ယူအသင်းကို တည်ကန်ဘော ပေးခဲ့ တာကြောင့် နေတို နဲ့ ဝီလီယံတို့ အချင်းများခဲ့ကြပေမဲ့လည်း ကွင်းလယ်ဒိုင်က သူတို့ကို သတိပဲ ပေးခဲ့ပြီး ပွဲချိန် မိနစ် (၉၀) အပြည့်မှာတော့ မန်ယူအသင်းက (၁-ဝ) နဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit: Allfootball

နည်းပြ ဆိုးလ်ရှားက “မာတာက ဂိုးတွေ သွင်းပါတယ်၊ ဂိုးတွေ ဖန်တီးပါတယ်။ သူက ကစားပုံနဲ့ အံ့ဝင်ခွင်ကျတယ်၊ စည်းချက်မှန်တယ်၊ နေရာလွတ်ရှာနိုင်ပါတယ်၊ ဘောလုံး လုယူနိုင်ပါတယ်။ သူက တကယ့်ကို မယုံနိုင်စရာ လူသား ဖြစ်ပြီး ဘယ်တော့မှ ပြဿနာ မရှာပါဘူး။ သေချာတာတစ်ခုက ပွဲကစားရတာ နည်းလို့ သူ မပျော်ပါဘူး။ ဒါပေမဲ့ သူက ကျွန်တော့်ရဲ့ အခန်း တံခါးကို လာခေါက်ပြီး ပြဿနာရှာတာ နဲ့ စိတ်ဓါတ်ကျတာတွေ မရှိပါဘူး”လို့ ချီးကျူးသွားလိုက်ပါတယ်။