မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ နည္းျပျဖစ္သူ ဆိုးလ္ရွားကေတာ့ အသင္းရဲ့ အဓိက ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ ေပါ့ဘာဟာ ဇန္နဝါရီတစ္လလုံးနီးပါး အသင္းရဲ့ပြဲစဥ္ အမ်ားအျပားကို လြဲေခ်ာ္ဦးမယ္လို႔ အတည္ျပဳ ေျပာဆိုသြားခဲ့ပါတယ္။ ယူနိုက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရၿပီး ကြင္းလယ္ကစားသမား ေတာ္မီေနးဟာလည္း ဒူးအရြတ္ဒဏ္ရာေၾကာင့္ ႏွစ္လနီးပါးၾကာေအာင္ အနားယူေနရပါတယ္။

Photo Credit: Express.com

ေပါ့ဘာဟာ ေျခက်င္းဝတ္ဒဏ္ရာျပႆနာေၾကာင့္ ယူနိုက္တက္အသင္းရဲ့ ပြဲစဥ္ေတြကို သုံးလနီးပါးၾကာေအာင္ အနားယူခဲ့ရသူျဖစ္ၿပီး မၾကာမီကမွ အသင္းနဲ႔ျပန္လည္ပူးေပါင္းခဲ့ကာ အသင္းအတြက္ လူစားဝင္ကစားသမားအျဖစ္ ႏွစ္ပြဲသာ ျပန္လည္ ကစားေပးထားနိုင္သူပါ။ ဒါေပမယ့္ လက္ရွိမွာေတာ့ ေပါ့ဘာဟာ ေျခက်င္းဝတ္ဒဏ္ရာျပႆနာေၾကာင့္ပဲ အနားယူရဦးမွာ ျဖစ္တယ္လို႔ ဆိုးလ္ရွားက ေျပာျပသြားခဲ့ပါတယ္။

Photo Credit: Express.com

ေပါ့ဘာရဲ့ ဒဏ္ရာအေျခအေနကို ဆိုးလ္ရွားက ” အတိအက်ေတာ့ သူဘယ္ေလာက္အထိ အနားယူရမလဲဆိုတာ ကၽြန္ေတာ္မသိပါဘူး။ သုံးပတ္ ဒါမွမဟုတ္ ေလးပတ္ေလာက္အထိ ျဖစ္သြားနိုင္ပါတယ္။ သူ႔ရဲ့ဆရာဝန္ေတြက သူဟာ ခြဲစိတ္ကုသမွုခံယူဖို႔အတြက္ လိုအပ္ေၾကာင္း ေျပာထားခဲ့ၿပီး သူကလည္း ခြဲစိတ္ ကုသမွုကို လုပ္ေဆာင္သြားဖို႔ရွိပါတယ္ ” လို႔ ဖြင့္ဟသြားခဲ့တာပါ။

Photo Credit: Express.com

ေတာ္မီေနးေရာ ေပါ့ဘာပါ ဒဏ္ရာေၾကာင့္ အသင္းရဲ့ပြဲစဥ္ေတြကို မပါဝင္နိုင္တဲ့ အေနအထားမွာ ယူနိုက္တက္အသင္းရဲ့ ကြင္းလယ္မွာ အေတာ္ေလးကို အားနည္းခ်က္ေတြရွိေနၿပီး ဖရက္ဒ္နဲ႔မာတစ္တို႔ကိုသာ ပြဲစဥ္တိုင္း သုံးစြဲရဖို႔ ရွိေနပါတယ္။ အဂၤလန္သတင္းစာေတြကေတာ့ ယူနိုက္တက္အသင္းဟာ ေပါ့ဘာရဲ့ဒဏ္ရာေၾကာင့္ အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ ကြင္းလယ္လူတစ္ဦးကို ေခၚယူဖို႔ ႀကိဳးစားဖြယ္ရွိေနေၾကာင္း ဆိုထားၾကပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကတော့ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ့ဘာဟာ ဇန်နဝါရီတစ်လလုံးနီးပါး အသင်းရဲ့ပွဲစဉ် အများအပြားကို လွဲချော်ဦးမယ်လို့ အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ကွင်းလယ်ကစားသမား တော်မီနေးဟာလည်း ဒူးအရွတ်ဒဏ်ရာကြောင့် နှစ်လနီးပါးကြာအောင် အနားယူနေရပါတယ်။

Photo Credit: Express.com

ပေါ့ဘာဟာ ခြေကျင်းဝတ်ဒဏ်ရာပြဿနာကြောင့် ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေကို သုံးလနီးပါးကြာအောင် အနားယူခဲ့ရသူဖြစ်ပြီး မကြာမီကမှ အသင်းနဲ့ပြန်လည်ပူးပေါင်းခဲ့ကာ အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် နှစ်ပွဲသာ ပြန်လည် ကစားပေးထားနိုင်သူပါ။ ဒါပေမယ့် လက်ရှိမှာတော့ ပေါ့ဘာဟာ ခြေကျင်းဝတ်ဒဏ်ရာပြဿနာကြောင့်ပဲ အနားယူရဦးမှာ ဖြစ်တယ်လို့ ဆိုးလ်ရှားက ပြောပြသွားခဲ့ပါတယ်။

Photo Credit: Express.com

ပေါ့ဘာရဲ့ ဒဏ်ရာအခြေအနေကို ဆိုးလ်ရှားက ” အတိအကျတော့ သူဘယ်လောက်အထိ အနားယူရမလဲဆိုတာ ကျွန်တော်မသိပါဘူး။ သုံးပတ် ဒါမှမဟုတ် လေးပတ်လောက်အထိ ဖြစ်သွားနိုင်ပါတယ်။ သူ့ရဲ့ဆရာဝန်တွေက သူဟာ ခွဲစိတ်ကုသမှုခံယူဖို့အတွက် လိုအပ်ကြောင်း ပြောထားခဲ့ပြီး သူကလည်း ခွဲစိတ် ကုသမှုကို လုပ်ဆောင်သွားဖို့ရှိပါတယ် ” လို့ ဖွင့်ဟသွားခဲ့တာပါ။

Photo Credit: Express.com

တော်မီနေးရော ပေါ့ဘာပါ ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်တွေကို မပါဝင်နိုင်တဲ့ အနေအထားမှာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်မှာ အတော်လေးကို အားနည်းချက်တွေရှိနေပြီး ဖရက်ဒ်နဲ့မာတစ်တို့ကိုသာ ပွဲစဉ်တိုင်း သုံးစွဲရဖို့ ရှိနေပါတယ်။ အင်္ဂလန်သတင်းစာတွေကတော့ ယူနိုက်တက်အသင်းဟာ ပေါ့ဘာရဲ့ဒဏ်ရာကြောင့် အပြောင်းအရွှေ့စျေးကွက်ထဲမှာ ကွင်းလယ်လူတစ်ဦးကို ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိနေကြောင်း ဆိုထားကြပါတယ်။