ယေန႔မနက္မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ဘန္ေလအသင္းကို အိမ္ကြင္းမွာ လက္ခံကစားခဲ့ရေပမယ့္ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ႏွစ္ဂိုး ဂိုးမရွိဆိုတဲ့ ရလဒ္နဲ႔ အရွက္ရစဖြယ္ အေရးနိမ့္ခဲ့ပါတယ္။ အဆိုပါ ရွုံးပြဲအၿပီးမွာေတာ့ ယူနိုက္တက္နည္းၿပ ဆိုးလ္ရွားရဲ့ အနာဂတ္ဟာလည္း မတည္မၿငိမ္ ျဖစ္လာခဲ့တယ္လို႔ သိရွိရပါတယ္။

Photo Credit: Metro.com

အဓိက ကစားသမားေတြျဖစ္တဲ့ ေတာ္မီေနး ၊ ေပါ့ဘာ ၊ ရက္ဖို႔ဒ္တို႔ ဒဏ္ရာရရွိေနတဲ့အခ်ိန္မွာ ယူနိုက္တက္အသင္းဟာ အသင္းကို ဦးေဆာင္ ကစားမယ့္ ကစားသမားေပ်ာက္ရွေနခဲ့ၿပီး ရက္ဖို႔ဒ္မပါဝင္တဲ့ အသင္းရဲ့တိုက္စစ္ပိုင္းဟာ လိုအပ္ခ်က္ေတြ မ်ားျပားေနခဲ့ပါတယ္။ ဒါ့အျပင္ ဖရက္ဒ္နဲ႔မာတစ္တို႔ ႏွစ္ဦးတည္းသာ ရွိတဲ့ ကြင္းလယ္ပိုင္းဟာလည္း မျဖစ္မေန အင္အားျဖည့္ဖို႔ လိုအပ္ေနတာကိုလည္း ဘန္ေလအသင္းနဲ႔ပြဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။

Photo Credit: Metro.com

လီဗာပူးလ္ ၊ ဘန္ေလ စတဲ့အသင္းေတြကို ႏွစ္ပြဲဆက္တိုက္ ရွုံးနိမ့္ခဲ့အၿပီးမွာေတာ့ နည္းၿပ ဆိုးလ္ရွားရဲ့ အရည္အေသြးအေပၚ ယူနိုက္တက္ ရဲ့ ဘုတ္အဖြဲ႕ဝင္တခ်ိဳ႕ဟာ သံသယရွိလာတယ္ လို႔ မန္ခ်က္စတာအေျခစိုက္ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ဆိုးလ္ရွားဟာ အသင္းကို ပိုင္ဆိုင္တဲ့ ဂေလဇာမိသားစုရဲ့ ေထာက္ခံမွုကို ရရွိခဲ့ေပမယ့္ ဘုတ္အဖြဲ႕ဝင္ေတြရဲ့ ယုံၾကည္မွုေတြကို ဆုံးရွုံးေနတာက ရာထူးကေန ထြက္ခြာရနိုင္တဲ့ အေျခအေနျဖစ္ေၾကာင္း ေဘာလုံးကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။

Photo Credit: Metro.com

ထြက္ေပၚေနတဲ့ သတင္းေတြအရ ဆိုးလ္ရွားရဲ့ ယူနိုက္တက္နည္းျပဘဝဟာ ယခုႏွစ္ ေဘာလုံးရာသီ ကုန္ဆုံးခ်ိန္အထိသာ ျဖစ္နိုင္ေၾကာင္းနဲ႔ စပါးအသင္းနည္းျပေဟာင္း ပိုခ်က္တီနိုကို အသင္းနည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ အသင္းရဲ့ အစည္းအေဝးအတြင္းမွာ ဘုတ္အဖြဲ႕တခ်ိဳ႕ဟာ စတင္ေတာင္းဆိုေတာ့မွာျဖစ္ေၾကာင္း သိထားရပါတယ္။

ယနေ့မနက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အရှက်ရစဖွယ် အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါ ရှုံးပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာလည်း မတည်မငြိမ် ဖြစ်လာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit: Metro.com

အဓိက ကစားသမားတွေဖြစ်တဲ့ တော်မီနေး ၊ ပေါ့ဘာ ၊ ရက်ဖို့ဒ်တို့ ဒဏ်ရာရရှိနေတဲ့အချိန်မှာ ယူနိုက်တက်အသင်းဟာ အသင်းကို ဦးဆောင် ကစားမယ့် ကစားသမားပျောက်ရှနေခဲ့ပြီး ရက်ဖို့ဒ်မပါဝင်တဲ့ အသင်းရဲ့တိုက်စစ်ပိုင်းဟာ လိုအပ်ချက်တွေ များပြားနေခဲ့ပါတယ်။ ဒါ့အပြင် ဖရက်ဒ်နဲ့မာတစ်တို့ နှစ်ဦးတည်းသာ ရှိတဲ့ ကွင်းလယ်ပိုင်းဟာလည်း မဖြစ်မနေ အင်အားဖြည့်ဖို့ လိုအပ်နေတာကိုလည်း ဘန်လေအသင်းနဲ့ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Metro.com

လီဗာပူးလ် ၊ ဘန်လေ စတဲ့အသင်းတွေကို နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့အပြီးမှာတော့ နည်းပြ ဆိုးလ်ရှားရဲ့ အရည်အသွေးအပေါ် ယူနိုက်တက် ရဲ့ ဘုတ်အဖွဲ့ဝင်တချို့ဟာ သံသယရှိလာတယ် လို့ မန်ချက်စတာအခြေစိုက် သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဆိုးလ်ရှားဟာ အသင်းကို ပိုင်ဆိုင်တဲ့ ဂလေဇာမိသားစုရဲ့ ထောက်ခံမှုကို ရရှိခဲ့ပေမယ့် ဘုတ်အဖွဲ့ဝင်တွေရဲ့ ယုံကြည်မှုတွေကို ဆုံးရှုံးနေတာက ရာထူးကနေ ထွက်ခွာရနိုင်တဲ့ အခြေအနေဖြစ်ကြောင်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Metro.com

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြဘဝဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်အထိသာ ဖြစ်နိုင်ကြောင်းနဲ့ စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အသင်းရဲ့ အစည်းအဝေးအတွင်းမှာ ဘုတ်အဖွဲ့တချို့ဟာ စတင်တောင်းဆိုတော့မှာဖြစ်ကြောင်း သိထားရပါတယ်။