မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ နည္းၿပ ျဖစ္သူ ဆိုလ္းရွားကေတာ့ ကြင္းလယ္အတြက္ စပို႔တင္းအသင္းက ဘ႐ူနိုဖာနန္ဒက္စ္ကို ေခၚယူနိုင္ခဲ့အၿပီးမွာ သူ႔အေနနဲ႔ ေနာက္ထပ္ အသင္းအတြက္ အသားအနာခံကာ ဂိုးသြင္းေပးနိုင္တဲ့ တိုက္စစ္မွူးတစ္ဦးကို လိုခ်င္ေနေၾကာင္း ဖြင့္ဟလာခဲ့ပါတယ္။

Photo Credit: Standard.com

ဆိုးလ္ရွားဟာ ယူနိုက္တက္အသင္းက အေဝးကြင္းမွာ မန္စီးတီးအသင္းကို တစ္ဂိုး ဂိုးမရွိဆိုတဲ့ရလဒ္နဲ႔ အနိုင္ရခဲ့ေပမယ့္ ကာရာေဘာင္းဖလား ဗိုလ္လုပြဲနဲ႔ လြဲေခ်ာ္ခဲ့ရတဲ့ ပြဲအၿပီးမွာ အဆိုပါစကားကို ေျပာဆိုခဲ့တာျဖစ္ၿပီး အဆိုပါစကားဟာ အသင္းရဲ့ အဓိကတိုက္စစ္မွူး ရက္ဖို႔ဒ္ ဒဏ္ရာရေနခ်ိန္မွာ အသင္းရဲ့တိုက္စစ္ ကို ဦးေဆာင္ကစားေနတဲ့ မာရွယ္ကို သတိေပးတဲ့စကားျဖစ္တယ္လို႔ ေဘာလုံးကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။

Photo Credit: Standard.com

မာရွယ္ဟာ မန္စီးတီးအသင္းနဲ႔ပြဲစဥ္မွာ ကစားခြင့္ရရွိခဲ့ေပမယ့္ အသင္းရဲ့တိုက္စစ္ကို ေကာင္းမြန္စြာ ဦးမေဆာင္နိုင္ခဲ့သလို ဂိုးသြင္းယူနိုင္မယ့္ အခြင့္အေရးေတြ ရခဲ့ေပမယ့္ အသုံးမခ်နိုင္ခဲ့တဲ့သူပါ။ ဆိုးလ္ရွားကေတာ့ သူဟာ အသင္းအတြက္ အသားအနာခံကာ ဂိုးသြင္းယူေပးနိုင္မယ့္ တိုက္စစ္မွူးရွိရင္ ေခၚယူခ်င္ပါေၾကာင္း ဖြင့္ဟထားခဲ့တာပါ​​။

Photo Credit: Standard.com

တိုက္စစ္မွူးတစ္ဦးကို ေခၚယူမလားဆိုတဲ့ ေမးခြန္းနဲ႔ ပတ္သတ္ၿပီး ဆိုးလ္ရွားက ” ဂိုးသြင္းဖို႔ အသားအနာခံနိုင္တဲ့ တိုက္စစ္မွူးမ်ိဳးဆိုရင္ ကၽြန္ေတာ္လိုခ်င္ပါတယ္ ” လို႔ ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ကာဗာနီ ၊ ဆလီမာနီစတဲ့ တိုက္စစ္မွူးေတြနဲ႔ ယူနိုက္တက္ ဟာ သတင္းေတြထြက္ေပၚေနတာျဖစ္ၿပီး အေျပာင္းအေရႊ႕ေနာက္ဆုံးေန႔ရက္မွာ ဘယ္သူက ယူနိုက္တက္ထံ ေရာက္လာဦးမလဲဆိုတာ ေစာင့္ၾကည့္သြားရမွာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ ဖြစ်သူ ဆိုလ်းရှားကတော့ ကွင်းလယ်အတွက် စပို့တင်းအသင်းက ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ခဲ့အပြီးမှာ သူ့အနေနဲ့ နောက်ထပ် အသင်းအတွက် အသားအနာခံကာ ဂိုးသွင်းပေးနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးကို လိုချင်နေကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit: Standard.com

ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းက အဝေးကွင်းမှာ မန်စီးတီးအသင်းကို တစ်ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရတဲ့ ပွဲအပြီးမှာ အဆိုပါစကားကို ပြောဆိုခဲ့တာဖြစ်ပြီး အဆိုပါစကားဟာ အသင်းရဲ့ အဓိကတိုက်စစ်မှူး ရက်ဖို့ဒ် ဒဏ်ရာရနေချိန်မှာ အသင်းရဲ့တိုက်စစ် ကို ဦးဆောင်ကစားနေတဲ့ မာရှယ်ကို သတိပေးတဲ့စကားဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Standard.com

မာရှယ်ဟာ မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ ကစားခွင့်ရရှိခဲ့ပေမယ့် အသင်းရဲ့တိုက်စစ်ကို ကောင်းမွန်စွာ ဦးမဆောင်နိုင်ခဲ့သလို ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တဲ့သူပါ။ ဆိုးလ်ရှားကတော့ သူဟာ အသင်းအတွက် အသားအနာခံကာ ဂိုးသွင်းယူပေးနိုင်မယ့် တိုက်စစ်မှူးရှိရင် ခေါ်ယူချင်ပါကြောင်း ဖွင့်ဟထားခဲ့တာပါ​​။

Photo Credit: Standard.com

တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူမလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက ” ဂိုးသွင်းဖို့ အသားအနာခံနိုင်တဲ့ တိုက်စစ်မှူးမျိုးဆိုရင် ကျွန်တော်လိုချင်ပါတယ် ” လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကာဗာနီ ၊ ဆလီမာနီစတဲ့ တိုက်စစ်မှူးတွေနဲ့ ယူနိုက်တက် ဟာ သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာ ဘယ်သူက ယူနိုက်တက်ထံ ရောက်လာဦးမလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။