ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ ယနေ့ည ၁၁နာရီခွဲအချိန် မှာ ယှဉ်ပြိုင် ကစားမယ့် မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို အနိုင်ယူ ကျော်ဖြတ်ပြီး ဗိုလ်လုပွဲဆီ ရောက်ရှိအောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလားကို ရရှိဖို့ဟာ မန်ယူ အသင်းရဲ့ ပစ်မှတ် တစ်ခု ဖြစ်ကြောင်းလည်း အတည်ပြု ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ယနေ့ည ၁၁နာရီခွဲ အချိန်မှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်ကို ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်ကိုတော့ ဝင်ဘလေကွင်းထဲမှာ ရင်ဆိုင် ယှဉ်ပြိုင်ကြမှာပါ။

Photo Credit: Setty News

မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ယခုတစ်ကြိမ် တွေ့ဆုံမှု မတိုင်မီမှာ လက်ရှိ ဘောလုံးရာသီအတွင်း သုံးကြိမ် တိုင်တိုင် တွေ့ဆုံခဲ့ရာမှာတော့ မန်ယူအသင်းဟာ အကြိမ်တိုင်း ကို အနိုင်ရရှိထားသလို သွင်းဂိုး ၈ဂိုး ရရှိထားပြီး ပေးဂိုး ၁ဂိုးသာ ရှိခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ယခုတစ်ကြိမ် တွေ့ဆုံမှုမှာ မန်ယူအသင်းကပဲ အသာစီး ရသွားလိမ့်မယ်လို့ ခန့်မှန်းသုံးသပ်သူတွေ ရှိသလို ဒီတစ်ကြိမ်မှာတော့ ချယ်လ်ဆီး အသင်းဟာ ဂုဏ်သိက္ခာအတွက် မန်ယူအသင်း ကို အနိုင်ယူသွားလိမ့်မယ်လို့ ယုံကြည်နေသူတွေ ရှိကြပါတယ်။ ဆိုးလ်ရှားကတော ဗိုလ်လုပွဲ ဆီကို ရောက်ရှိအောင် ကြိုးစားဖို့ဟာ လက်ရှိမှာ သူတို့အသင်းရဲ့ ပစ်မှတ် ဖြစ်ကြောင်းနဲ့ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ဖို့ ကြိုးစား ကစားသွားမှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

Photo Credit: Setty News

အက်ဖ်အေဖလားကို ရယူနိုင်ဖို့ ရည်မှန်းထားတဲ့ အကြောင်းကို ဆိုးလ်ရှားက ” အခုချိန်မှာတော့ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ဖို့ အတွက် အကောင်းဆုံး အခွင့်အရေးတစ်ခု ရှိနေပါတယ်။ ကျွန်တော်တို့ဟာ ခြေလှမ်းတစ်လှမ်းပဲ လိုအပ်ပါတယ်။ ဝင်ဘလေကွင်းမှာ ကျင်းပမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲဆီကို ရောက်ဖို့ပေါ့။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ အက်ဖ်အေဖလားကို အာရုံစိုက်ထားပါတယ်။ ပြီးတော့ ဒါဟာ အသင်းတိုင်း ၊ ကစားသမားတိုင်းက အလိုရှိကြတဲ့ ဆုဖလားတစ်လုံးပါ။ ဒါ့ကြောင့် အခုချိန်မှာ ကျွန်တော်တို့ရဲ့ ပစ်မှတ်ဟာ ဗိုလ်လုပွဲဆီကို တက်လှမ်းနိုင်ဖို့ပါပဲ ” လို့ ပြောဆိုသွားပါတယ်။ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ကစားကြမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲကိုတော့ MRTVနဲ့ MRTV Sport ရုပ်သံလိုင်းတွေမှာ အခမဲ့ ထုတ်လွှင့်မယ်လို့ သိရပါတယ်ခင်ဗျာ။